Ads (728x90)



ရန်ကုန် ယူနိုက်တက် အသင်း နှင့် AFC Cup 2014 ပွဲ ကစားရန် မလေးရှား ကလပ် ကီလန်တန် အသင်း သည် ဖေဖော်ဝါရီ လ ၂၄ ရက်နေ့၊ ညနေ ၆း၂၀ နာရီတွင် ရန်ကုန်မြို့သို့ လေကြောင်း ခရီး ဖြင့် ရောက်ရှိ လာပြီ ဖြစ်သည်။ ကီလန်တန် အသင်းကို အသင်းမန်နေဂျာ အက်ဇမန် အီဗရာဟင် က ဦးဆောင်လာပြီး အုပ်ချုပ် နည်းပြ အဖွဲ့ ၈ ဦး၊ ကစားသမား ၁၇ ဦး ပါဝင်သည်။

ပြီးခဲ့သည့် ၂၀၁၃ မလေးရှားရှုံးထွက် ပြိုင်ပွဲ တွင် ချန်ပီယံ ဖြစ်ပြီး AFC Cup ပြိုင်ပွဲ ၀င်ခွင့် ရသော ကီလန်တန် အသင်း သည် ရန်ကုန်ယူနိုက်တက် အသင်း နည်းတူ ၄င်း AFC Cup ပြိုင်ပွဲကို ၃ နှစ်ဆက် ယှဉ်ပြိုင် ခွင့် ရခြင်း ဖြစ်သည်။ အသင်းနည်းပြမှာ အင်္ဂလိပ်လူမျိုး စတိဗ် ဒါဘီ ဖြစ်ပြီး လက်ရှိ ဆောက်သမ်း မြန်မာ အသင်း နည်းပြ ကင်ဝေါ်ဒန်၊ ကမ္ဘောဇ နည်းပြ ဟောင်း ဆီဗာဂျီ တို့မှ တစ်ဆင့် မြန်မာ့ ဘောလုံး လောက အကြောင်း ကို သိရှိ ထားသူ ဖြစ်သည်။

ကီလန် တန် အသင်း သည် ၂၀၁၂ ဘောလုံးရာသီ တွင် AFC Cup ပြိုင် စတင်ဝင်ရောက်ခွင့် ရခဲ့ပြီး ကွာတား ဖိုင်နယ်အဆင့် အထိ တက်ရောက် နိုင်ခဲ့သည်။ ၂၀၁၃ ခုနှစ် တွင် ၁၆ သင်း အဆင့် အထိ တက်ရောက် နိုင်ပြီး ၄င်း ၂ နှစ်စလုံး တွင် မြန်မာ နိုင်ငံမှ နာမည် ကြီး ကလပ် အသင်း တစ်သင်း ဖြစ်သော ဧရာ ၀တီ ယူနိုက်တက် နှင့် တစ်အုပ်စု တည်း ကျရောက် ခဲ့သည်။ ယခု ၂၀၁၄ ခုနှစ်တွင် ရန်ကုန် ယူနိုက်တက် နှင့် ယှဉ်ပြိုင် ရမည်ဖြစ် ပြီး ယမန် နှစ် အတွေ့ အကြုံ များကို အကောင်းဆုံး အသုံး ချမည်ဟု အသင်း မန်နေဂျာ အီဗရာဟင် က ဆိုသည်။

ယခု ၂၀၁၄ ခုနှစ် တွင် ကီလန်တန် အသင်းသို့ ပြောင်းရွှေ့ လာသူ မလေး ရှား တိုက်စစ်မှူး ရှာကီ ကမူ ရန်ကုန် အသင်း အကြောင်း အနည်း ငယ်သာ သိထား ပြီး မြန်မာ နိုင်ငံ သို့ ပထမ ဆုံး အကြိမ် ရောက်ရှိ ခြင်း အတွက် စိတ်လှုပ် ရှားမိသည်ဟု ဆိုသည်။ “ရန်ကုန် အသင်း ကစား တဲ့ပွဲတွေ မကြည့် ဖူးပါဘူး။ ကျွန်တော်က ဒီနှစ်မှ ကီလန်တန် ကို ရောက်တာပါ။ ဒါပေမဲ့ ကျွန်တော့် ကစား ဖော်တွေ ကတော့ မြန်မာ ဘောလုံး အကြောင်း သိပါ တယ်” ဟု မလေး ရှား လက်ရွေးစင် အသင်း တိုက်စစ်မှူး ၂၅ နှစ် အရွယ် ရှာကီ က ဆိုသည်။

လက်ရှိ အချိန် တွင် ကီလန်တန် အသင်း သည် ဟိုတယ် ရန်ကုန် တွင် တည်းခိုလျှက် ရှိပြီး ပွဲကြို သတင်း စာ ရှင်းလင်း ပွဲကို ဖေဖော် ၀ါရီ လ ၂၅ ရက်နေ့၊ ညနေ ၃ နာရီမှ ၄ နာရီ အထိ ပြုလုပ် မည်ဖြစ်သည်။ ထို့နောက် Official Traning ကို ၄ နာရီ မှ ၅ နာရီ အထိ ပြုလုပ် မည်ဖြစ် ပြီး ၄း၀၀ နာရီမှ ၄း၁၅ နာရီ အထိ မီဒီယာ များ ဓာတ်ပုံ ရိုက်ကူး ခွင့် ရမည် ဖြစ်သည်။

REF ; #YUFC
(8 photos)
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...