Ads (728x90)

Photo: ပထမဦးစွာ ဝန်ခံချင်တာကတော့ ကျွှန်တော်ဒါကို ကူးယူဖော်ပြတာ လူမျိုးရေးခွဲခြားတဲ့စိတ်လုံးဝမရှိပါဘူး.......သို့ပေမယ့် တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့အစည်းများကို သူပုန်ဆိုတဲ့အမြင်မျိုးပေါက်အောင် ၊ ဒီတိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့အစည်းတွေကြောင့် တိုင်းပြည်ဖွံ့ဖြိုးမှုကို အဓိကနှောက်နှေးစေတယ်ဆိုပြီး
ပြောဆိုနေကြတဲ့အပေါ်ကို အမြင်လေးတွေရှင်းသွားစေချင်တာတစ်ခုပါပဲ.......နောက်ပြီး
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဆိုတာ ကျွှန်တော်တို့ တိုင်းရင်းသား
လူမျိုးစုများရဲ့ အသဲနှလုံးတစ်ခု ၊ ကျွှန်တော်တို့ကို အကာအကွယ်ပေးမယ့် သံမဏိ
ကျောက်ဆောင် တစ်ခုပါဗျာ............( NYK )

ခင်ဗျားတို့ ခဏခဏ ပြောပြောနေတဲ့ ပင်လုံစာချုပ်ပေါ့လေ။ အခုဆို ဒုတိယပင်လုံဆိုလား၊ ဘာလား။ ထပ်လုပ်ဖို့တောင်ပြောနေကြတဲ့ ပင်လုံစာချုပ်ပေါ့။
အဲ့ဒီပင်လုံစာချုပ်ကို တိုင်းရင်းသားတွေက မချုပ်ဆိုခဲ့ဘူးဆိုရင် ဘယ်လိုဖြစ်သွားမလဲဆိုတာစဉ်းစားမိတယ်။
အဖြေကလည်း ရေရေရာရာထွက်မလာပါဘူးလေ။
တကယ်တော့ ပင်လုံစာချုပ်ဆိုတာ ဗမာနိုင်ငံကြီး ကြီးထွားအောင်လုပ်တဲ့ စာချုပ်လို့ ကျနော့်အနေနဲ့မြင်တယ်။ အင်္ဂလိပ်ခေတ်က ဗမာပြည်ကို အုပ်ချုပ်တဲ့နေရာမှာ
အောက်ဗမာပြည်၊ အထက်ဗမာပြည်ဆိုပြီး အုပ်ချုပ်ခဲ့ပေမဲ့ တောင်တန်းဒေသတွေဖြစ်တဲ့ ရှမ်း၊ ကချင်၊ ချင်း၊ ကယား၊ ကရင် စတာတွေက အင်္ဂလိပ်လက်အောက်ခံ ကိုလိုနီနယ်မြေတွေ မဟုတ်ဘူး။
သူတို့ စော်ဘွားတွေ၊ အကြီးအကဲတွေနဲ့ အုပ်ချုပ်ခဲ့တာ။ အင်္ဂလိပ်အစိုးရရဲ့ နိုင်ငံရေးအရာရှိကတော့ အခုခေတ်သံရုံးသဘောမျိုးရုံးထိုင်ပြီး စော်ဘွားတွေကို အကြံညာဏ်တွေ ပေးလေ့ရှိတယ်။
ပြောခြင်တာက တကယ်ကိုလိုနီနယ်မြေက ဗမာပြည်နဲ့ ရခိုင်ပြည်ပေါ့လေ။ ရခိုင်ပြည်ကလည်း ဘိုးတော်ဘုရားလက်ထက်မှာ ဗမာတွေသိမ်းပိုက်တာကို ခံရပြီး ဗမာပြည်ပိုင်နက်ဖြစ်သွားတာမဟုတ်လား။

ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်မှာ အင်္ဂလိပ်က သူ့ကိုလိုနီနယ်မြေတွေကို လွတ်လပ်ရေးပေးဖို့လုပ်တယ်။ လုံးဝလွတ်လပ်ရေးနဲ့ ဓနသဟာရနိုင်ငံများအစောင့်ရှောက်ခံလွတ်လပ်ရေးပေါ့။ ဗမာပြည်ကတော့
လုံးဝလွတ်လပ်ရေးယူမယ်လို့လုပ်တယ်။ အင်္ဂလိပ်ကလည်း သဘောတူတယ်။ နောက်ပြီးတော့မှ တောင်တန်းတွေကလည်း ဗမာပြည်နဲ့ အတူ လုံးဝလွတ်လပ်ရေးကို လိုခြင်ပါတယ်လို့ ဗမာပြည်ဘက်ဆိုတယ်။
ဒါဆို သဘောတူစာချုပ်ယူလာခဲ့လို့ အင်္ဂလိပ်က ပြောတာနဲ့ ၁၉၄၇ မှာ ပင်လုံစာချုပ်ဆိုတာ လုပ်တာပေါ့။ ပင်လုံစာချုပ်မှာ ဆယ်နှစ်ဗမာပြည်နဲ့ ပေါင်းကြည့်လို့ မကြိုက်ရင် ခွဲထွက်နိုင်တယ်လို့ပါတယ်။
ပင်လုံစာချုပ်မှာ သဘောတူထားတာကလည်း ဖယ်ဒရယ်ပဲ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ပဲပေါ့လေ။ နောက်တော့ ၁၉၄၇ အခြေခံဥပဒေကိုဆွဲပြီး ၄၈ မှာ လွတ်လပ်ရေးရ။
ဒါပေမဲ့ အားလုံး သိကြတဲ့ အတိုင်း ၁၉၅၈ နဲ့ ၁၉၆၂ နိုင်ငံရေးကစားကွက်တွေ၊ အပြောင်းအလဲတွေကြားမှာ ပင်လုံလည်း ပျောက်။ ဖယ်ဒရယ်လဲ မပြောရဲ။
စော်ဘွားတွေလဲ အဖမ်းခံရ။ ထွက်ပြေးရနဲ့ ။
အစကတည်းကသာ တိုင်းရင်းသားတွေအနေနဲ့ ဗမာတွေကို မယုံဘဲ ပင်လုံစာချုပ်ကိုသာ လက်မှတ်မထိုးခဲ့ဘဲ ဓနသဟာရနိုင်ငံများအဖွဲ့ဝင်အနေနဲ့သာ နေမယ်ဆိုရင်တော့ ဗမာပြည်ထက် တိုးတတ်ရင်လည်း တိုးတတ်နိုင်တယ်။
အနီးနားက အင်အားကြီးနိုင်ငံတွေ လာဝင်တိုက်လို့ ထိုင်း၊ တရုတ်၊ အိန္ဒိယပိုင်နက်ထဲလဲ ရောက်ရင်ရောက်သွားနိုင်တယ်။
ဗမာတွေအနေနဲ့လည်း ကိုယ်ဗမာပြည်လေးကိုပဲ ကိုယ်အုပ်ချုပ်ရပြီး လက်နက်ကိုင်တွေမရင်ဆိုင်ရ၊ ပြည်တွင်းစစ်မဖြစ်ရနဲ့ ဗမာပြည်ကြီးလည်း အခြားနိုင်ငံတွေလို တိုးတတ်ချင်လည်း တိုးတတ်နိုင်တာပေါ့လေ။

အခုလို ပြည်တွင်းစစ်တွေဖြစ်နေတာ၊ တိုင်းပြည်မတိုးတတ်တာတွေက ဗမာလူမျိုးကြီးဝါဒကို လက်ကိုင်ထားတဲ့ ခေါင်းဆောင်ကြီးတွေရဲ့ ကတိမတည်မှု၊ နယ်ပယ်ချဲ့ထွင်မှုတွေကြောင့်လို့ ပြောရင်လည်း မမှားဘူးထင်တာပဲ။
အစကတည်းက ကိုယ်မပိုင်ခဲ့တဲ့ တောင်တန်းဒေသတွေကို ဘာဖြစ်လို့ ဖက်တွယ်ထားဦးမှာလဲ။ ဖယ်ဒရယ်ပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပဲဖြစ်ဖြစ်ပေးလိုက်ပေါ့။
ဒါဆို ပြဿနာလည်း အေးသွားမယ်ထင်တာပဲ။

Credit To >> Zayya Sopyay
အပြည့်အစုံကို သမိုင်းဝင် ပင်လုံစာချုပ်မှာ ဆက်ပြီးလေ့လာနိုင်ကြပါတယ်.......
http://readandstudy.wordpress.com/2010/12/22/သမိုင်းဝင်-“ပင်လုံ-စာချု/
ပထမဦးစွာ ဝန်ခံချင်တာကတော့ ကျွှန်တော်ဒါကို ကူးယူဖော်ပြတာ လူမျိုးရေးခွဲခြားတဲ့စိတ်လုံးဝမရှိပါဘူး.......သို့ပေမယ့် တိုင်းရင်းသားလက်နက်ကိုင်

— with Moe Han Tha and 19 others.
 
Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...