Ads (728x90)


-----------------------------------------------------------------------

ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ နေ့လည် ၁၂ နာရီတွင် မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်း နှင့် ရန်ကုန် ယူနိုက် တက် ဘောလုံး အသင်း ကစားသမား ကြည်လင်း သည် ဒဂုံ မြို့သစ် မြောက်ပိုင်း မြို့နယ်၊ ၁၁ ရပ်ကွက်၊ တပင် ရွှေထီး လမ်း ရှိ သုခ ရိပ်မြုံ လူငယ် ဖွံ့ဖြိုး ရေး ပရဟိတ ဂေဟာ သို့ ငွေကျပ် ၅ သိန်း သွားရောက် လှူဒါန်း ခဲ့သည်။

အဆိုပါ လှူဒါန်း ခဲ့သည့် ငွေမှာ ၂၇ ကြိမ်မြောက် အရှေ့ တောင် အာရှ ဆီးဂိမ်း ပြိုင်ပွဲ ဘောလုံး ပွဲစဉ် အဖြစ် ယှဉ်ပြိုင် ကစားခဲ့ သည့် မြန်မာ - ထိုင်း ပွဲစဉ် တွင် ရရှိ ခဲ့သည့် ညာဖက် ခြေကျင်း ၀တ် ဒဏ်ရာ ကြောင့် ထိုင်း နိုင်ငံ၊ ဘန်ကောက် မြို့သို့ သွားရောက် ၍ ခွဲစိတ် ကုသမှု ခံယူ ခဲ့ရ သဖြင့် CB အာမခံ လုပ်ငန်း၊ ပထမ အမျိုး သား အာမခံ အများ နှင့် သက်ဆိုင် သော ကုမ္ပ ဏီ နှင့် မြန်မာ့ အာမခံ လုပ်ငန်း တို့မှ ရရှိ ခဲ့သည့် ကိုယ်အင်္ဂါ ထိခိုက်မှု လျော်ကြေး ငွေများ အနက်မှ တစ်ဝက် ခန့်ကို လှူဒါန်း ခဲ့ခြင်း ဖြစ်သည်။

“အခု လို ခြေထောက် ဒဏ်ရာ ကြောင့် ရရှိ ခဲ့ တဲ့ လျှော်ကြေး ငွေထဲက ၅ သိန်း ကို သုခ ရိပ်မြုံ ဂေဟာ လို နေရာ မျိုး ကို ကိုယ်တိုင် ကိုယ်ကျ လာရောက် လှူဒါန်း ခဲ့ရ လို့ ၀မ်းသာ ပီတိ ဖြစ်ရပါတယ်။ ဒီမှာ ရှိတဲ့ လူငယ် လေးတွေ ကို တွေ့ဆုံပြီး အားပေး စကား ပြောခွင့် လည်း ရခဲ့ပါတယ်။ နောက်လည်း ဒီလို လိုအပ် တဲ့ နေရာ တွေ မှာ တတ်နိုင်တဲ့ တစ်ထောင့် တစ်နေရာ က နေ ပံ့ပိုး ကူညီ ဦးမယ်လို့ စိတ်ကူး ထားပါတယ်” လို့ မြန်မာ့ လက်ရွေးစင် ကွင်းလယ်လူ ကြည်လင်း က ပြောကြား ခဲ့ပါသည်။

ဆက်လက် ပြီး သုခ ရိပ်မြုံ လူငယ် ဖွံ့ဖြိုး ရေး ပရ ဟိတ ဂေဟာ မှ တာဝန် ခံ ဦးခင် မောင်အေးက “မြန်မာ့ လက်ရွေးစင် အသင်း အတွက် အားထား ရတဲ့ ကြည်လင်း လို ကစား သမား တစ်ယောက် အခုလို ကာလ ရှည်ကြာ ဒဏ်ရာ ရခဲ့တဲ့ အတွက် စိတ်မ ကောင်းဖြစ် မိပါတယ်။ အဲဒီကမှ ရရှိ ခဲ့တဲ့ လျော်ကြေး ငွေကို ကျွန်တော် တို့ သုခ ရိပ်မြုံ ကို လှူဒါန်း ခဲ့တဲ့ အတွက် သာဓု ခေါ်ပါတယ်။ အနာဂတ် မှာ ကြည်လင်း အနေနဲ့ မြန်မာ့ လက်ရွေးစင် အသင်း နဲ့ ရန်ကုန် ယူနိုက်တက် ကလပ် အသင်းတွေ မှာ ခြေစွမ်း ပြပြီး အောင်ပွဲ များ ရယူ နိုင်ပါ စေလို့ ဆုမွန် ကောင်း တောင်းလိုက် ပါတယ်” ဟု ဆိုခဲ့သည်။

Ref ; #YUFC ygnutd.com
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...