Ads (728x90)


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

နေပြည်တော်အသင်းသည် AFC Cup ပြိုင်ပွဲအုပ်စု(H)အဖွင့်ပွဲစဉ်အဖြစ်
Pune FC အသင်းကို အဝေးကွင်းတွင် သွားရောက်ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲကစားချိန်ပြီးဆုံးခါနီးထိ ဦးဆောင်ထားနိုင်ခဲ့သော်လည်း Pierra ၏ နောက်
ကျချေပဂိုးကြောင့် သရေ(၁)မှတ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။
နေပြည်တော်အသင်းသည် ပွဲထွက်ကစားသမားများအဖြစ် ဂိုး-ဗန်လား၊ နောက်တန်း-နေဇော်အောင်၊ အိုဘာဒင်း၊ လတ်ကိုကိုအေး၊ နီမောင်မောင်အောင်၊ အလယ်တန်း-ဂျောင်၊ ဇော်လင်း၊ တင်ဇော်မိုး၊ ဒယ်ဂါဒို၊
ချမ်းချမ်း၊ ရှေ့တန်း- ဒီပီဒီတို့ကို အသုံးပြုခဲ့သည်။
ပွဲအစပိုင်းတွင် အိမ်ရှင်အသင်း၏ ဖိအားပေးမှုကြောင့် နေပြည်တော်
အသင်းကစားကွက်တည်မရဖြစ်နေပြီး ပွဲချိန်(၉)မိနစ်တွင် Pune FC အသင်း
၏ အားထားရသည့် တိုက်စစ်မှူး မူစတာဖာ၏ ဦးဆောင်ဂိုးသွင်းယူခြင်းကို
ခံခဲ့ရသည်။ ယင်းနောက်ပိုင်း နေပြည်တော်အသင်း တိုက်စစ်ဆင်မှုပြန်လည်
ပြုလုပ်လာနိုင်ခဲ့ပြီး ဇော်လင်းက နေပြည်တော်အသင်းအတွက် ချေပဂိုးပြန်
လည်သွင်းယူပေးနိုင်ခဲ့သည်။
ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင်လည်း တစ်ဖက်နှင့်တစ်ဖက် အပြန်
အလှန်တိုက်စစ်ဆင် ကစားနိုင်ခဲ့ကြပြီး အခွင့်အရေးတစ်ချို့လွဲချော်နေခဲ့မှု
ကြောင့် သရေရလဒ်ဖြင့်သာ အကြိတ်အနယ်ယှဉ်ပြိုင်နေခဲ့ကြသည်။ ပွဲချိန်
(၈၅)မိနစ်တွင် နေပြည်တော်အသင်း လူစားဝင်ကစားသမား ခိုင်ထူးက
နေပြည်တော်အသင်းအတွက် ဦးဆောင်ဂိုးပြန်လည်သွင်းယူနိုင်ခဲ့သော်
လည်း ကြာရှည်ထိန်းသိမ်းနိုင်ခြင်းမရှိခဲ့ဘဲ ပီယာရာ၏ ချေပခြင်းကို ပြန်လည်
ခွင့်ပြုခဲ့ရသည်။ ယင်းနောက်ပိုင်း နှစ်သင်းစလုံး အခွင့်အရေးတစ်ချို့ထပ်မံ
ရရှိခဲ့သော်လည်း ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းမရှိခဲ့ဘဲ (၂-၂)ဂိုးရလဒ်ဖြင့်သာ
ပွဲပြီးဆုံးခဲ့သည်။
နေပြည်တော်အသင်းသည် အဝေးကွင်း သရေရမှတ်(၁)မှတ်ကြောင့်
AFC Cup အုပ်စု(H) အမှတ်ပေးဇယား ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။

Ref ; #MFF
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...