Ads (728x90)

 
2014 AFC Cup Group Stage
Group (G) Yangon United (Myanmar) 5-3 Kelantan (Malaysia)
Group (H) Pune FC (India) 2-2 Nay Pyi Taw (Myanmar)

  ယှဉ်ပြိုင်ကစားခဲ့သည့် 2014 AFC Cup ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မြန်မာ နေရှင်နယ်လိဂ် (MNL) ကိုယ်စားပြု နှစ်သင်းစလုံး ရလဒ်ကောင်း ပိုင်ဆိုင်နိုင်ခဲ့ကြသည်။ အိမ်ကွင်းတွင် ရန်ကုန် ယူနိုက်တက် အသင်းက မလေးရှား စူပါလိဂ် ကိုယ်စားပြု ကီလန်တန် အသင်းကို (၅-၃)ဂိုးဖြင့် အနိုင် ရရှိခဲ့ပြီး နေပြည်တော် အက်ဖ်စီ အသင်းက အဝေးကွင်းတွင် အိန္ဒိယ I-League ကိုယ်စားပြု Pune FC အသင်းနှင့် ယှဉ်ပြိုင် ကစားရာ (၂-၂)ဂိုး သရေကျခဲ့သည်။ မြန်မာ နေရှင်နယ်လိဂ် အသင်းများသည် မလေးရှား Super League ၊ အိန္ဒိယ I-League အသင်းများထက် ခြေစွမ်း မနိမ့်ကြောင်း သက်သေ ပြလိုက်နိုင်ပြီဖြစ်သည်။ မြန်မာနိုင်ငံနှင့် မြန်မာ နေရှင်နယ်လိဂ်၏ ဂုဏ်သိက္ခာကို လာမည့် ပွဲစဉ်များတွင်လည်း ယခုကဲ့သို့ ဆက်လက် မြှင့်တင်နိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါသည်။ ရန်ကုန် ယူနိုက်တက် အသင်းရော နေပြည်တော် အက်ဖ်စီ အသင်းပါ ရှေ့ဆက် ယှဉ်ပြိုင် ကစားရန် ရှိသည့် အုပ်စုပွဲစဉ်များ၊ ထိုမှသည် ရှုံးထွက်အဆင့်၊ ကွာတား ဖိုင်နယ်၊ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲ အဆင့်များတွင်ပါ ရလဒ်ကောင်းများ ပိုင်ဆိုင် နိုင်ကြပါစေဟု ဆန္ဒပြုလိုက်ပါသည်။

Ref ; #MFF



Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...