------------------------------------------------------------------
မလေးရှား ကလပ် ကီလန်တန် ကို အေအက်ဖ်စီ ဖလား ပွဲစဉ်တွင် ၅-၃ ဖြင့် ဂိုးပြတ် အနိုင် ရလိုက် ခြင်းကြောင့် အလွန် ကျေနပ် အားရ မိသော် လည်း ဂိုးသမား ၏ အားနည်း ချက် အချို့ ကြောင့် စိတ်မသက် မသာ ဖြစ်ရ သည်ဟု ရန်ကုန် ယူနိုက်တက် အသင်း နည်းပြချုပ် အဲရစ် ၀ီလျံက ပွဲပြီး သတင်း စာရှင်း လင်းပွဲတွင် ပြောကြား သည်။ အေအက်ဖ်စီ ဖလား ၂၀၁၄ အုပ်စု (G) အဖွင့် ပွဲစဉ် အဖြစ် သုဝဏ္ဏ လူငယ် လေ့ကျင့် ရေးကွင်းတွင် ရန်ကုန် ယူနိုက်တက် နှင့် ကီလန်တန် တို့ ယှဉ်ပြိုင် ခဲ့ရာ ရန်ကုန် အသင်းက တိုက်စစ်မှူး ကျော်ကိုကို ၏ ဟက်ထရစ် ဂိုးအပါ အ၀င် ၅-၃ ဖြင့် အနိုင် ရခဲ့သည်။ ရန်ကုန် အတွက် ဘရာဇီး တိုက်စစ်မှူး အီမာဆင်က ၂ ဂိုး၊ ကျော်ကိုကို က ၃ ဂိုး သွင်းယူကာ ကီလန်တန် အတွက် ဘင်ဇာကာရီ က ၁ ဂိုး၊ ရက်ဒ်ဇီ က ၂ ဂိုး သွင်း ယူခဲ့ သည်။
ရန်ကုန် အသင်းသည် မြန်မာ နေရှင် နယ်လိဂ် ပွဲစဉ် များတွင် အထိုင် ကျနေသည့် လူစာ ရင်းကို သာ အပြောင်း အလဲ မလုပ် ဘဲ အသုံး ပြုခဲ့ပြီး ပွဲ အစ ၇ မိနစ်မှာ ပင် ဦးဆောင် ဂိုး ရခဲ့သည်။ ဦးဆောင် ဂိုးကို ဘရာဇီး တိုက်စစ် မှူး အီမာဆင် က သွင်းယူ ခဲ့ပြီး ရန်ကုန် အသင်း တောက်လျှောက် ခြေစွမ်း ပြကာ ပထမ ပိုင်းမှာ တင် အီမာဆင် ၂ ဂိုး၊ ကျော်ကိုကို ၁ ဂိုး သွင်းယူ ကာ ၃-၀ ဖြင့် အနိုင် ရခဲ့သည်။ ပထမ ပိုင်း ၁၆ မိနစ်တွင် ရန်ကုန် အသင်း ရသည့် ပင်နယ်တီကို ဆီဇာ ကန်သွင်း ရာ ကီလန်တန် ဂိုးသမား ချီမက် လက်စွမ်း ပြ ကာကွယ် ပုတ် ထုတ် နိုင် ခဲ့သည်။
ဒုတိယ ပိုင်း အစတွင် ကီလန်တန် အသင်းက ဘင်ဇာကာ ရီ က ချေပ ဂိုး တစ်ဂိုး သွင်းယူ ခဲ့ပြီး ရန်ကုန် တိုက် စစ် မှူး ကျော်ကိုကို က စတုတ္ထ ဂိုး သွင်းယူ ခဲ့သည်။ ထို့နောက် ကီလန်တန် က ဒုတိယ ချေပ ဂိုး သွင်းယူ နိုင် ခဲ့သလို ရန်ကုန် တိုက်စစ်မှူး ကျော်ကိုကို က ပဉ္စမ မြောက်ဂိုး သွင်းယူ ကာ ၅-၂ ဖြင့် ပွဲပြီးမည်ဟု ထင်ခဲ့ရ သော်လည်း ပွဲပြီး ကာနီးတွင် ရက်ဒ်ဇီ က တတိယ ချေပ ဂိုး သွင်း ယူနိုင် သောကြောင့် ၅-၃ ဖြင့် ရန်ကုန် အသင်း အနိုင် ရခဲ့သည်။
ပွဲပြီး သတင်းစာ ရှင်းလင်း ပွဲတွင် ရန်ကုန် နည်းပြချုပ် အဲရစ်က "ဒီပွဲက ကျွန်တော့် ရဲ့ အေအက်ဖ်စီ ပထမ ဆုံး နိုင်ပွဲ ပါ။ ဂိုးပြတ် အနိုင် ကန်နိုင်တဲ့ အတွက် ကစား သမားတွေ ရဲ့ စိတ်ဓာတ် နဲ့ စွမ်းဆောင် ရည်ကို ကျေနပ် ပါတယ်။ ဒါပေမဲ့ ပြန်ပေး ရတဲ့ ဂိုးတွေ ကြောင့် စိတ်အ နှောင့် အယှက် ဖြစ်မိ တာတော့ အမှန် ပဲ" ဟု ဆိုသည်။ ဆက်လက် ပြီး ၄င်းက အိမ်ကွင်း ပွဲစဉ်များ တွင် အမှတ် ပြည့်ရ ရန် ကြိုးစား သွားမည် ဖြစ်ကြောင်း၊ ယခု ခြေစွမ်း အတိုင်း ဆိုပါ က ရလဒ် ကောင်း များ ရမည် ဟု ယုံကြည် ကြောင်း ဆိုသည်။
ရန်ကုန် အသင်းသည် လာမည့် မတ် လ ၂ ရက်နေ့ တွင် ရတနာ ပုံ အသင်းကို မန္တလေး မြို့၌ သွားရောက် ယှဉ်ပြိုင် ရမည် ဖြစ်ပြီး ထိုပွဲနှင့် ပတ်သက်၍ ယခုလို ပြောကြား သည်။ "ရတနာ ပုံ အသင်း အတွက် ဆိုပြီး အထူး ပြင်ဆင် တာမျိုး မရှိဘူး။ ပုံမှန် အတိုင်း ပါပဲ။ ဇေယျာ ရွှေမြေ၊ ဧရာ ၀တီ ယူနိုက်တက် နဲ့ ကီလန်တန် တို့ ပွဲတွေ မှာလည်း ပုံမှန် အတိုင်း ပြင်ဆင် ခဲ့တာပဲ" ဟု အဲရစ် က ဆိုသည်။
Ref ; #YUFC ygnutd.com

Myanmar Sports New's
Posted by Aüñg Kÿáw Sôë Npg · Yesterday

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။