Ads (728x90)

 

ဖြစ်ရပ်မှန်လေးပါ ရွာတစ်ရွာမှာ တကယ်ဖြစ်ခဲ့တာ ရွာနံမည်တော့ မမှတ်မိတော့ပါဘူး....ဖြစ်ပုံက..........
အဲ့ဒီရွာလေးမှာ အရမ်းထူးဆန်းတဲ့ဓလေ့တစ်ခုက အသုဘတွေမှာ ပါးစပ် ဆိုင်းတီးပေးရတယ် အဲ့လို ပါးစပ် ဆိုင်းတီးတဲ့လူကိုလည်း သပ်သပ်ငှားပြီး အခကြေးငွေပေးရတယ် အရပ်စကားနဲ့ဆို ငိုချင်းချတယ်ပေါ့ရှင်
အဲ တနေ့တော့ ရွာထဲမှာ အသုဘ တစ်ခု ရှိလို့ ဆိုင်းသမားကသွားတီးပေးရတယ် သတ်မှတ် ချိန်ထိတီးအပြီးမှာ ထုံးစံအတိုင်း လာစောင့်တဲ့သူတွေ ဖဲရိုက် ကြတယ်ပေါ့ ညနက်လာတော့ ဆိုင်းသမားလည်း အဲ့မှာပဲ အိပ်ပျော် သွားတယ်.........
ဒီလိုနဲ့ ဆိုင်းသမား နိုးလာချိန်မှာ
အိမ်ရှိလူအကုန် အိပ်ပျော်နေတာတွေ့ရတယ် ဖဲရိုက် တဲ့သူတွေကအစ တစ်ယောက်မကျန် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကျတယ်တဲ့ အပြင်မှာလည်း မိုးဖွဲဖွဲလေး ကျနေချိန်ပေါ့
အဲ့ချိန်မှာ ဆိုင်းသမားကို လိပ်ပြာ လွင့်စေမတက် ကိစ္စတစ်ခု ဖြစ်ခဲ့တယ် အဲ့ဒါကတော့ အလောင်းကောင်းကြီးနိုးလာပြီး ပြေးရင်သတ်မယ် ပါးစပ်ဆိုင်းတီးပြတဲ့
ဆိုင်းသမားလည်း ကြောက်တော့ တီးပြရတယ် မပြေးရဲဘူးလေ...
ကြာလာတော့ သူလည်းအရမ်းမောလာတယ် ဒါပေမယ့် မရပ်ရဲဘူး သူခဏရပ်ရင် အလောင်းကောင်းကြီးက ရှေ့ကို တိုးတိုးလာလေလေပဲ ဒါနဲ့ ဆိုင်းဆရာလည်း ဆိုင်းသံကို ကယ်ကြပါဦး တီးလုံးနဲ့ ငယ်သံပါအောင်အော်တီးရှာတယ် ဒါလည်းအသုံးမ၀င်ခဲ့ဘူး လူအားလုံးဟာ အိပ်ငွေ့ချခံရသလို တစ်ရွာလုံးတယောက်မှ နိုးမလာပါဘူး ကြာတဲ့အခါမှာ ဆိုင်းသမားဟာ မောဟိုက်လွန်းတာကြောင့် အသံတွေပြာလာတယ် အသံတိုးတာနဲ့ အလောင်းကောင်းကြီးဟာ တစ်လှမ်းတိုးတယ် .....
နောက်ဆုံး မှာ ဆိုင်းသမားလည်း မခံနိုင်လွန်းတာကြောင့် သေရင်သေပါ့စေဆိုပြီး ထအပြေး အလောင်းကောင်ကြီးကလည်း ၀ုန်းဆို ထပြီးပြေးလိုက်တယ်.....
မရပ်မနားပြေးရင်း နောက်လှည့်ကြည့်လိုက်တော့ အားလားလား အလောင်းကောင်ကြီးက တစ်ကောင်ထဲတောင်မဟုပ်တော့ပါလား အုပ်လိုက်သင်းလိုက်ပြေးလိုက်လာကြတာများ ကလား
နောက်ဆုံး မှာ ဆိုင်းသမားဟာ ပြေးရင်း ရွာထိပ်ထိရောက်လာခဲ့တယ် နောက်မှာလဲကို မီကြတော့မယ့်အချိန်
မှာ ကြံရာမရတဲ့အဆုံး ရွားထိပ်နတ်ကွန်းထဲကို ၀င်ပြေးပါတယ်
မကောင်းဆိုးဝါး တွေဟာ နတ်ကွန်းထဲကို ၀င်လို့မရတော့ အပြင်ကနေ အော်ဟစ်ခြောက်လှန့်ကြတာပေါ့
ဆိုင်းသမားလည်း ကြောက်လွန်းလို့ နားကိုပိတ် မျက်စိ စုံမှိတ်ပြီး နေရင်း မောမောနဲ့အိပ်ပျော်သွားတော့တယ်
ဒီလိုနဲ့ မနက်လင်းတော့ သူနိုးလာလာခြင်း အသုဘအိမ်ကို ပြေးတယ် သူ့အဖြစ်ပျက်ကို ပြောပြပြီး ဒီအလောင်းကိုမြေမမြှုပ်ပဲ မီးသဂြိုဟ် ဖို့ပြောပေမယ့် တစ်ယောက်မှ မယုံကြဘူး အလောင်းကလည်း ပုံမပျက်ဘူးလေ
အဲ့အချိန်မှာ ဆိုင်းဆရာဟာ အသိတစ်ခုရပြီး မနေ့ညက မိုးရွာပါတယ် ဒီတော့ အလောင်းရဲ့ ခြေထောက်မှာသာ ရွှံ့ ဗွက် တွေပေနေခဲ့ရင် သူပြောတာကို လက်ခံပေးပါဆိုတော့ ရွာသားတွေဟာ အလောင်းမှာအုပ်ထားတဲ့ အ၀တ်ကိုဖယ် ခြေထောက်ကိုအကြည့်မှာ ရွှံ့ တွေပေနေတာတွေ့ကြရတော့ အလွန်ပဲ အံ့အားသင့် သွားကြတယ်
ဒီလိုနဲ့ပဲ ဆိုင်းဆရာ ဆန္ဒ အတိုင်း အလောင်းကို မီးသဂြိုဟ် လိုက်ကြပါတယ်
........................
ရေးသူ >>>>>> မမစေတန်


Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...