Ads (728x90)


====================================
ရတနာ ပုံအသင်း နှင့် ကစား မည့် မြန်မာ နေရှင် နယ်လိဂ် ပွဲစဉ် တွင် ရန်ကုန် ယူနိုက်တက် အသင်း အနေဖြင့် အချက် ၂ ချက်ကို အာမခံ နိုင်သည်ဟု မြန်မာ့ လက်ရွေးစင် အလယ်တန်း လူ ရန်အောင်ကျော် က ပြောကြား သည်။ ရန်ကုန် အသင်း သည် ရတနာ ပုံ အသင်း ဘက်သို့ သေချာ ပေါက် ဂိုးသွင်းနိုင် မည် ဆိုသည့် အချက် နှင့် သေချာ ပေါက် အမှတ် ရမည် ဆိုသည့် အချက် ကို အာမခံ နိုင်သည် ဟု ရန်ကုန် အလယ်တန်း လူ က ဆိုလို ခြင်း ဖြစ်သည်။

"အခု အချိန် မှာ ရန်ကုန်က ရတနာ ပုံ ထက် သာပါတယ်။ အထူး သ ဖြင့် တိုက်စစ် ပိုင်းမှာ ပိုကောင်း တယ်။ အချက် ၂ ချက် ပဲ ပြောမယ်။ သူတို့ကို ဂိုးသွင်း နိုင်မယ်၊ အမှတ် ရကို ရမယ်" ဟု ရန်အောင် ကျော်က ဆိုသည်။ ရန်ကုန် အသင်းသည် မြန်မာ နေရှင်နယ် လိဂ် ပွဲစဉ် ၄ အပြီးတွင် ရမှတ် ၁၀ မှတ်၊ သွင်းဂိုး ၁၃ ဂိုးဖြင့် အမှတ် ပေးဇယား ကို ဦးဆောင် လျှက် ရှိသည်။ ပြိုင်ပွဲ အနေဖြင့် ယခု ရာသီ တွင် ၅ ပွဲ ကစား ထားပြီး ကမ္ဘောဇ အသင်း နှင့် တစ်ပွဲသာ သရေ ကျကာ ကျန် သည့် ၄ ပွဲစလုံး အနိုင် ရခဲ့သည်။ ရန်ကုန် အသင်း သည် ပြီးခဲ့သည့် ရာသီ က ထိပ်ဆုံး ၄ သင်း စာရင်း ၀င်သော ကမ္ဘောဇ၊ ဇေယျာ ရွှေမြေ တို့နှင့် ရင်ဆိုင်ခဲ့ သည့် ပွဲများတွင် ဂိုးများ သွင်းယူ နိုင်ခဲ့ေ သာကြောင့် ရတနာပုံနှင့် ပွဲတွင်လည်း ဂိုးမရ မည့် ကိစ္စ ကို ပူစရာ မရှိဟု ရန်အောင် ကျော် က ဆိုလိုခြင်း ဖြစ်သည်။

"ကမ္ဘောဇ နဲ့ တစ်ပွဲပဲ ဂိုးရဖို့ ရုန်းကန် ခဲ့ရတယ်။ ကျန်တဲ့ပွဲ တွေမှာ ပုံမှန် ခြေ စွမ်း ရတယ်၊ ၁ ပွဲကို အနည်း ဆုံး ၂ ဂိုးသွင်း တယ်။ အဝေး ကွင်း ပွဲ ဆိုရင် လိုအပ် သလို ပုံစံ ပြောင်း ကစား လို့ရတယ်" ဟု မနော မြေ နှင့် ပွဲတွင် ၁ ဂိုးသွင်း ယူ ခဲ့သည့် ရန်ကုန် အလယ် တန်း လူက ဆိုသည်။

ရန်ကုန် အသင်း နှင့် ရတနာ ပုံ အသင်း တို့ သည် မြန်မာ နေရှင် နယ်လိဂ် ခေတ် ဦး ကတည်းက ပါဝင် ခဲ့သည့် အသင်း ကြီးများ ဖြစ်ပြီး ၂၀၁၃ ဘောလုံး ရာသီတွင် ၃ ကြိမ် ရင်ဆိုင် ခဲ့ရာ ၂ ပွဲသရေ၊ ရတနာ ပုံက ၁ ပွဲ အနိုင် ရခဲ့သည်။ "သူတို့ကို ၂-၀ နဲ့ ရှုံးခဲ့ တဲ့ပွဲ (၂၀၁၃ မြန်မာ နေရှင်နယ် လိဂ် ရှုံးထွက် ဖလားပွဲ) ခြေစွမ်း နဲ့တော့ နှိုင်း လို့ မရဘူး။ ကျွန်တော် တို့ အသင်းမှာ ကစားနေတဲ့ နိုင်ငံ ခြားသား ၄ ယောက် စလုံးက ဒေါင်ဒေါင် မြည်တွေ ပဲ။ ကျန်တဲ့ ပြည်တွင်း ကစား သမား ၇ ယောက် နေရာမှာ ဂိုးသမား တစ် နေရာက လွဲရင် လက်ရွေးစင် တွေချည်း ပဲ" ဟု ရန် အောင်ကျော် က ဆိုသည်။ ရန်ကုန် ယူနိုက်တက် နှင့် ရတနာ ပုံတို့ သည် လာမည့် မတ်လ ၂ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် မန္တလေး မြို့၊ ဗထူး ကွင်း၌ ယှဉ်ပြိုင် ကစား မည် ဖြစ်ပြီး ထိုပွဲကို Channal 7 မှ တိုက်ရိုက် ထုတ်လွှင့် မည်ဟု ကြေညာ ထားသည်။ ပွဲချိန် ၄ ပွဲ ပြီးချိန် တွင် ရန်ကုန် ရော၊ ရတနာ ပုံ ပါ ၁၀ မှတ် စီ ရရှိ ထားပြီး ရန်ကုန်က ဂိုးကွာ ခြား ချက်ဖြင့် ပထမ နေရာတွင် ရပ်တည် နေသည်။

Ref ; #YUFC ygnutd.com


Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...