Ads (728x90)

 

ရေးသားသူ >>>>> Mg Yazar Htut

ဘာရယ် တော့မဟုတ်ဘူး သရဲဆို စိတ်ဝင်စားလို့ ၀င်ကြည့်ဖြစ်ရင်းနဲ့ ... ကိုယ်တိုင် ကြုံခဲ့တာလေးပြောပြချင်လာလို့ပါ ...

၂၀၀၃ တုန်းက ကျနော် ၁၀ တန်း မှာ အဆောင်နေခဲ့ရတယ် ... ဘော်ဒါဆောင်ပေါ့ဗျာ ... အဆောင်က ဆောက်လက်စတိုက် ကျနော်တို့နေခဲ့တုန်းက အောက်ဆုံးတစ်ထပ်ပဲ ပြီးသေးတယ် အပေါ်မှာက တိုင်တွေပဲ ထောင်သေးတာ ... တံခါးတွေက မီးလောင်ရင်ခံနိုင်ရည်ရှိအောင် သံတံခါးတွေချည်းပဲ ပြူတင်းပေါက်ကအစ ပေါ့ ... ကပ်လျက်မှာက မိန်းကလေးတွေနေတဲ့အဆောင် အဲဒီဘက်မှာက အဆောင်ရှင် ဆရာမ မိသားစုနဲ့ မိန်းကလေးတွေနေတယ် ကျနော်တို့ ဒီဘက်မှာ က ယောကျာ်းလေးတွေ သီးသန့် ... အခန်းဖွဲ့စည်းပုံလေးပါထဲ့ပြောရမယ် ဒါမှမြင်သာထင်သာရှိမယ် ... ( အခန်း က လေးထောင့် ကျကျ ကို အလယ်က တစ်ဝက် ၀က်ပြီး အရှေ့မှာက စာသင်ဆောင် ကျန်တစ်ဝက်ကိုက နောက်ထပ် ထက်ခြမ်းခွဲပြီး အခန်း ၂ ခန်း ပြန်ဖွဲ့ ထားတယ် ... ) ကျောင်းကလည်းဖွင့်စ ဆိုတော့ လူလည်းနည်းသေးတယ် တစ်ခန်းမှာ ၈ ယောက်စီလောက်ပဲ ရှိတယ် ... ဖြစ်ပုံက ...

ကျနော် အဆောင်ဝင်ပြီး တစ်ပတ်ပြည့်တဲ့နေ့ လပြည့်နေ့လည်းဖြစ်တော့ မိန်းကလေးတွေ အဆောင်က ဘုန်းကြီးပင့်ပရိတ်ရွတ် အလှုလေးလုပ်ကြတယ်ပေါ့ဗျာ ... ဆရာမ က ကျောင်းသားတွေကို လွပ်လပ်ခွင့်ပေးတဲ့အနေနဲ့ အိမ်ပြန်ခွင့်ပေးတယ် ... နယ်ကကျောင်းသားတွေကတော့ မပြန်ရဘူးပေါ့ ... အဲ ..ကျနော် ရယ် နောက်ထပ် သူငယ်ချင်း တစ်ယောက်ရယ်က အိမ်ပြန်လို့ရပေမယ့် အဆောင်ဝင်တာလည်း ၁ ပတ် ပဲရှိသေးတော့ မပြန်တော့ဘူးဆိုနေလိုက်တယ် ... အဲဒီမှာ ကျနော်တို့ အခန်းက သူငယ်ချင်းတစ်ယောက်က ( Zayar Htay ) အိမ်ပြန်မယ် ညကျရင်တော့ပြန်လာအိပ်မယ် စောင့်နေပြီး ပြန်လာရင် တံခါးဖွင့်ပေးဖို့ မှာခဲ့တယ် ... ဒီလိုနဲ့ညရောက်တော့ ကျနော်ရယ် နောက်ထပ် သူငယ်ချင်းတစ်ယောက် ရယ်က တစ်ခန်း မျက်နှာချင်းဆိုင်အခန်းမှာ က နယ်ကျောင်းသား ၃ ယောက် ...

ည ၁၁ နာရီလောက်ရောက်တော့ စာသင်ခန်း တံခါးက ၀ုန်းဝုန်းနဲ့မြည်လာတယ် ... အဲ ဟိုကောင်ပြန်လာပြီပေါ့ တံခါးသွားဖွင့်ပေးမယ်ပေါ့ ဆိုတော့ အတူတူနေတဲ့သူငယ်ချင်းက နေဦး ဇေယျာဋေး ဆိုရင် ငါတို့နာမည်ခေါ်မှာပေါ့ တဲ့ အင်းပေါ့ သူပြောတာလည်းဟုတ်တော့ဟုတ်တယ် ပေါ့ ခဏစောင့်ကြည့်မယ် ဆိုပြီး နေတော့ အသံက တစ်ဖြည်းဖြည်း ပိုကြမ်းလာတယ် ... ဆရာမ ကြားသွားရင် ပြသနာတော့တက်တော့မှာပဲ ဘာဖြစ်ဖြစ် သွားဖွင့်ပေးလိုက်တော့မယ်ဆိုပြီး လက်နှိပ်ဓါတ်မီးယူပြီးထွက်ဖို့လုပ်နေတုန်း မျက်နှာချင်းဆိုင်အခန်းက လူတစ်ယောက်ထွက်သွားတဲ့ခြေသံကြားရတယ် .. အဲဒါနဲ့ အဖော်လိုက်သွားလိုက်မယ်လေ ဆိုပြီး ဓါတ်မီးလေးထွန်းပြီး စာသင်ခန်းထဲက ထွက်လာတော့ အရှေ့မှာ ဘယ်သူမှလည်းမရှိဘူး ဒါဆိုခုနကခြေသံကဘယ်ကလည်းပေါ့ ... အဲဒီအချိန်အထိ သရဲအခြောက်ခံရတော့မယ်ဆိုတာ မရိပ်မိသေးတာ .. (ထုံပုံများ ) အဲဒါနဲ့ ဓါတ်မီးနဲ့ ဟိုထိုးကြည့် ဒီထိုးကြည့် လုပ်တော့ အသံတွေကလည်းတိတ်ဆိတ်လို့ ဘယ်ရောက်သွားကြပါလိမ့်လို့ တွေးတုန်း .... ၀ုန်း ဆို ပြီး သံတံခါးကို ထုပါရော ...ထုတာက တံခါးတစ်ချပ်ထဲဆို ပြေးဖွင့်မိဦးမှာ အခုက တစ်ဝုန်းဝုန်းနဲ့ ရှိသမျှ တံခါးတွေ ၀ုန်း ကြတာ .. ဘယ်ပြောကောင်းမလဲ ... ပြေးတာပေါ့ ...ဓါတ်မှးတောင်ပြန်မပါဘူး အခန်းထဲ ဒိုင်ဗင်ထိုးလိုက်တာ အထဲမှာ ကျန်နေတဲ့သူငယ်ချင်း ကုတင်ပေါ်အရောက်ပဲ ...(သူ့နာမယ်က ကြောင်ကြီး ) ကြောင်ကြီးရေ ငါတိဲု့ ၂ ကောင်တော့ သရဲအခြောက်ခံရပြီကွလို့ပြောတော့ ဘာပြောတယ်မှတ်လဲ ... အေးငါသိတယ် မျက်စိမှိတ်ပြီးသာအိပ်တော့တဲ့ ဆိုပြီး သူက နံရံဘက် လှည့် သူ့မျက်နှာကို နံရံနဲ့အပ်ပြီး ဆောင်ခြုံကွေးတော့တာပဲ လက်တွေလည်းတုန် အသံတွေလည်းတုန် ... သူကတော့ဟိုဘက်လှည့်အိပ်ရဲတာပေါ့ သူ့အနောက်မှာ ကျနော် ရှိတာကိုး ကျနော် ကျတော့ သူ့ဘက်လှည့်နေရင် သူရဲကအနောက်ရောက်လာမှာ ဒါနဲ့ ကျောချင်းကပ်ပြီး တစ်ဆောင်တည်းခြုံထားလိုက်တယ် မျက်နှာလေးတော့ ဖေါ်ထားပြီး ညိမ်နေလိုက်တယ် ... ပြူတင်းပေါက်ကလည်း တံခါးမတပ်သေး ပဲ ပျဉ်ပြားတွေကို ခပ်ကြားကြားရိုက်ထားတော့ လရောင်နဲ့ ကွက်တိ အခန်းထဲ အလင်းရောင်က ၀ိုးတိုးဝါးတားနဲ့ ... တစ်အောင့်လောက်ကြာတော့ ငြီးသံလိုလို စကားသံလိုလို စကြားရတယ် ... ၂ ကောင်ဗျ ..၂ ကောင် သရဲ ၂ ကောင် တိုးတိုး တိုးတိုး နဲ့ ပြောနေတာ ဘာပြောလဲတော့ မသဲကွဲဘူး ပေါ့ ခုံတန်းတွေလည်း လဲကျသံ ၀ုန်းဒိုင်းကြဲ ... ကြောက်တာဗျာ မေးပါရိုက် နေပြီ တစ်ဂေါက်ဂေါက်နဲ့ ... ( ရှက်မနေတော့ဘူး) ၂ ကောင်သား လက်ချင်းချိတ်ပြီး မင်းကြားရလား ငါကြားနေရတယ် အေးငါလည်းကြားတယ် နဲ့ သံသရာတွေလည်
..........

ရှပ် ရှပ် ရှပ် ရှပ် ရှပ် ... စပြီ သူလာပြီ လေ အခန်းဆီကို လာနေတာ ... ရင်တွေတုန်ပြီး လာနေပြီ မင်းကြားရလား .... အင်းကြားတယ် ရောက်တော့မယ် ... ၂ ကောင်သား အသက်တောင်မရှုရဲဘူး အောင့်ထားတာ ... သတ္တိ ရှိတယ်လေ ...
ရှပ် ရှပ် ရှပ် နဲ့ စာသင်ခန်းကို ပြန်ထွက်သွား ရော ... ဟင်းခနဲ့ သက်ပြင်းချပြီး ပြန်ထွက်သွားပြီကွ လို့ တိုးတိုးလေးပြောတုန်းရှိသေးတယ် တ ရှပ် ရှပ် နဲ့ ပြန်လာပြန်ရော အခန်းဝ နားနီးလာလေ ရင် ခုန်သံတွေ ပိုကြမ်းလာလေ ... အဲ ... ပြန်ထွက်သွားပြန်ရော သက်ပြင်းလေးခိုးချ ...စာသင်ခန်းထဲမှာ ၀ုန်းဒိုင်းကျဲပြန်ရော ... ကျနော် တို့ ၂ ကောင်သား အသံတောင်မထွက်ရဲဘူး ... တအောင့်ကြာတော့ တိတ်ဆိတ်သွားတယ်
...........
.......
..
.
.
. ရှပ် .... ရှပ် ရှပ် ရှပ် ...
ပြန်လာပြန်ပြီ ဒီတစ်ခေါက်က ပိုနီးလာတယ် ... မေးရိုက်သံတွေလည်း ပိုကျယ်လာတယ်ဗျာ ... အဲဒီအချိန်မှာ ဘွားခနဲဆို အခန်းဝတဲ့တဲ့ မှာ အရပ်ရှည်ရှည် နဲ့ လူပုံဏ္ဌာန် ပေါ်လာပါလေရော ... ဘာပြောကောင်းမလဲဗျာ ကြောက်တာ မကြည့်ပဲနေရအောင်ကလည်း သရဲဆိုတော အခုမှ မြင်ဖူးတာဆိုတော့ မကြည့်ပဲမနေနိုင် ...
.......
....
...
...
ဝင် လာပါတယ် ... တည့်တည့်မတ်မတ် ကြီးကို အခန်းထဲ ၀င်လာပါတယ်
ပိုဆိုးဝါးတာကတော့ ... ကျနော် အိပ်တဲ့ ကုတင်ဇောင်းမှာ လာထိုင်ပါတယ် ...ကျနော်က ခုနကတည်းက သူငယ်ချင်း ကုတင်ကို ရောက်နေတော့ ကံကောင်းသွားပါတယ် ( မဟုတ်ရင်တော့ ဒီလိုတောင် ပြန်ပြောပြနိုင်မယ်မထင် ) တစ်ဖြည်းဖြည်းနဲ့ ကြောက်စိတ်ထက် စိုးရိမ်စိတ်တွေများလာတယ် ... ဘာလို့လဲဆိုတော့ ကုတင်ခြေရင်းမှာ ကျနော့ သေတ္တာ ..အထဲမှာ မုန့်ဖိုး တစ်လစာ ... ရင်ထဲမှာ အရမ်း မွန်းကြပ်လာတယ် ... သူခိုးလား သူရဲလား ၂ ခုထဲက ဘယ်အခုလဲပေါ့
ဒါနဲ့ အချိန် သိချင်တာနဲ့ နာရီလေးကို ဆောင်လေးထဲထည့် မီးလင်းတဲ့ ခလုတ်ကလေးနှိပ်ကြည့်တော့ ၂ နာရီကျော်ကျော်လေး ... ခြောက်တာတော်တော် ကြာ သွားပြီ ... ဘေးက သူငယ်ချင်းကလည်း တုန်လို့ကောင်းတုန်း သူ့ကိုလေးသံလေးနဲ့ ... ညှိတယ် မင်းက ဓါတ်မီးထွန်း ငါ က ထကန်မယ် ၁၂၃ ဆို ပါးစပ်ကလည်း သူခိုးဗျို့လို့အော် မယ် ပေါ့ ( သတ္တိ ကောင်းပုံက ဟင့်အင်း မလုပ်ရဲဘူးကြောက်တယ် တဲ့ သူခိုးဆိုလည်း လူတွေရောက်မလာခင် ငါတို့ ၂ ကောင်ကို လုပ်သတ်မှာ
သရဲ ဆိုရင်တော့ ငါတို့ ၂ ကောင် အသက်ရှင်စရာလမ်းကိုမရှိတော့တာတဲ့ )

..........
...
...
အင်း ဟုတ်တာပေါ့ ... ..

ဒါနဲ့ပဲ ... သရဲ ကို ပြန်ကြည့်တော့ ထိုင်ဆဲ ...
ကြောက်လည်းကြောက် ဘယလုပ်ရမှန်းလဲ မသိ ... ကြည့်ပဲနေလိုက်တော့ ၂ နာရီခွဲကျော်ကျော်လောက် မှာ ခွေးတွေ အရမ်းဆွဲဆွဲ ငင် ငင် အူသံကြားရပြီး အဲဒီ သရဲဆိုတဲ့ အရာကြီးလဲ ကြည့်နေရင်းပဲ ပြူတင်းပေါက် သစ်သားပြားတွေကြားထဲကနေ အပြင် ကို ထွက်သွားတော့တယ် ... ကျနော် လဲ အဲဒီကျမှပဲ အော် သူရဲ အစစ် ပဲဟ ဆိုပြီး သတိလစ်သွားတော့တာပါ

.........
.....
.
...
.
.
.မနက် ကျတော့ ကျောင်းသားတွေ အားလုံးပြန်ရောက်လာကြတော့ မျက်နှာချင်းဆိုင်က သူငယ်ချင်း ( Muon Kinn ) ကိုမေးတော့ သူတို့လည်းကြားပါတယ် တဲ့ ... အဲဒါကြောင့် ဆောင်ခေါင်းမြှီးခြုံကွေးလိုက်ကြပါသတဲ့ ...
ကျနော် ကတော့ တစ်ညလုံးကြုံခဲ့ရတဲ့ အဖြစ်တွေကြောင့် စိတ်ထဲဆုံးဖြတ်မိတာ ဒီ တစ်ည ထပ်ခြောက်ရင် ဒီဘ၀ ဒီအဆောင်တင်မကဘူး ဒီအဆောင်ရှိတဲ့ ဒီရပ်ကွက် ဒီလမ်းတောင် ဖြတ်မလျှောက်တော့ပါဘူးလို့ တွေးလိုက်မိတယ် ...
........
.....
...
ထပ် ပြီး မခြောက်တော့ဘူးလားဆိုတော့ ... ဟုတ်ကဲ့ ခြောက်တာမှ ညတိုင်းပါပဲ ... ဒါပေမယ့် အင်အားတောင့်တင်းလာတော့ သိတဲ့အတိုင်းပဲလေ သရဲဆိုတာ အပျင်းပြေပျော်စရာလေးလို ဖြစ်လို့
ပိုးစိုးနဲ့ ပက်စက်တွေခြောက်လေ ပျော် လေ ... တစ်ခန်းထဲမှာ အယောက် ၄၀ လောက် ပုံပြီးအိပ်ခဲ့ရတယ် ... အိမ်သာကို ၃ ၄ ယောက်လောက် စုပြီးမှ တက်ရတယ် ... မျက်နှာသစ်နေတုန်း အနောက်မှာ သရဲရောက်နေတာ ကြုံခဲ့ရတယ် ... အိမ်သာတက်နေတုန်း အပြင်မှာ သရဲ ရှိနေလို့ အော်ဟစ် အကူအညီတောင်းခဲ့ရတယ် ... ( အိမ်သာဆိုတာကလည်း အဆောင် အပြင်ဘက် ခပ်လှမ်းလှမ်းမှာ ရှိတာ ) ...

..........
....
...
..
မှတ်မှတ် ရရကတော့ ယောကျာ်းတွေပဲနေတဲ့ အဆောင်မှာ လူပေါက်စေ့ စိပ်ပတီး လည်ပင်းစွပ်ထားတဲ့ အဖြစ်လေးပါပဲ ... ကျနော်တို့အားလုံးကို ပါးစပ်တွေဟ ပြီး ဟာာာာာာာာ လို့ တစ်ပြိုင်တည်း အော်ရအောင် ကို ရွှေသရဲ မျက်လှည့်ပြသွားပါတယ် ... ပိတ်ထားတဲ့ တံခါးကို မဖွင့်ပဲ ထွက်လာပါတယ် ... ကဲ ... ဘယ်လိုခံစားရမလဲဗျာ ...

( အခု Tag လုပ်ထားတဲ့ ၂ ယောက်က ကျနော်နဲ့ တစ်ဆောင်တည်း တစ်တန်းတည်း ဆိုးဖော်ဆိုးဖက် သ၇ဲ အတူတူ အခြောက် ခံ ခဲ့တဲ့ သူငယ်ချင်းတွေပါ ... တစ်ကယ့်အဖြစ်အပျက်လေးပါ ... ဘ၀မှာ အမှတ် ရစရာလေး တစ်ခုပါပဲ ... အဲဒီအချိန်ကစလို့ သရဲတွေများ ကျနော့ကို ချစ်တယ် ထင်ပ သွားလေးရာ သရဲနဲ့ တိုးတော့တာပါပဲဗျာ ... တစ်ကယ်ဗျာ ... အခုနေတဲ့ အိမ်လည်း ...သူလည်းဘာလိုလို ပဲ ... အရမ်းဖျားနေတုန်းက တစ်ခါခြေရင်းမှာ မိန်ခလေးလာထိုင်ပြီး ခေါင်းရင်မှာ ဦးလေး တစ်ယောက်လာထိုင်တယ် ... ကျနော် က တစ်ယောက်တည်းသမားဆိုတော့ သူတို့ လာစောက်ရှောက်ပေးတယ်ထင်ပါတယ် ...
အင်း သူငယ်ချင်းတစ်ယောက်ရဲ့ ဇနီး သူတို့တွေရော သူငယ်ချင်းတစ်ချို့ ရော လာလည်ကြတုန်းကတော့ သူငယ်ချင်း ဇနီး ကို တစ်ယောက်တည်းထိုင်နေတုန်း ပါးရိုက်သွားတာ ဘယ်သူဖြစ်မလဲ

ကွန်ပျူတာမှာ သီချင်းတွေ ကျော်လိုကျော် ပိတ်လိုပိတ် ဘယ်သူ့လက်ချက်လဲ ?

Zǿrä Rx , Mg June ကျနော့ Laptop နေတုန်း Mozila မှာ Mouse Pointer တွေသွား ဟိုဖွင့်ဒီဖွင့်လုပ်တာ ဘယ်သူလဲ ?

လှေခါး အထက်နဲ့အောက် ရေသန့်ဘူးခွံ ကို ပစ်ပြီးဆော့နေတာ ဘယ်သူလဲ ...

မိန်းကလေးတစ်ယောက်ရေနစ်သေနေတယ် လို့ Mg Gang Six နားခပ်တိုးတိုးသတင်းပေးတာ ဘယ်တစ်ယောက်လဲ ?

-- ၂၀၁၂ ခရီးထွက်တုန်းက ပုဂံလမ်းပေါ်မှာ ကိုယ်ကိုယ့် ဘယ်ကားမှမကျော်ဘယ်နေရာမှာမှမနား ဘယ်ဖြတ်လမ်းမှမရှိပါပဲ ... ဘာလို့ ကားတစ်စီးတည်းကို ၃ ခေါက်တောင်ကျော် ခဲ့ရတာလဲ ?

( အားလုံး အဖြစ်မှန်လေးတွေ ချည်းပါပဲ ... ကြာတော့လည်း သူတို့နဲ့နေရတာပျော်လာပြီး သူတို့ မခြောက်တဲ့နေတွေဆို တစ်အိမ်လုံး ပတ်စိတ်တိုက်ရှာပြီး ပြန်လိုက်စ ဆဲလိုက်ဆိုလိုက်နဲ့ ... မပျင်းရတော့ပါဘူး ... )

သေချာတာကကျနော် မရူးဘူး ... ( သူငယ်ချင်းတွေလည်း အကုန်လုံးထိထားတယ်လေ ... တစ်ယောက်တည်းမဟုတ်ဘူး .. )

ကျေးဇူးတင်ပါတယ် ...


Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...