Ads (728x90)

Photo: မျိုးစောင့်ဥပဒေအတွက် လွတ်တော်တွင်တင်သွင်းခဲ့သည့်ဒေါ်ခင်ဝိုင်းကြည် (သို့) တိုင်းပြည်ကို တကယ်ချစ်သူနဲ့၊ တိုင်းတပါးကိုတကယ်ချစ်သူများ 
((((((((((((((မဖြစ်မနေဖတ်ပါ))))))))))))
******************************

အဲဒီလိုကန့်ကွက်ပြီးတော့ ဒေါ်ခင်ဝိုင်းကြည်မှ "တကယ်လို့သာဆရာတော်တွေ က မေတ္တာရပ်ခံတယ် ဆိုရင်တော့ အဲဒိအမျိုးစောင့်ဥပဒေဆိုတာထွက်လာရင် ကျွန်မကိုယ်တိုင်တင်မယ်လို့ ဆုံးဖြတ်တယ်လို့" အဲဒိမှာထပြောလိုက်ပါတယ်။

ပဲခူးတိုင်းကဦးရဲမြင့်က "နိုင်ငံတကာမှာကျွန်တော်တို့လည်းလေ့လာထားပါတယ်။ သူတို့နိုင်ငံနဲ့အခြေအနေနဲ့ သဟဇာတဖြစ်မဲ့ ဥပဒေတွေရှိပါတယ်။

ကျွန်တော်တို့နိုင်ငံလည်း ရှိသင့်ပါတယ်။ ကျွန်တော် လည်း ဒေါ်ခင်ဝိုင်းကြည်ပြောတာကို ထောက်ခံတယ်" ဆိုပြီးပြောပါတယ်။

ဦးရဲမြင့်ကလည်း ကြံ့ခိုင်ရေးကဗိုလ်မှူးကြီးဘဲ ဦးလှဆွေလည်း ကြံ့ခိုင်ရေးက ဗိုလ်မှူးကြီးပါဘဲ။အဲဒါပြီးတော့ မျိုးစောင့်ဥပဒေ ခေါင်းစဉ်နဲ့ အစည်းအဝေးလုပ်မယ်ဆိုပြီး ဖိတ်ပါတယ်။ အဲဒိအချိန်မှာ မျိုးစောင့်ဥပဒေကို NLD အနေနဲ့ စန္ဒာမင်း ဖြူဖြူသင်းတို့အဆုံး အရမ်းကန့်ကွက်နေတာဆိုတော့ နောက်ဆုံး အန်တီဝိုင်းတစ်ယောက်တည်းနဲ့ သူတို့အားလုံးနဲ့ စကားစစ်ထိုးရမယ်ဆိုတာ သိပေမဲ့ ဖိတ်ကြား မှုကိုလက်ခံခဲ့ပါတယ်။

အစည်းအဝေးမှာ NGOSက ဒေါ်စန္ဒာသန့်ကစပြောပါတယ်။ "ဒီမျိုးစောင့်ဥပဒေတင်မယ်လို့ပြောတာ သည် နိုင်ငံရေးလုပ်စားတာလို့ သူတို့ဘက်ကစွပ်စွဲမယ်တဲ့။" ပြီးတော့ "လူ့အခွင့်အရေးကိုချိုးဖောက်တယ်။ ဘယ်ပဋိညဉ်ကိုချိုးဖောက်တယ်။

စီဒေါကိုချိုးဖေါက်တယ်" ဆိုပြီး တစ်ခုပြီးတစ်ခု သူတို့ကပြောပါတယ်။ "ဒါကြီးက နိုင်ငံတော်အတွင်းမှာ ပဋိပက္ခဖြစ်အောင် ဖန်တီးတဲ့ဖန်တီးချက်ပါ ဒါကြောင့်သူတို့က လက်မခံနိုင်ဘူး" ဆိုပြီးပြောပါတယ်။သူတို့ပြောပြီး ဒေါ်ခင်ဝိုင်းကြည်မှ "ငါကိုယ်တိုင်ဘဲ မျိုးစောင့်ဥပဒေကို တင်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆရာတော်ဘုရားတွေရဲ့ရည်ရွယ်ချက်သည် အကြောင်းရှိလို့သာ ဒါကိုလုပ်တာလို့ ကိုယ်ကယုံကြည်တဲ့ အတွက်ရယ် နောက်တစ်ခါ အမျိုး ဘာသာ သာသနာနဲ့ပတ်သတ်ပြီးတော့ အခုတစ်ကမ္ဘာလုံး မှာဖြစ်နေတဲ့အခြေအနေ မြန်မာပြည်မှာဖြစ်နေတဲ့အခြေအနေ အားလုံးကိုကြည့်ပြီးတော့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး လုံလုံခြုံခြုံဖြစ်ဖို့ လိုအပ်တယ်။

တကယ်လို့သာ အားလုံးသဘောတူပြီး ဘယ်သူ့ဘယ်သူ ကိုမှမထိခိုက်တဲ့ ဥပဒေထွက်လာရင် နောင်အရှည်အတွက် သင့်တင့်ပြီးတော့ ကောင်းမွန်တဲ့ ဥပဒေကောင်းတစ်ခုဖြစ်လာနိုင်တယ်လို့ ယုံကြည်တဲ့အတွက် ဒါကိုတင်မယ်။ ငါ့ကို နိုင်ငံရေးလုပ်စား တယ်လို့စွပ်စွဲစွပ်စွဲ ဒိထက်ပြင်းထန်တဲ့ စွပ်စွဲပုတ်ခတ်မျိုးနဲ့ စွပ်စွဲလည်း ငါကလုပ်မှာ"ဟု ဒေါ်ခင်ဝိုင်းကြည်မှ ယခုလို ရဲရဲတောက်ပြောကြားခဲ့ပါသည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...