Ads (728x90)

Photo: ကျားဆရာကြောင် လို့ဆိုကြ တယ်။ သားကောင်ရှာဖို့ အမဲလိုက် နေတဲ့ ကျားဟာအမြီးကို မထိန်း သိမ်းနိုင်လို့ ကျားလာနေတာ တော ကောင်တွေ ကြိုသိပြီး လွတ်မြောက် ကုန်ကြတယ်လို့ဆိုတယ်။ ကြောင် ကျတော့ ကျားထက်သာတာက လမ်းလျှောက်ရင် အမြီးကိုသပ်သပ် ရပ်ရပ်နဲ့ သိမ်းပြီးကိုယ်မှာကပ် ထားနိုင်တယ်။ ဒါကြောင့် ကြောင် လာတာကိုြ<ွကက်တွေ မသိနိုင်ကြ ဘူး။ ပုံပြင်ထဲမှာတော့ ဆရာဖြစ်သူ ကြောင်ကတပည့် ဖြစ်သူကျားကို ပညာသင်ပေးတဲ့အခါ အမြီးသိမ်း နည်းသင်မပေးလိုက်ဘဲဆရာစားချန် ထားရစ်ခဲ့တယ်လို့ကြားဖူးတယ်။ အခု ကျုပ်ပြောချင်တာက မြန်မာပြည်သမိုင်းမှာ အရင်တုန်းက တော့ ကျားတွေ ခြင်္သေ့တွေလို ကျားဟိန်းသံတွေနဲ့ ပုဂ္ဂိုလ်ကြီးတွေ နောင်တစ်နေ့လည်းကျရော ကျား ဟိန်းသံတွေပျောက်ပြီး ကျားကနေ ကြောင်ဖြစ်ကုန်ကြရတဲ့ ဇာတ်လမ်း ပေါ့ဗျာ။ ဒီလိုဗျာကျုပ်တို့မြန်မာရာဇဝင် တစ်လျှောက်လုံး အုပ်ချုပ်ခွင့်ရခဲ့တဲ့ လူပုဂ္ဂိုလ်တချို့တလေရဲ့ မောက်မာ မှု၊ အာဏာရှင်ဆန်မှု၊ လုပ်လို့ရတဲ့ အချိန်မှာမလုပ်ဘဲ နှောင်းမှ ထလုပ် တော့ အကျိုးမဲ့မှုတွေ အကြောင်း ပြောချင်တာပါ။ မိုးလွန်မှ ထွန်ချ သူခိုးပြေးမှ ထိုးကွင်းထ။ မိုးရွာတုန်း ရေခံ။ လသာတုန်းဗိုင်းငင်ဆိုတဲ့ စကားပုံတွေလောက်ကို တစ်နေ့ တစ်နေ့ စဉ်းစားမိရင် ဒီအဖြစ်ဆိုး တွေကျုပ်တို့ မြန်မာရာဇဝင်မှာရှိခဲ့ မှာ မဟုတ်ဘူး။ ဆင်ဖြူမရှင်မိဘုရားကြီး(စုဖု ရားလတ်ရဲ့မယ်တော်)မင်းတုန်းမင်း ကြီးနတ်ရွာမစံခင် ဖခမည်းတော်က သားတော်သမီးတော်များကိုတွေ့ချင် တယ်လို့ အမိန့်ထုတ်ပြန်ပြီး မင်း တုန်းမင်းကြီးရဲ့ သားတော်သမီး တော်တွေ(အယောက် ၄ဝ)ကို ထောင်သွင်းအကျဉ်းချပြီးသတ်ပစ် ခဲ့ကြတယ်။ အဲ့ဒီအချိန်ကမင်းတုန်း မင်းကြီးကသတိလည်းကောင်းကောင်း ရတော့တာ မဟုတ်တော့ ဘုရင့် ကိုယ်စားဆင်ဖြူမရှင် မိဘုရားကြီး ကပဲ အစစအရာရာ အုပ်ချုပ်ချယ် လှယ်နေတဲ့အချိန်ပေါ့။ ဆင်ဖြူမ ရှင်မိဖုရားကြီးက သူကိုင်တွယ်လို့ ရမယ်ထင်တဲ့ သီပေါမင်းသားကို နန်းတင်ပြီး သူ့သမီးတော်စုဖုရား ကြီး၊ စုဖုရားလတ်တို့နဲ့ လက်ဆက် စေပြီး ထီးနန်းတင်ခဲ့ကြတယ်ဗျာ။ (၇)နှစ်ပဲခံပါတယ်။ အဲ့ဒီအာဏာ စက်က ဆင်ဖြူမရှင်မိဖုရားကြီး၊ သီပေါဘုရင်၊ စုဖုရားလတ်အားလုံး ၁၈၈၅ နိုဝင်ဘာမှာတင် အင်္ဂလိပ်ရဲ့ အကျဉ်းသားဘဝနဲ့ ဂေါဝိန်ဆိပ် ကနေ အိန္ဒိယပြည် ရတနာဂီရိအထိ ပါသွားလိုက်ကြတာ။ သီပေါဘုရင် ဆို မြန်မာပြည်ကို ပြန်မရောက်နိုင် တော့ပါဘူး။ အိန္ဒိယမှာပဲ ကံတော် ကုန်ခဲ့ရတာ။ သီပေါမင်းရဲ့ ရုပ် အလောင်းကို ဂူသွင်းတဲ့အခါ အုတ်ဂူက ကမ္ဗည်းစာဟာ ပြောင်း ပြန်ဖြစ်နေတယ်။ (ဂူသွင်းတုန်းက စီစဉ်လုပ်ကိုင်သူတွေဟာ ကုလား တွေဖြစ်နေလို့ ဗမာစာမတတ်လို့ ဖြစ်ရတာပါ) သီပေါမင်းရဲ့ ပထမ သမီးတော်ဟာ ရတနာဂီရိအိမ် တော်ရဲ့ ဒရဝမ် ဂိုပါး နဲ့ညားပြီး သူ တို့ရဲ့ ဆွေစဉ်မျိုးဆက်ဟာ ဗမာ သွေးလုံးလုံးပျောက်ပြီး ကုလားတွေ ဖြစ်ကုန် ကြပါတယ်။ တော်တော်ချို့ ချို့တဲ့တဲ့ ဆင်းဆင်းရဲရဲဘဝနဲ့ရပ် တည်နေကြရပါတယ်။ အကျဉ်းသားဘဝနဲ့ ဆင်ဖြူမ ရှင် မိဖုရားကြီးလည်း သံဝေဂတွေ နောင်တတွေရပြီး ''ငါမှားတယ်'' ''ငါမှားတယ်''ဆိုပြီး နောင်တကို ရင်မှာပိုက်ပြီး ရတနာဂီရိမှာ နှစ်လ ရက်ရှည်ခံစားသွားခဲ့ကြရတယ်။ မင်းညီမင်းသားအပါး ၄ဝ ကို သတ်ခဲ့တဲ့ မြင်ကွင်းရယ်။သီပေါဘုရင် စုဖုရားလတ်နဲ့ ဆင်ဖြူမရှင်မိဖုရားကြီးတို့ ဂေါဝိန်ဆိပ်ကနေ အင်္ဂလိပ် သင်္ဘောပေါ်ကို ဂုဏ်ကျက်သရေ ညှိုးငယ်စွာ အင်္ဂလိပ်အကျဉ်း သားဘဝနဲ့ တက်သွားရတဲ့ပုံ နှစ်ပုံကို ယှဉ်ပြီးကြည့်မှ သမိုင်း ကို သံဝေဂ ရနိုင်မှာဖြစ်တယ်ဗျ။ နောက်တော့ဗိုလ်ချုပ်ကြီး နေဝင်း ၁၉၆၂ ဇူလိုင်၇ရက်မှာ ကျောင်းသား သမဂ္ဂအဆောက် အဦကိုဒိုင်းနမိုက်နဲ့ ခွဲပစ်လိုက်တာ။ လွတ်လပ်ရေး ကြိုးပမ်းမှုရဲ့တပ်ဦး မီးရှုးတန်ဆောင် သမိုင်းဝင် အဆောက်အအုံကို ဒိုင်းနမိုက်နဲ့ ခွဲတာက သူရဲ့အတွင်း အဇ္ဈတ္တ သန္တာန်မှာတောက်လောင် နေတဲ့ ဒေါသမီးတွေ၊ အာဏာဂုဏ် မောက်တာတွေ သွားတွေ့ရတယ်။ သမဂ္ဂအဆောက်အဦထဲမှာ ဘယ် ယူဂျီ၊ ဘယ်ကွန်မြူနစ်မှ မရှိမှန်း သိရက်နဲ့ သူရဲ့ဒေါသနဲ့ အာဃာတ ကြောင့် တမင်ဖျက်ဆီး ပစ်လိုက် တာ ဖြစ်ပါတယ်။ ရှိရှိသမျှကျောင်း သားတွေ၊ နိုင်ငံရေးသမားတွေ အထဲမှာ တစ်ယောက်မှမရှိတော့ မှန်းသိရဲ့သားနဲ့ ဒေါသနဲ့ အာဏာ ဆိပ်တက်ပြီး ဗုံးခွဲဖျက်ဆီးလိုက် တယ်။ နောက်တစ်နေ့မှာဗိုလ်ချုပ်ကြီး နေဝင်းက ကျောင်းသားတွေကို ''ဓားကို ဓားချင်း၊ လှံကို လှံချင်း'' ယှဉ်ပြိုင်မယ်လို့ စိန်ခေါ်လိုက် သေးတယ်။ ကျားဘဝမှာ တုန်းက ကျား ဟိန်းသံပေါ့ဗျာ။ ၁၉၇ဝနောက်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတစ်ခုမှာ တစ်ဖက်က တောင်းတဲ့ကိစ္စ မဖြစ် နိုင်တဲ့ကိစ္စမို့ ဒေါသတကြီးနဲ့ ဆွေး နွေးပွဲ စားပွဲကို မှောက်လှန်ပစ် ပြီး အခန်းထဲက ထွက်ခဲ့ဖူးတယ်။ တစ်ခါ အင်းလျားလိပ်ဟိုတယ်မှာ ပါတီက တီးခတ်နေတဲ့ ဗုံ(ဒရမ်)သံ တွေ သူခြံဘက် လေသင့်လို့ရောက် လာတော့သူ့ရဲ့ လက်ရုံးဗိုလ်မှူးချုပ် တင်ဦး(မျက်မှန်ကြီး)နဲ့ သူ့ကိုယ်ရံ တော် တပ်ကိုခေါ်ပြီး အဲ့ဒီပါတီက ဗုံတွေ(ဒရမ်တွေ)ကို ရိုက်နှက် ဖောက်ပစ်ပြီး ပွဲဖျက်လိုက်ဖူးတယ်။ အများကြီးအများကြီးပါ။ နောက်ဆုံး ၁၉၈၈ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်ခါနီးမှာ အရေးပေါ်ပါတီညီလာခံ မိန့်ခွန်း ပြောတဲ့အခါ ''စစ်တပ်ဆိုတာ ပစ်ရင်မိုးပေါ်ထောင်မပစ်ဘူး တည့်တည့်ပစ်တယ်'' ဆိုပြီး ပြည်သူတွေကို ခြိမ်းခြောက်ခဲ့တယ်။ ခြိမ်းခြောက်တဲ့အတိုင်းလည်း လက် တွေ့ပစ်ပြခဲ့တယ်။ နောက်ဆုံး ဘာတွေဖြစ်သွား သလဲ သူတင်ထားတဲ့ သူတွေပဲ သူဆင်တဲ့ ကျားကွက်တွေပဲအကွက် ဆင်တာမှားပြီး သူကိုယ်တိုင် အကျယ်ချုပ်အကျဉ်းသားဘဝနဲ့ နှစ်ရှည်နေလိုက်ရတော့တယ်။ (ချက်ကော့(ဗ်)ရဲ့ လူနာဆောင် အမှတ် ၆ ထဲက စိတ်ရောဂါကု ဆေးရုံက ဆေးရုံအုပ် ဆရာဝန်ကြီး ဘဝလိုပဲ တစ်နေ့ဆရာဝန်ကြီး ကိုယ်တိုင်လူနာဆောင် အမှတ် ၆ ထဲက လူနာအကျဉ်းသားဘဝ ပြန်ရောက်သွားခဲ့တာပါပဲ) ဗိုလ်ချုပ်ကြီးနေဝင်း အကျယ် ချုပ်ခံနေရစဉ် သူ့အချစ်ဆုံးမြေး ကျော်နေဝင်းနဲ့ တွေ့ချင်တယ်လို့ ပြောတဲ့အခါတွေ့ခွင့်မရခဲ့ဘူး (အဲ့ဒီ အချိန်မှာ ဦးနေဝင်းရဲ့ သားမက် အေးဇော်ဝင်းနဲ့ သူ့သားသုံး ယောက်လုံး အင်းစိန်အကျဉ်း ထောင်ထဲ ရောက်နေပြီဖြစ်ပါ တယ်။) နောက်ဆုံး ဦးနေဝင်းဟာ နဝတရဲ့အကျဉ်းသားဘဝနဲ့ပဲ အေဒီလမ်းခြံကြီးထဲမှာပဲ အိမ် နိမ့်ခံဘဝ၊ အကျယ်ချုပ် အကျဉ်း သားဘဝနဲ့ပဲ ဒေါသထွက်ရင်း အသက်ထွက်သွားတယ်။ သေခါ နီးမှာသူ့အပေါ်မှာဒီလိုလုပ်ရက်ကြ တယ်ဆိုတဲ့ နောင်တစိတ်၊ ဒေါသ စိတ်၊ သောကစိတ်တွေနဲ့ အသက် ထွက်သွားခဲ့ရတာ။ အသက်ထွက် ခါနီးဗုဒ္ဓဘာသာဝင်တို့ရဲ့ အကောင်း ဆုံးအသက်ထွက်သွားနိုင်ခွင့်တောင် မရခဲ့ပါဘူး။ ဆိုလိုတာက တရား ဓမ္မနဲ့အသက်ထွက်ခဲ့ ရတာမဟုတ် ဘူး။ သူသေတဲ့ သတင်းကြားတော့ မဆလ အထွေထွေအတွင်းရေးမှူး ဦးစိန်လွင်က သွားကြည့်ချင်လို့ ခွင့် တောင်းတာ ခြံစောင့် စစ်သားတွေ က ခွင့်မပြုလို့ ဦးစိန်လွင်ခမျာလည်း ဒေါသတွေ အချောင်းလိုက်ထွက်ပြီး ခေါင်းနဲ့နံရံကိုတောင် ဆောင့် ဆောင့်ပြီး အော်ဟစ်နေခဲ့တယ်လို့ သိရတယ်။ ဦးစိန်လွင်ကိုလည်းပဲ နဝတ အကျယ်ချုပ် အကျဉ်းသား ဘဝနဲ့ ထားခဲ့တာ ဖြစ်တယ်ဗျာ။ ဦးစိန်လွင်ဆိုတာက ဦးနေဝင်းပြီး ရင် အာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်ခဲ့ တာပဲ။ ဦးနေဝင်းတစ်ခုခု လုပ်ချင် ရင် စိတ်ချယုံကြည်ရတဲ့ မိုက်မိုက် ကန်းကန်းဖြစ်တဲ့ ဦးစိန်လွင်ကိုပဲ ခိုင်းခဲ့တာ။ သမဂ္ဂအဆောက်အဦဗုံးခွဲ တော့လည်း ဦးစိန်လွင်ပဲ ဥစနမအေငသည ကိုင်တွယ်ခဲ့ရတာ။ ဥစနမအေငသည ဃသာာညေိနမ လုပ်ခဲ့တာ ၁၉၈၈ မတ်လ ၁၆ ကျောင်းသားထု ရဲ့ အင်းလျားကန်ပေါင်ချီတက်ပွဲ ဖြိုခွင်းတာလည်းဦးစိန်လွင်ပဲတိုက်ရိုက် အမိန့်ပေးခဲ့တာ။ ဦးနေဝင်းရဲ့ ပါရမီ ဖြည့်ဘက်တွေဖြစ်ခဲ့ကြတာ။ ဒါပေမဲ့ နဝတအာဏာကြီး ထွားလာတော့ ဦးစိန်လွင်ဟာလည်း သူ့ဆရာ ဦးနေဝင်းလိုဘဲ အကျယ် ချုပ်ခံခဲ့ရပါတယ်။ ဦးနေဝင်းတို့ ဦးစိန်လွင်တို့ဟာ တစ်ချိန်တုန်းက ငွေစက္ကူတွေတရားမဝင်ကြောင်း ကြေညာခဲ့တာတွေ။ ဘာအမိန့် ဒီဂရီဆိုပြီး ပုံ/စိန်လွင်ဆိုပြီး ကြေညာချက်တွေ ထုတ်ခဲ့တဲ့သူတွေ ဖြစ်ပါတယ်။ ကျုပ်တို့ဘဝ တစ် လျှောက်လုံး ပုံ/နေဝင်း၊ ပုံ/စိန် လွင် ဆိုရင် ကြောက်လန့်နေရတဲ့ အာဏာရှင်ကြီးတွေပေါ့ဗျာ။ သူတို့ တွေလည်း နောက်ဆုံးမှာတော့ သူတို့ကိုယ်တိုင်မွေးခဲ့တဲ့ တပည့် အရင်းအချာတွေရဲ့ အကျဉ်း သား ဘဝတွေနဲ့ပဲ ဘဝကို အဆုံး သတ်သွားခဲ့ကြရတာ။ ဦးနေဝင်းရဲ့အသုဘကိုတောင် လိုက်ပို့မယ့်သူမရှိ။ လိုက်ပို့နိုင် ခွင့်တဲ့သူမရှိဘဲ သားသမီးတွေနဲ့ တင် လူ ၁ဝ ယောက်လောက်ပဲ ပို့တဲ့ အသုဘအဖြစ် ဇာတ်သိမ်း သွားရခဲ့တယ်။ ၁၉၄၁ ကတည်းက ဗမာ့လွတ်လပ်ရေး တပ်မတော် ရဲဘော်သုံးကျိပ် ဘဝကတည်းက ဦးနေဝင်းရဲ့ ကံကြမ္မာဟာ တရှိန်ထိုး တက်လာခဲ့တာ။ ၁၉၅၈ မှာ တစ်ခါ အာဏာသိမ်းအိမ်စောင့် အစိုးရ ခေါင်းဆောင် ၁၉၆ဝမှာပထစကို အာဏာပြန်ပေး။ ၁၉၆၂ မှာ တစ်ခါ တည်းအာဏာပြန်သိမ်း လိုက်တာ ၁၉၈၈ အထိ ၂၆ နှစ် အာဏာကို တစ်ဆက်တည်း ကိုင်စွဲ လာလိုက်တာ သူလက်ဖဝါးထဲမှာ မြန်မာပြည်ဟာ မှောက်ချင်ရင် မှောက်လိုက်။ လှန်ချင်ရင်လှန်လိုက် နိုင်တဲ့ဘဝ။ အာဏာရှင်ကြီးနောက် ဆုံး သူလည်းဆုံး။ သူသမီးသားမက် နဲ့ မြေးတွေလည်း အကျယ်ချုပ်တွေ ဖြစ်လို့ဖြစ်။ ထောင်ကျလို့ကျဖြစ် ကုန်ကြတာပဲ။ သူမြေးတွေဆို အင်း စိန်ထောင်ထဲက ကြိုးတိုက်ထဲမှာ နေရတဲ့ ဘဝ တွေရောက်ကုန်တာပဲ ဗျာ။ ကြိုးတိုက်ဆိုတာက အင်းစိန် ထောင်ထဲမှာ ရင်ခွဲတိုက်လို့ခေါ် တယ်။ သေခါနီးကြိုးသမားတွေ ထားတာ။ လျှပ်စစ်မီးမရှိဘူး။ လျှပ်စစ်မီးထားရင် ကိုယ့်ကိုကိုယ် သတ်သေမှာကြောက်လို့ မီးမထား ဘူး အမှောင်တိုက်။ ရွှေပေါ်မြတင် ဘဝနဲ့ နေခဲ့ရတဲ့ ဦးနေဝင်းမြေးတွေ ရွှေနန်းတော်ပေါ်ကနေ အင်းစိန် ထောင်ရဲ့ အမှောင်တိုက်ထဲ ရောက် ခဲ့ကြရတာ သံဝေဂပဲဗျာ။ ဦးနေဝင်းဆိုတာ ငပလီမှာ အပန်းဖြေရင်း ရန်ကုန် တာမွေ ဘက်က ဘူးသီးကြော်စားချင်လို့ဆို ပြီး လေယာဉ်ပျံလွှတ်ပြီး ရန်ကုန်က ဘူးသီးကြော်လာဝယ်ပြီး ငပလီကို ပို့ပေးရတဲ့ဘဝဗျ။ ဂျာမဏီမှာ ဆေး ရုံတက်နေရင်း သူ့မြေးကို သတိရလို့ ဆိုပြီး ဂျာမဏီကနေ စင်းလုံးငှား ထားတဲူ့က်အ့ညျေေ လုသန်ဆာ လေယာဉ်ကြီး ဂျာမဏီက ရန်ကုန် ပျံလာပြီး ရန်ကုန်ွှဃ မှာ တက် နေတဲ့ သူ့မြေးကိုတင်ပြီး ရန်ကုန် ဂျာမဏီဒီအတိုင်းပျံပေးပြီး သူ့မြေး ကို ပို့ပေးခဲ့ကြရတာ။ အဲ့ဒီလေယာဉ် အစီးလိုက် သူ့မြေးပို့ပေးရတဲ့ ငွေ တွေ။ သူဆေးကုတဲ့ငွေတွေ၊ သူ့ မြင်းလောင်းတဲ့ ငွေတွေ။ သူသုံးဖြုန်း တဲ့ငွေတွေ အားလုံးကို ကျုပ်တို့ မြန်မာပြည်က လယ်သမားတွေ သွေးချွေးနဲ့ စိုက်ပြီးရတဲ့ စပါးရောင်း ရငွေတွေ၊ ကျွန်းသစ်တွေဆီက ရောင်းရတဲ့ငွေတွေထဲက အားလုံး သုံးစွဲသွားတာဗျ။ အဲ့ဒီတုန်းက အခု လို သဘာဝဓာတ်ငွေ့တွေမထွက် သေးဘူး။ ကျွန်းသစ်နဲ့ ဆန်စပါး ရောင်းရငွေတွေကို သုံးပစ်ခဲ့တာ။ နောက်တစ်ယောက်ကျတော့ ဗိုလ်ချုပ်မှူးကြီးစောမောင် သူက လည်း အိပ်ရေးတွေပျက်ပြီးစိတ်ဖိစီး မှုတွေများလို့ စိတ်မမှန်ချင်ဖြစ်လာ တယ်။ ပုဂံဘုရားဖူးသွားတော့ အာနန္ဒာဘုရားဆင်းတုတော် ရှေ့မှာ မိနစ်ပေါင်းများစွာ ရပ်ပြီး ငိုင်ငိုင်ကြီးဒီအတိုင်း ဘာမျှမပြော ဘာမှလည်းမလှုပ်တော့ဘဲဒီအတိုင်း ငူငူကြီး ရပ်နေတွှာဠ သတင်းထဲ မှာ အဲ့ဒီတုန်းက လူတွေ သတိပြုမိ လိုက်ကြတယ်။ သူ့ကိုယ်သူ လွန်ခဲ့ တဲ့ နှစ်ပေါင်း ၉ဝဝ နီးပါက အဲ့ဒီ အာနန္ဒာဘုရားကြီးကို တည်ထား ကိုးကွယ်ခဲ့တဲ့ ကျန်စစ်သားမင်းလို့ ထင်သွားတယ်လို့ဆိုတယ်။ သူ လွန် ခဲ့တဲ့ နှစ်ပေါင်း ၉ဝဝ လောက်က နေရာကို အခုဘဝပြန်ရောက်နေ တယ်ဆိုပြီး အထင်တွေရောက်သွား တယ်လို့ ဆိုကြတယ်။ အဲ့ဒီပုဂံဘုရားဖူးကအပြန် စိတ်တွေကမောက်ကမဖြစ်လာတော့ တယ်။ တစ်မနက်မှာ စစ်ရုံးတက်ဖို့ အိမ်ကထွက်တော့ ကားထွက်ခွင့် မရတော့ဘူး အပြင်မှာ စစ်တပ်က ဝိုင်းထားလိုက်ပြီ။ ဒါနဲ့ ဗိုလ်ချုပ်မှူး ကြီးစောမောင်ဇနီး ဒေါ်အေးရီက စစ်ရုံးကိုလှမ်းမေးတော့ ဗိုလ်ချုပ်မှူး ကြီးစောမောင် ရုံးတက်စရာမလို တော့ပါဘူး။ အိမ်မှာပဲ အေးအေး ဆေးဆေးအနားယူရန်နှင့် ဆေးကု သရန်လိုပါကြောင်း အကြောင်းပြန် တယ်ပြောတယ်။ဒါကြောင့်ဒေါ်အေးရီ လည်း ဗိုလ်ချုပ်ခင်ညွန့်ဆီကို ဒေါသ တကြီး လှမ်းဆက်ပြီး အော်ဟစ်နေ ခဲ့တယ်ပြောတယ်။ အကျယ်ချုပ် ချခံရပြီးဗိုလ်ချုပ်မှူးကြီး စောမောင် ကို ကျန်းမာရေးအရ တာဝန်မှ အနားပေးလိုက်ပြီး ဗိုလ်ချုပ်ကြီး သန်းရွှေမှ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်တာဝန်ယူကြောင်း အမိန့်ကို ဗိုလ်ချုပ်ခင်ညွန့်မှ ပုံ/ ခင်ညွန့် ဆိုပြီးသတင်းစာတွေမှာ ထုတ်ပြန်ခဲ့ပါတယ်ဗျာ။ ဒါနဲ့ပဲဗိုလ်ချုပ်မှူးကြီးစောမောင် လည်း အကျယ်ချုပ်ဘဝနဲ့ပဲ စိတ် ဓာတ်တွေကျ။ ဒေါသတွေထွက် တနုံ့နုံ့နဲ့ သိပ်မကြာခင် ဆုံးသွား တော့တာပဲ။ ဗိုလ်ချုပ်မှူးကြီး စောမောင်ရဲ့အသုဘဈာပနကိုလိုက် ပို့ရဲတဲ့သူတောင်သိပ်မရှိဘူးတဲ့ဗျာ။ မင်္ဂလာဒုံစစ်သင်္ချိုင်းကို ပို့ဆောင် သဂြိုဟ်လိုက်ကြရတယ်။ ဒါနဲ့ပဲ ၁၉၈၈ စက်တင်ဘာ ၁၈ ရက် အဓိကစစ်အာဏာသိမ်းခေါင်း ဆောင်နံပါတ်တစ်ဖြစ်တဲ့ဗိုလ်ချုပ်မှူး ကြီးစောမောင်မှာ မထင်မရှားနဲ့ပဲ သူရဲ့ ဈာပနအခမ်းအနားကျင်းပ ခဲ့ရပြီး ဇာတ်သိမ်းသွားခဲ့ရတယ်ဗျာ။ နောက်တော့ ဗိုလ်ချုပ်ကြီး ခင်ညွန့် (ကျောက်တန်းဇာတိ) ဗိုလ်ချုပ်တင့်ဆွေရဲ့ ကိုယ်ရေးအရာ ရှိဖြစ်ခဲ့တယ်။ သူ့ကို သူ့ရဲ့ဆရာ ဗိုလ်ချုပ်တင့်ဆွေက ဦးနေဝင်း အနားကို ပို့ထားခဲ့တယ်။ သူ့ရဲ့ ကြိုးစားမှု နာခံမှုတို့ကြောင့် ဗိုလ်ချုပ် ကြီးနေဝင်းက သဘောကျပြီး သူရဲ့ အနားမှာထားခဲ့တယ်ဗျ။ စက်တင်ဘာ ၁၈ ၊ ၁၉၈၈ နဝတ အာဏာသိမ်းပွဲမှာဒုတိယ အရေးအကြီးဆုံးခေါင်းဆောင် နံပါတ်နှစ် ဖြစ်ခဲ့တယ်။ အဲ့ဒီကနေ အာဏာကတက်လာလိုက်တာ နဝတတစ်ခုလုံးရဲ့ ကြိုးကိုင် စီမံခန့်ခွဲ ရေးခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့ တယ်။ သူ့ရဲ့စစ်ထောက်လှမ်းရေး ကလည်း ဓားထက်နေခဲ့တာ။ စစ် ထောက်လှမ်းရေးတပ်ကြပ်ကြီး လောက်နဲ့ပိုင်ရင်တောင် မြို့နယ် တစ်ခုမှာ လုပ်ချင်တာလုပ်လို့ရ တယ်။ တပ်မတော်ကတိုင်းမှူး၊ တပ်မမှူးတွေအဆင့်လောက်က တောင် သူတို့ကို ကြောက်နေခဲ့ရ တာ။ ၁၉၈၈ ကနေ ၂ဝဝ၄ အထိ ၁၆ နှစ်အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အရေးကြီးကိစ္စတွေရဲ့ ၉ဝ%က ဗိုလ်ချုပ်ကြီး ခင်ညွန့်ရဲ့ လက်ချက် တွေချည်းပဲ။ တိုင်းရင်းသားအဖွဲ့ ၁၇ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး၊ငြိမ်းချမ်း ရေးယူတာတွေလုပ်ခဲ့တယ်။ (ဒါပေ မဲ့ တကယ့်လက်တွေ့မှာတော့ အောင်မြင်တယ်လို့ မပြောနိုင်ပါ။ ဒီနေ့အထိလည်းတိုင်းရင်းသားတွေ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ ပြီးပြတ်အောင်မြင်ခြင်းမရှိသေးပါ) ဒါပေမဲ့ ပြဿနာက ''ဝ''ပြဿနာ။ ''ဝ''နဲ့ ငြိမ်းချမ်းရေးရအောင် သူက ဈေးမတရားလျှော့ပြီး လုပ်ခဲ့တာ။ အောက်ဈေးနဲ့ ငြိမ်းချမ်းရေး ရ အောင်လုပ်ခဲ့တာ (၁၉၉၆)ခုနှစ်မှာ ဘိန်းဘုရင် ခွန်ဆာလက်နက်ချ တယ်။ ခွန်ဆာကို ရန်ကုန်မြို့မှာ အေးဆေးချမ်းချမ်းနဲ့ နေထိုင်ခွင့်ရ အောင် ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ သူ့ရဲ့ ထောက်လှမ်းရေးက စီစဉ်ပေးခဲ့ တာ။ ဒီထက်ကြီးတဲ့ ပြဿနာက ခွန်ဆာတပ်စွဲထားတဲ့ ရှမ်းပြည် တောင်ပိုင်း၊ တာချီလိတ်ခရိုင် ထိုင်း နယ်စပ်ဒေသ ဧရိယာကြီးထဲကို မြောက်ပိုင်းပန်ဆန်းက ''ဝ''တပ် တွေကို မြန်မာ့တပ်မတော်က စစ် ကားကြီးတွေနဲ့ ရှမ်းပြည်တောင်ပိုင်း ထိုင်းနယ်စပ် တာချီလိတ်ထဲကို ရွှေ့ ပြောင်းခွင့်ပေးခဲ့တာ ဗိုလ်ချုပ်ကြီး ခင်ညွန့်ရဲ့ မှားယွင်းတဲ့ ဆုံးဖြတ် ချက်ပဲဗျ။ အဲ့ဒီဆုံးဖြတ်ချက်က ဒီကနေ့ ပြည်ထာင်စု တစ်စုလုံးကို သစ္စာဖောက်သလို ဖြစ်နေပြီဗျာ။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်း သားလူမျိုး ၁၃၅ မျိုး မြန်မာပြည်ထဲ မှာ အခြေချနေထိုင်ခဲ့ကြတဲ့ ပုံစံက ရှေးပဝေသဏီနှစ်ပေါင်းများစွာ က တည်းက သူ့ဘာသာ ဝင်ရောက် အခြေချမှုပုံစံနဲ့ နေထိုင်ခဲ့ကြရတာ ဖန်တီးလို့မရဘူး။ ဥပမာ အစိုးရ ခေါင်းဆောင်တစ်ဦးက မြန်မာ လူမျိုးတွေကို ကချင်ပြည်နယ် ပူတာ အိုနယ်ထဲကိုကားကြီး ကားငယ် တွေနဲ့ မောင်းပို့ပြီး အခြေချနေထိုင် စေမယ်ဆိုရင် ဒါဟာပြည်ထောင်စု ကို သစ္စာဖောက်တာပဲ။လုပ်ခွင့်မရှိ ဘူး။ ဗိုလ်ချုပ်ကြီးခင်ညွန့် တို့ ဆုံးဖြတ်ချက်နဲ့ ''ဝ'' မြောက်ပိုင်း ကနေတာချီလိတ်ခရိုင်ထဲ မောင်းပို့ ပေးခဲ့တဲ့ သောင်းနဲ့ချီတဲ့ ''ဝ''စစ်သား တွေက အခုတောင်ပိုင်းကနေထွက် မပေးနိုင်တော့ပါဘူးလို့ အတိ အလင်းငြင်းဆိုထားပြီးပြီ။ ဒါ ထက် တစ်ဆင့် ''ဝ''လူမျိုးစုခေါင်း ဆောင် တွေက ''ဝ''အထူးအုပ်ချုပ် ခွင့်ရ တိုင်းအစား ''ဝ''ပြည်နယ်ရဖို့ တစ် ဆင့်တက်တောင်းနေကြပြီ။ ဘာ လုပ်ကြမလဲ မြောက်ပိုင်း''ဝ'' က စစ်အင်အား နှစ်သောင်းကျော်ရှိ တယ်။ တရုတ်တပ်တွေရဲ့ ထောက် ပံ့မှု အခိုင်အမာရထားတယ်။ စစ် ရဟတ်ယာဉ်တွေ၊ တင့်ကားတွ အဝေးပစ်ဟောင်ဝစ်စာအမြောက်ကြီး တွေ တပ်ဆင်ထားပြီးပြီ။ သူတို့ ''ဝ'' နယ်ထဲမှာလည်း အနည်းဆုံး လက်နက်စက်ရုံ နှစ်ရုံကနေ လေးရုံ အထိရှိနေပြီ။ ဗု ၄၇ ရုရှားလုပ် မောင်းပြန်သေနတ်တွေ အစုအပြုံ လိုက် ထုတ်လုပ်နိုင်နေပြီ။ အတည် မပြုနိုင်တဲ့ သတင်းများအရ အိန္ဒိယ နယ်စပ်က အိန္ဒိယအစိုးရကို ပုန် ကန်နေတဲ့ နာဂပြည်နယ်ခွဲထွက် ရေး သူပုန်တွေဆီကို ဒီ ဗု ၄၇ သေနတ်တွေရောင်းနေတယ်လို့ သိထားရတယ်ဗျာ။ ''ဝ''တွေက အခုဆို ထိုးစစ် လက်နက်တွေ အမြောက်အမြား ပြင်ဆင်ထားပြီးနေပြီ။ တာချီလိတ် ခရိုင်ထဲက ''ဝ''တပ်တွေ အင်အား တစ်သောင်းကျော်ရှိနေတယ်။ ပြန် ထွက်မပေးတော့ဘူး။ ငြင်းနေပြီ တာချီလိတ်ခရိုင်က ''ဝ''နယ်မှ မဟုတ်တာဗျ။ ရှမ်းပြည်နယ်အရှေ့ ပိုင်းက လားဟူတွေ၊ လီဇူးတွေ၊ အာခါတွေ၊ ပလောင်တွေရဲ့ ဒေသ နှစ်ပရိစ္ဆေဒကတည်းက သူတို့ဘာ သာနေလာခဲ့ကြတာ။ အခုမှနေ့ချင်း ညချင်း ''ဝ''တပ်တွေ ဝင်လာပြီး ''ဝ'' နယ်ဖြစ်သွားလို့ ရမလားဗျ။ ဒီလိုပဲ ''ဝ''တိုင်းရင်းသားတွေရဲ့ ဒေသထဲ ကိုလည်း တခြားရှမ်းတွေ၊ ကိုးကန့် တွေ ကချင်တွေကို အဓမ္မရွှေ့ ပြောင်း အခြေချခိုင်းလို့ မရဘူးဗျ။ သမိုင်းမြစ်၊ သမိုင်းရေစီးကြောင်းကို ကိုယ့်ဘာသာကိုယ်တူးပြီးစီးခိုင်းလို့ မရဘူးဗျ။ နောက်ဆုံးတော့ ဗိုလ်ချုပ်ကြီး ခင်ညွန့်လည်း အောက်ခြေထောက် လှမ်းရေးတပ်တွေနဲ့ ဒေသခံတိုင်း၊ တပ်မ၊ တပ်ရင်းတွေ ပြဿနာဖြစ် တာကစပြီး မီးခိုြး<ွကက်လျှောက် ဖြစ်လာလိုက်တာ နောက်ဆုံး အ ကျယ်ချုပ်ဘဝနဲ့ အကျဉ်းသား ဖြစ် သွားခဲ့ရတာပဲ။ ဗိုလ်ချုပ်ကြီးခင်ညွန့် ရဲ့ စစ်ထောက်လှမ်းရေးတွေလည်း ပြစ်ဒဏ်ကြီးကြီးတွေ ချမှတ်ခံရပြီး ထောင်ထဲရောက်ကုန်ကြရတာပါပဲ။ြီူ ခေါင်းဆောင် ဗိုလ်မှူး ကြီးဟောင်းကြည်မောင်ကအင်တာ ဗျူးတစ်ခုမှာ နုရင်ဘတ် စစ်ခုံရုံးကိစ္စ မျိုးရှိနိုင်သလားလိုမေးတဲ့ မေးခွန်းကို ဗိုလ်ခင်ညွှန့်လို့ ပုဂ္ဂိုလ်မျိုးတွေ အတွက်တော့ နုရင်ဘတ် စစ်ခုံရုံး ဆိုတာရှိနိုင်တဲ့ သဘောမျိုးဖြစ် သွားတယ်။ဒါကြောင့် ဗိုလ်ချုပ်ကြီး ခင်ညွန့်က ဦးကြည်မောင်ကို တုံ့ပြန် လိုက်တယ်။ ဦးကြည်မောင်လည်း စစ်သားကျုပ်လည်း စစ်သားပါ။ကြိုက်တဲ့နေရာမှာ ယှဉ်ရဲတယ် စသည်ဖြင့် ကျားဘဝတုန်းက ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ကျားဟိန်း သံပေါ့ဗျာ။ ဗိုလ်ချုပ်ကြီးခင်ညွန့် အာဏာ ရှိစဉ်တုန်းက ပြည်သူတွေ ထင်သ လို လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝ မရှိခဲ့ပါဘူး။ သူအထက်က ဗိုလ်ချုပ် မှူးကြီးသန်းရွှေ ဒုတိယဗိုလ်ချုပ် မှူးကြီးမောင်အေးတို့ကို ကျော်ပြီး ဘာမျှ မလုပ်ရဲမလုပ်နိုင်ခဲ့ပါဘူး တ ကယ်တော့ ဗိုလ်ချုပ်ခင်ညွန့်ဟာ နိုင်ငံရေးအမြင် နိုင်ငံရေးသဘော တရား၊ နိုင်ငံရေးသမားတစ်ယောက် ရဲ့ အရည်အသွေးမျိုးရှိသူမဟုတ်ပါ။ ထောက်လှမ်းရေးအကြီးအကဲဆိုပေ မယ့်လည်း ကိုယ့်အခြေအနေ ကိုယ့် အန္တရာယ်ကို တွက်ဆခန့်မှန်းတတ် သူမဟုတ်ပါ။ အားလုံးကို ခြုံပြောရရင်တော့ မြန်မာ့သမိုင်းမှာ နန်းမတော်မယ်နု၊ သူ့ရဲ့သမီးတော် ဆင်ဖြူမရှင်မိဖုရား ကြီး၊သီပေါဘုရင်၊ စုဖုရားလတ်၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဦးစိန်လွင်၊ ဗိုလ်ချုပ်မှူးကြီးစောမောင်နှင့် ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ရဲ့ ဇာတ် လမ်းတွေကို သံဝေဂယူကြရမယ်ဗျ။ သံဝေဂယူစေချင်တယ်။ သူတို့လုပ် လို့ရတုန်းက လုပ်ခဲ့ကြတယ်။ မိုး ကောင်းတုန်းက ရွာခဲ့ကြတယ်။ မိုး ရွာတုန်းရေမခံခဲ့ကြဘူး။ လသာ တုန်းဗိုင်းမငင်ခဲ့ကြဘူး။ သူခိုးခိုးနေ စဉ်မဖမ်းခဲ့ကြဘူး။ လွန်တော့မှ ဘာမှ လုပ်လို့မရကြတော့ဘူး။ဒေါသတွေ ယူကြုံးမရဖြစ်ခြင်းတွေ၊ နောင်တသံဝေဂတွေနဲ့ ဖြစ်ကုန်ကြ တာပဲ မဟုတ်လား။ ကျုပ်ပြောနေတာက ထင်ရှား တဲ့ သာဓကတွေနဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေပဲပြောနေတာပါ။ သိပ် မထင်ရှားတာတွေအများကြီးရှိသေး တယ်။ မြန်မာပြည်မှာက တက်လာ တဲ့ အစိုးရအဆက်ဆက်အာဏာရ လာရင် သူတို့ရဲ့ ရှေးဘဝကရေစက် တွေအကျိုးပေးတွေ၊ ဘုန်းတွေ ကံတွေနဲ့လို့ ထင်လာတတ်ကြ တယ်။ အထူးသဖြင့် အာဏာရ လာတဲ့ ခေါင်းဆောင်တွေထက် သူတို့ရဲ့ ဇနီးတွေ သားသမီးတွေက ပိုဆိုးတယ်။ ကျုပ် အာဏာရလာတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဇနီးသားသမီးတွေ တော်တော်များများနဲ့ စကားပြောဖူး တယ်။ သူတို့ရဲ့ ဖခင်တွေရဲ့ ပုခုံး ပေါ်မှာ မြန်မာပြည်ကြီးတင်ထားရ တယ်ထင်နေကြတယ်။ သူတို့ရဲ့ ပုခုံးပေါ်မှာ ထမ်းထားရတဲ့ မြန်မာ ပြည်ကြီးသူတို့ရှောင်ပေးလိုက်လို့ ခါချလိုက်ရင်မြန်မာပြည်ကြီးဟာ တစ်စစီကျကွဲသွားမယ့် ဖရဲသီး တစ် လုံးလို့ထင်နေကြတာ။ မြန်မာ ခေါင်းဆောင်တွေကိုယ်တိုင်ကလည်း ခေါင်းဆောင်တွေဖြစ်ကြပြီဆိုရင် မြန်မာပြည်ကြီးကို သူတို့ထမ်းထား ရတာ။ သူတို့ကယ်တင်ထားရတာ လို့ ထင်လာတတ်ကြတယ်။ တ ကယ် တမ်းနားလည်ထားသင့်တာ ဒီကမ္ဘာမြေကြီးကိုက သူ့ဘာသာ နေစကြဝဠာကြီးပေါက်ကွဲရာက နေ တဖြည်းဖြည်းအေးစက်သွားပြီး ဖြစ်တည်လာတာ နောက်တော့မှ သက်ရှိတွေ လူသားတွေ တိရိစ္ဆာန် တွေဖြစ်ထွန်းလာကြတာ။ဘယ်သူမှ အစကမရှိခဲ့တဲ့ကမ္ဘာကြီးမှာဘယ်သူ မှ မရှိလည်းရတယ်ဗျ။ ကမ္ဘာနဲ့ ချီပြီးပြောတာ အိုဘားမားမရှိလည်း အမေရိကန်ပြည်ထောင်စု ဘာမှမ ဖြစ်ဘူး။ နောက်ထပ် သမ္မတ တစ် ယောက်လာမှာပဲ။ ပူတင်မရှိလည်း ရုရှားရှိနေမှာပဲ။ လီစင်ပင်းမရှိလည်း တရုတ်ပြည်ရှိနေမှာပဲ။ ကျုပ်တို့ မြန်မာပြည်က အရင်ရှိတဲ့ ခေါင်း ဆောင်တွေက နောက်မှပေါ်တာ ဧရာဝတီမြစ်ကြီးက အရင်စီးနေ တာဗျ။ အစိုးရတွေ တပ်မတော် တွေ နိုင်ငံ့ခေါင်းဆောင်တွေက နောက်မှပေါ်တာ။ ဘယ်သူရှိမှဆို တာ မှားနေတာပါ။ တရားမရှိလို့ မတွေးခေါ်နိုင်တာပါ။ တရားရှိဖို့လို တယ်။ ကျုပ်မရှိလည်း မြန်မာပြည် ဘာမှမဖြစ်ဘူး။ ဘယ်ခေါင်းဆောင် မှ မရှိ ရင်လည်း မြန်မာပြည်ဘာမှ မဖြစ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်း တို့လို လင်ကွန်းတို့လို မဟတ္တမဂန္ဓီ တို့လို ပုဂ္ဂိုလ်တွေ အာဇာနည်တွေ သာအစားထိုးလို့မရတာ။ ကျုပ်တို့ အားလုံးမရှိကြတော့ဘာမှ မဖြစ်ပါ ဘူးဗျ။ ဒီသဘောတရားလေးကို နှလုံးသွင်းနိုင်ရင် ဒီကနေ့ အုပ်ချုပ် နေတဲ့ ခေါင်းဆောင်တွေ၊ တိုင်းရင်း သားခေါင်း ဆောင်တွေအားလုံး သတိတရားရကြ ရင်းလုပ်လို့ရတဲ့ အချိန်မှာ လုပ်နိုင်ရက်သားနဲ့ မလုပ် ခဲ့လို့ တိုင်းပြည်နဲ့ လူမျိုးနစ်နာရတာ တွေအတွက်လုပ် သင့်လုပ်ထိုက် တာတွေ ခပ်မြန်မြန် ခပ်သွက်သွက် နဲ့ တိုင်းပြည်ကောင်းသွားအောင် လုပ်ဖို့ လိုနေတယ်ဆိုတာ ခေါင်း ဆောင်အားလုံးကို သတိပေးလိုက် ချင်တယ်။ ဒါမှလည်း ရှေ့ကလုပ် နိုင်ရက်နဲ့ မလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေတွေ ရဲ့တရားကျစရာ ဇာတ်လမ်းတွေကို လက်ရှိခေါင်းဆောင်တွေ သူတို့ရဲ့ ဇနီး၊ သားသမီးတွေ သံဝေဂယူနိုင် ပြီး ပြည်သူလူထုအပေါ် မေတ္တာ ကရုဏာထားနိုင်ပြီး မြန်မာပြည် တိုးတက်အောင်ဆောင် ရွက်နိုင်မှာ ဖြစ်တယ်ဗျ။ သေဆုံးသွားတဲ့အခါ အားလုံးထားခဲ့ကြရမှာပဲဗျ။ ရေဝေး က မီးသဂြိုဟ်စက်ခေါင်းတိုင်ပေါ် က ထွက်လာတဲ့ မီးခိုးငွေ့ကလေးက လေထဲမှာ စက္ကန့်အနည်းငယ်မြင် တွေ့ခွင့်ရကြမှာပါ။ မြေကြီးပေါ်မှာ အုတ်ဂူလုပ်ရင်တောင်ဘယ်လောက် ပဲကြီးကျယ်တဲ့ ချမ်းသာတဲ့အာဏာ ရှိတဲ့ သူပဲဖြစ်ဖြစ် ၆ ပေ ၂ ပေမြေ ကွက်တစ်ကွက်ပဲသေချာပါတယ်။ မသေခင်က မြေဧကသောင်းနဲ့ချီ သိန်းနဲ့ချီပိုင်ရင်လည်း သေတော့ ၆ ပေ ၂ ပေပဲ အများဆုံးရမှာ။ မြန်မာ့သမိုင်းအဆက်ဆက် မှာ အာဏာအစွမ်းထက်ခဲ့ကြသော လူပုဂ္ဂိုလ်များ၏ ဇာတ်လမ်းသံဝေဂ ကို လက်ရှိအာဏာရပုဂ္ဂိုလ်များနှင့် နောင်အာဏာရမည့် ပုဂ္ဂိုလ် အား လုံး သံဝေဂ ယူနိုင်ကြပါစေဗျာ။ 

By  : သတိုးစည်သူ

Credit To>>>The Sunlight Weekly News<<<Thank You For Your Posts>>>Reposting>>>Chitthu Sky
သားကောင်ရှာဖို့ အမဲလိုက် နေတဲ့ ကျားဟာအမြီးကို မထိန်း သိမ်းနိုင်လို့ ကျားလာနေတာ တော ကောင်တွေ ကြိုသိပြီး လွတ်မြောက် ကုန်ကြတယ်လို့ဆိုတယ်။ ကြောင် ကျတော့ ကျားထက်သာတာက လမ်းလျှောက်ရင် အမြီးကိုသပ်သပ် ရပ်ရပ်နဲ့ သိမ်းပြီးကိုယ်မှာကပ် ထားနိုင်တယ်။ ဒါကြောင့် ကြောင် လာတာကိုြ<ွကက်တွေ မသိနိုင်ကြ ဘူး။ ပုံပြင်ထဲမှာတော့ ဆရာဖြစ်သူ ကြောင်ကတပည့် ဖြစ်သူကျားကို ပညာသင်ပေးတဲ့အခါ အမြီးသိမ်း နည်းသင်မပေးလိုက်ဘဲဆရာစားချန် ထားရစ်ခဲ့တယ်လို့ကြားဖူးတယ်။ အခု ကျုပ်ပြောချင်တာက မြန်မာပြည်သမိုင်းမှာ အရင်တုန်းက တော့ ကျားတွေ ခြင်္သေ့တွေလို ကျားဟိန်းသံတွေနဲ့ ပုဂ္ဂိုလ်ကြီးတွေ နောင်တစ်နေ့လည်းကျရော ကျား ဟိန်းသံတွေပျောက်ပြီး ကျားကနေ ကြောင်ဖြစ်ကုန်ကြရတဲ့ ဇာတ်လမ်း ပေါ့ဗျာ။ ဒီလိုဗျာကျုပ်တို့မြန်မာရာဇဝင် တစ်လျှောက်လုံး အုပ်ချုပ်ခွင့်ရခဲ့တဲ့ လူပုဂ္ဂိုလ်တချို့တလေရဲ့ မောက်မာ မှု၊ အာဏာရှင်ဆန်မှု၊ လုပ်လို့ရတဲ့ အချိန်မှာမလုပ်ဘဲ နှောင်းမှ ထလုပ် တော့ အကျိုးမဲ့မှုတွေ အကြောင်း ပြောချင်တာပါ။ မိုးလွန်မှ ထွန်ချ သူခိုးပြေးမှ ထိုးကွင်းထ။ မိုးရွာတုန်း ရေခံ။ လသာတုန်းဗိုင်းငင်ဆိုတဲ့ စကားပုံတွေလောက်ကို တစ်နေ့ တစ်နေ့ စဉ်းစားမိရင် ဒီအဖြစ်ဆိုး တွေကျုပ်တို့ မြန်မာရာဇဝင်မှာရှိခဲ့ မှာ မဟုတ်ဘူး။ ဆင်ဖြူမရှင်မိဘုရားကြီး(စုဖု ရားလတ်ရဲ့မယ်တော်)မင်းတုန်းမင်း ကြီးနတ်ရွာမစံခင် ဖခမည်းတော်က သားတော်သမီးတော်များကိုတွေ့ချင် တယ်လို့ အမိန့်ထုတ်ပြန်ပြီး မင်း တုန်းမင်းကြီးရဲ့ သားတော်သမီး တော်တွေ(အယောက် ၄ဝ)ကို ထောင်သွင်းအကျဉ်းချပြီးသတ်ပစ် ခဲ့ကြတယ်။ အဲ့ဒီအချိန်ကမင်းတုန်း မင်းကြီးကသတိလည်းကောင်းကောင်း ရတော့တာ မဟုတ်တော့ ဘုရင့် ကိုယ်စားဆင်ဖြူမရှင် မိဘုရားကြီး ကပဲ အစစအရာရာ အုပ်ချုပ်ချယ် လှယ်နေတဲ့အချိန်ပေါ့။ ဆင်ဖြူမ ရှင်မိဖုရားကြီးက သူကိုင်တွယ်လို့ ရမယ်ထင်တဲ့ သီပေါမင်းသားကို နန်းတင်ပြီး သူ့သမီးတော်စုဖုရား ကြီး၊ စုဖုရားလတ်တို့နဲ့ လက်ဆက် စေပြီး ထီးနန်းတင်ခဲ့ကြတယ်ဗျာ။ (၇)နှစ်ပဲခံပါတယ်။ အဲ့ဒီအာဏာ စက်က ဆင်ဖြူမရှင်မိဖုရားကြီး၊ သီပေါဘုရင်၊ စုဖုရားလတ်အားလုံး ၁၈၈၅ နိုဝင်ဘာမှာတင် အင်္ဂလိပ်ရဲ့ အကျဉ်းသားဘဝနဲ့ ဂေါဝိန်ဆိပ် ကနေ အိန္ဒိယပြည် ရတနာဂီရိအထိ ပါသွားလိုက်ကြတာ။ သီပေါဘုရင် ဆို မြန်မာပြည်ကို ပြန်မရောက်နိုင် တော့ပါဘူး။ အိန္ဒိယမှာပဲ ကံတော် ကုန်ခဲ့ရတာ။ သီပေါမင်းရဲ့ ရုပ် အလောင်းကို ဂူသွင်းတဲ့အခါ အုတ်ဂူက ကမ္ဗည်းစာဟာ ပြောင်း ပြန်ဖြစ်နေတယ်။ (ဂူသွင်းတုန်းက စီစဉ်လုပ်ကိုင်သူတွေဟာ ကုလား တွေဖြစ်နေလို့ ဗမာစာမတတ်လို့ ဖြစ်ရတာပါ) သီပေါမင်းရဲ့ ပထမ သမီးတော်ဟာ ရတနာဂီရိအိမ် တော်ရဲ့ ဒရဝမ် ဂိုပါး နဲ့ညားပြီး သူ တို့ရဲ့ ဆွေစဉ်မျိုးဆက်ဟာ ဗမာ သွေးလုံးလုံးပျောက်ပြီး ကုလားတွေ ဖြစ်ကုန် ကြပါတယ်။ တော်တော်ချို့ ချို့တဲ့တဲ့ ဆင်းဆင်းရဲရဲဘဝနဲ့ရပ် တည်နေကြရပါတယ်။ အကျဉ်းသားဘဝနဲ့ ဆင်ဖြူမ ရှင် မိဖုရားကြီးလည်း သံဝေဂတွေ နောင်တတွေရပြီး ''ငါမှားတယ်'' ''ငါမှားတယ်''ဆိုပြီး နောင်တကို ရင်မှာပိုက်ပြီး ရတနာဂီရိမှာ နှစ်လ ရက်ရှည်ခံစားသွားခဲ့ကြရတယ်။ မင်းညီမင်းသားအပါး ၄ဝ ကို သတ်ခဲ့တဲ့ မြင်ကွင်းရယ်။သီပေါဘုရင် စုဖုရားလတ်နဲ့ ဆင်ဖြူမရှင်မိဖုရားကြီးတို့ ဂေါဝိန်ဆိပ်ကနေ အင်္ဂလိပ် သင်္ဘောပေါ်ကို ဂုဏ်ကျက်သရေ ညှိုးငယ်စွာ အင်္ဂလိပ်အကျဉ်း သားဘဝနဲ့ တက်သွားရတဲ့ပုံ နှစ်ပုံကို ယှဉ်ပြီးကြည့်မှ သမိုင်း ကို သံဝေဂ ရနိုင်မှာဖြစ်တယ်ဗျ။ နောက်တော့ဗိုလ်ချုပ်ကြီး နေဝင်း ၁၉၆၂ ဇူလိုင်၇ရက်မှာ ကျောင်းသား သမဂ္ဂအဆောက် အဦကိုဒိုင်းနမိုက်နဲ့ ခွဲပစ်လိုက်တာ။ လွတ်လပ်ရေး ကြိုးပမ်းမှုရဲ့တပ်ဦး မီးရှုးတန်ဆောင် သမိုင်းဝင် အဆောက်အအုံကို ဒိုင်းနမိုက်နဲ့ ခွဲတာက သူရဲ့အတွင်း အဇ္ဈတ္တ သန္တာန်မှာတောက်လောင် နေတဲ့ ဒေါသမီးတွေ၊ အာဏာဂုဏ် မောက်တာတွေ သွားတွေ့ရတယ်။ သမဂ္ဂအဆောက်အဦထဲမှာ ဘယ် ယူဂျီ၊ ဘယ်ကွန်မြူနစ်မှ မရှိမှန်း သိရက်နဲ့ သူရဲ့ဒေါသနဲ့ အာဃာတ ကြောင့် တမင်ဖျက်ဆီး ပစ်လိုက် တာ ဖြစ်ပါတယ်။ ရှိရှိသမျှကျောင်း သားတွေ၊ နိုင်ငံရေးသမားတွေ အထဲမှာ တစ်ယောက်မှမရှိတော့ မှန်းသိရဲ့သားနဲ့ ဒေါသနဲ့ အာဏာ ဆိပ်တက်ပြီး ဗုံးခွဲဖျက်ဆီးလိုက် တယ်။ နောက်တစ်နေ့မှာဗိုလ်ချုပ်ကြီး နေဝင်းက ကျောင်းသားတွေကို ''ဓားကို ဓားချင်း၊ လှံကို လှံချင်း'' ယှဉ်ပြိုင်မယ်လို့ စိန်ခေါ်လိုက် သေးတယ်။ ကျားဘဝမှာ တုန်းက ကျား ဟိန်းသံပေါ့ဗျာ။ ၁၉၇ဝနောက်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတစ်ခုမှာ တစ်ဖက်က တောင်းတဲ့ကိစ္စ မဖြစ် နိုင်တဲ့ကိစ္စမို့ ဒေါသတကြီးနဲ့ ဆွေး နွေးပွဲ စားပွဲကို မှောက်လှန်ပစ် ပြီး အခန်းထဲက ထွက်ခဲ့ဖူးတယ်။ တစ်ခါ အင်းလျားလိပ်ဟိုတယ်မှာ ပါတီက တီးခတ်နေတဲ့ ဗုံ(ဒရမ်)သံ တွေ သူခြံဘက် လေသင့်လို့ရောက် လာတော့သူ့ရဲ့ လက်ရုံးဗိုလ်မှူးချုပ် တင်ဦး(မျက်မှန်ကြီး)နဲ့ သူ့ကိုယ်ရံ တော် တပ်ကိုခေါ်ပြီး အဲ့ဒီပါတီက ဗုံတွေ(ဒရမ်တွေ)ကို ရိုက်နှက် ဖောက်ပစ်ပြီး ပွဲဖျက်လိုက်ဖူးတယ်။ အများကြီးအများကြီးပါ။ နောက်ဆုံး ၁၉၈၈ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်ခါနီးမှာ အရေးပေါ်ပါတီညီလာခံ မိန့်ခွန်း ပြောတဲ့အခါ ''စစ်တပ်ဆိုတာ ပစ်ရင်မိုးပေါ်ထောင်မပစ်ဘူး တည့်တည့်ပစ်တယ်'' ဆိုပြီး ပြည်သူတွေကို ခြိမ်းခြောက်ခဲ့တယ်။ ခြိမ်းခြောက်တဲ့အတိုင်းလည်း လက် တွေ့ပစ်ပြခဲ့တယ်။ နောက်ဆုံး ဘာတွေဖြစ်သွား သလဲ သူတင်ထားတဲ့ သူတွေပဲ သူဆင်တဲ့ ကျားကွက်တွေပဲအကွက် ဆင်တာမှားပြီး သူကိုယ်တိုင် အကျယ်ချုပ်အကျဉ်းသားဘဝနဲ့ နှစ်ရှည်နေလိုက်ရတော့တယ်။ (ချက်ကော့(ဗ်)ရဲ့ လူနာဆောင် အမှတ် ၆ ထဲက စိတ်ရောဂါကု ဆေးရုံက ဆေးရုံအုပ် ဆရာဝန်ကြီး ဘဝလိုပဲ တစ်နေ့ဆရာဝန်ကြီး ကိုယ်တိုင်လူနာဆောင် အမှတ် ၆ ထဲက လူနာအကျဉ်းသားဘဝ ပြန်ရောက်သွားခဲ့တာပါပဲ) ဗိုလ်ချုပ်ကြီးနေဝင်း အကျယ် ချုပ်ခံနေရစဉ် သူ့အချစ်ဆုံးမြေး ကျော်နေဝင်းနဲ့ တွေ့ချင်တယ်လို့ ပြောတဲ့အခါတွေ့ခွင့်မရခဲ့ဘူး (အဲ့ဒီ အချိန်မှာ ဦးနေဝင်းရဲ့ သားမက် အေးဇော်ဝင်းနဲ့ သူ့သားသုံး ယောက်လုံး အင်းစိန်အကျဉ်း ထောင်ထဲ ရောက်နေပြီဖြစ်ပါ တယ်။) နောက်ဆုံး ဦးနေဝင်းဟာ နဝတရဲ့အကျဉ်းသားဘဝနဲ့ပဲ အေဒီလမ်းခြံကြီးထဲမှာပဲ အိမ် နိမ့်ခံဘဝ၊ အကျယ်ချုပ် အကျဉ်း သားဘဝနဲ့ပဲ ဒေါသထွက်ရင်း အသက်ထွက်သွားတယ်။ သေခါ နီးမှာသူ့အပေါ်မှာဒီလိုလုပ်ရက်ကြ တယ်ဆိုတဲ့ နောင်တစိတ်၊ ဒေါသ စိတ်၊ သောကစိတ်တွေနဲ့ အသက် ထွက်သွားခဲ့ရတာ။ အသက်ထွက် ခါနီးဗုဒ္ဓဘာသာဝင်တို့ရဲ့ အကောင်း ဆုံးအသက်ထွက်သွားနိုင်ခွင့်တောင် မရခဲ့ပါဘူး။ ဆိုလိုတာက တရား ဓမ္မနဲ့အသက်ထွက်ခဲ့ ရတာမဟုတ် ဘူး။ သူသေတဲ့ သတင်းကြားတော့ မဆလ အထွေထွေအတွင်းရေးမှူး ဦးစိန်လွင်က သွားကြည့်ချင်လို့ ခွင့် တောင်းတာ ခြံစောင့် စစ်သားတွေ က ခွင့်မပြုလို့ ဦးစိန်လွင်ခမျာလည်း ဒေါသတွေ အချောင်းလိုက်ထွက်ပြီး ခေါင်းနဲ့နံရံကိုတောင် ဆောင့် ဆောင့်ပြီး အော်ဟစ်နေခဲ့တယ်လို့ သိရတယ်။ ဦးစိန်လွင်ကိုလည်းပဲ နဝတ အကျယ်ချုပ် အကျဉ်းသား ဘဝနဲ့ ထားခဲ့တာ ဖြစ်တယ်ဗျာ။ ဦးစိန်လွင်ဆိုတာက ဦးနေဝင်းပြီး ရင် အာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်ခဲ့ တာပဲ။ ဦးနေဝင်းတစ်ခုခု လုပ်ချင် ရင် စိတ်ချယုံကြည်ရတဲ့ မိုက်မိုက် ကန်းကန်းဖြစ်တဲ့ ဦးစိန်လွင်ကိုပဲ ခိုင်းခဲ့တာ။ သမဂ္ဂအဆောက်အဦဗုံးခွဲ တော့လည်း ဦးစိန်လွင်ပဲ ဥစနမအေငသည ကိုင်တွယ်ခဲ့ရတာ။ ဥစနမအေငသည ဃသာာညေိနမ လုပ်ခဲ့တာ ၁၉၈၈ မတ်လ ၁၆ ကျောင်းသားထု ရဲ့ အင်းလျားကန်ပေါင်ချီတက်ပွဲ ဖြိုခွင်းတာလည်းဦးစိန်လွင်ပဲတိုက်ရိုက် အမိန့်ပေးခဲ့တာ။ ဦးနေဝင်းရဲ့ ပါရမီ ဖြည့်ဘက်တွေဖြစ်ခဲ့ကြတာ။ ဒါပေမဲ့ နဝတအာဏာကြီး ထွားလာတော့ ဦးစိန်လွင်ဟာလည်း သူ့ဆရာ ဦးနေဝင်းလိုဘဲ အကျယ် ချုပ်ခံခဲ့ရပါတယ်။ ဦးနေဝင်းတို့ ဦးစိန်လွင်တို့ဟာ တစ်ချိန်တုန်းက ငွေစက္ကူတွေတရားမဝင်ကြောင်း ကြေညာခဲ့တာတွေ။ ဘာအမိန့် ဒီဂရီဆိုပြီး ပုံ/စိန်လွင်ဆိုပြီး ကြေညာချက်တွေ ထုတ်ခဲ့တဲ့သူတွေ ဖြစ်ပါတယ်။ ကျုပ်တို့ဘဝ တစ် လျှောက်လုံး ပုံ/နေဝင်း၊ ပုံ/စိန် လွင် ဆိုရင် ကြောက်လန့်နေရတဲ့ အာဏာရှင်ကြီးတွေပေါ့ဗျာ။ သူတို့ တွေလည်း နောက်ဆုံးမှာတော့ သူတို့ကိုယ်တိုင်မွေးခဲ့တဲ့ တပည့် အရင်းအချာတွေရဲ့ အကျဉ်း သား ဘဝတွေနဲ့ပဲ ဘဝကို အဆုံး သတ်သွားခဲ့ကြရတာ။ ဦးနေဝင်းရဲ့အသုဘကိုတောင် လိုက်ပို့မယ့်သူမရှိ။ လိုက်ပို့နိုင် ခွင့်တဲ့သူမရှိဘဲ သားသမီးတွေနဲ့ တင် လူ ၁ဝ ယောက်လောက်ပဲ ပို့တဲ့ အသုဘအဖြစ် ဇာတ်သိမ်း သွားရခဲ့တယ်။ ၁၉၄၁ ကတည်းက ဗမာ့လွတ်လပ်ရေး တပ်မတော် ရဲဘော်သုံးကျိပ် ဘဝကတည်းက ဦးနေဝင်းရဲ့ ကံကြမ္မာဟာ တရှိန်ထိုး တက်လာခဲ့တာ။ ၁၉၅၈ မှာ တစ်ခါ အာဏာသိမ်းအိမ်စောင့် အစိုးရ ခေါင်းဆောင် ၁၉၆ဝမှာပထစကို အာဏာပြန်ပေး။ ၁၉၆၂ မှာ တစ်ခါ တည်းအာဏာပြန်သိမ်း လိုက်တာ ၁၉၈၈ အထိ ၂၆ နှစ် အာဏာကို တစ်ဆက်တည်း ကိုင်စွဲ လာလိုက်တာ သူလက်ဖဝါးထဲမှာ မြန်မာပြည်ဟာ မှောက်ချင်ရင် မှောက်လိုက်။ လှန်ချင်ရင်လှန်လိုက် နိုင်တဲ့ဘဝ။ အာဏာရှင်ကြီးနောက် ဆုံး သူလည်းဆုံး။ သူသမီးသားမက် နဲ့ မြေးတွေလည်း အကျယ်ချုပ်တွေ ဖြစ်လို့ဖြစ်။ ထောင်ကျလို့ကျဖြစ် ကုန်ကြတာပဲ။ သူမြေးတွေဆို အင်း စိန်ထောင်ထဲက ကြိုးတိုက်ထဲမှာ နေရတဲ့ ဘဝ တွေရောက်ကုန်တာပဲ ဗျာ။ ကြိုးတိုက်ဆိုတာက အင်းစိန် ထောင်ထဲမှာ ရင်ခွဲတိုက်လို့ခေါ် တယ်။ သေခါနီးကြိုးသမားတွေ ထားတာ။ လျှပ်စစ်မီးမရှိဘူး။ လျှပ်စစ်မီးထားရင် ကိုယ့်ကိုကိုယ် သတ်သေမှာကြောက်လို့ မီးမထား ဘူး အမှောင်တိုက်။ ရွှေပေါ်မြတင် ဘဝနဲ့ နေခဲ့ရတဲ့ ဦးနေဝင်းမြေးတွေ ရွှေနန်းတော်ပေါ်ကနေ အင်းစိန် ထောင်ရဲ့ အမှောင်တိုက်ထဲ ရောက် ခဲ့ကြရတာ သံဝေဂပဲဗျာ။ ဦးနေဝင်းဆိုတာ ငပလီမှာ အပန်းဖြေရင်း ရန်ကုန် တာမွေ ဘက်က ဘူးသီးကြော်စားချင်လို့ဆို ပြီး လေယာဉ်ပျံလွှတ်ပြီး ရန်ကုန်က ဘူးသီးကြော်လာဝယ်ပြီး ငပလီကို ပို့ပေးရတဲ့ဘဝဗျ။ ဂျာမဏီမှာ ဆေး ရုံတက်နေရင်း သူ့မြေးကို သတိရလို့ ဆိုပြီး ဂျာမဏီကနေ စင်းလုံးငှား ထားတဲူ့က်အ့ညျေေ လုသန်ဆာ လေယာဉ်ကြီး ဂျာမဏီက ရန်ကုန် ပျံလာပြီး ရန်ကုန်ွှဃ မှာ တက် နေတဲ့ သူ့မြေးကိုတင်ပြီး ရန်ကုန် ဂျာမဏီဒီအတိုင်းပျံပေးပြီး သူ့မြေး ကို ပို့ပေးခဲ့ကြရတာ။ အဲ့ဒီလေယာဉ် အစီးလိုက် သူ့မြေးပို့ပေးရတဲ့ ငွေ တွေ။ သူဆေးကုတဲ့ငွေတွေ၊ သူ့ မြင်းလောင်းတဲ့ ငွေတွေ။ သူသုံးဖြုန်း တဲ့ငွေတွေ အားလုံးကို ကျုပ်တို့ မြန်မာပြည်က လယ်သမားတွေ သွေးချွေးနဲ့ စိုက်ပြီးရတဲ့ စပါးရောင်း ရငွေတွေ၊ ကျွန်းသစ်တွေဆီက ရောင်းရတဲ့ငွေတွေထဲက အားလုံး သုံးစွဲသွားတာဗျ။ အဲ့ဒီတုန်းက အခု လို သဘာဝဓာတ်ငွေ့တွေမထွက် သေးဘူး။ ကျွန်းသစ်နဲ့ ဆန်စပါး ရောင်းရငွေတွေကို သုံးပစ်ခဲ့တာ။ နောက်တစ်ယောက်ကျတော့ ဗိုလ်ချုပ်မှူးကြီးစောမောင် သူက လည်း အိပ်ရေးတွေပျက်ပြီးစိတ်ဖိစီး မှုတွေများလို့ စိတ်မမှန်ချင်ဖြစ်လာ တယ်။ ပုဂံဘုရားဖူးသွားတော့ အာနန္ဒာဘုရားဆင်းတုတော် ရှေ့မှာ မိနစ်ပေါင်းများစွာ ရပ်ပြီး ငိုင်ငိုင်ကြီးဒီအတိုင်း ဘာမျှမပြော ဘာမှလည်းမလှုပ်တော့ဘဲဒီအတိုင်း ငူငူကြီး ရပ်နေတွှာဠ သတင်းထဲ မှာ အဲ့ဒီတုန်းက လူတွေ သတိပြုမိ လိုက်ကြတယ်။ သူ့ကိုယ်သူ လွန်ခဲ့ တဲ့ နှစ်ပေါင်း ၉ဝဝ နီးပါက အဲ့ဒီ အာနန္ဒာဘုရားကြီးကို တည်ထား ကိုးကွယ်ခဲ့တဲ့ ကျန်စစ်သားမင်းလို့ ထင်သွားတယ်လို့ဆိုတယ်။ သူ လွန် ခဲ့တဲ့ နှစ်ပေါင်း ၉ဝဝ လောက်က နေရာကို အခုဘဝပြန်ရောက်နေ တယ်ဆိုပြီး အထင်တွေရောက်သွား တယ်လို့ ဆိုကြတယ်။ အဲ့ဒီပုဂံဘုရားဖူးကအပြန် စိတ်တွေကမောက်ကမဖြစ်လာတော့ တယ်။ တစ်မနက်မှာ စစ်ရုံးတက်ဖို့ အိမ်ကထွက်တော့ ကားထွက်ခွင့် မရတော့ဘူး အပြင်မှာ စစ်တပ်က ဝိုင်းထားလိုက်ပြီ။ ဒါနဲ့ ဗိုလ်ချုပ်မှူး ကြီးစောမောင်ဇနီး ဒေါ်အေးရီက စစ်ရုံးကိုလှမ်းမေးတော့ ဗိုလ်ချုပ်မှူး ကြီးစောမောင် ရုံးတက်စရာမလို တော့ပါဘူး။ အိမ်မှာပဲ အေးအေး ဆေးဆေးအနားယူရန်နှင့် ဆေးကု သရန်လိုပါကြောင်း အကြောင်းပြန် တယ်ပြောတယ်။ဒါကြောင့်ဒေါ်အေးရီ လည်း ဗိုလ်ချုပ်ခင်ညွန့်ဆီကို ဒေါသ တကြီး လှမ်းဆက်ပြီး အော်ဟစ်နေ ခဲ့တယ်ပြောတယ်။ အကျယ်ချုပ် ချခံရပြီးဗိုလ်ချုပ်မှူးကြီး စောမောင် ကို ကျန်းမာရေးအရ တာဝန်မှ အနားပေးလိုက်ပြီး ဗိုလ်ချုပ်ကြီး သန်းရွှေမှ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်တာဝန်ယူကြောင်း အမိန့်ကို ဗိုလ်ချုပ်ခင်ညွန့်မှ ပုံ/ ခင်ညွန့် ဆိုပြီးသတင်းစာတွေမှာ ထုတ်ပြန်ခဲ့ပါတယ်ဗျာ။ ဒါနဲ့ပဲဗိုလ်ချုပ်မှူးကြီးစောမောင် လည်း အကျယ်ချုပ်ဘဝနဲ့ပဲ စိတ် ဓာတ်တွေကျ။ ဒေါသတွေထွက် တနုံ့နုံ့နဲ့ သိပ်မကြာခင် ဆုံးသွား တော့တာပဲ။ ဗိုလ်ချုပ်မှူးကြီး စောမောင်ရဲ့အသုဘဈာပနကိုလိုက် ပို့ရဲတဲ့သူတောင်သိပ်မရှိဘူးတဲ့ဗျာ။ မင်္ဂလာဒုံစစ်သင်္ချိုင်းကို ပို့ဆောင် သဂြိုဟ်လိုက်ကြရတယ်။ ဒါနဲ့ပဲ ၁၉၈၈ စက်တင်ဘာ ၁၈ ရက် အဓိကစစ်အာဏာသိမ်းခေါင်း ဆောင်နံပါတ်တစ်ဖြစ်တဲ့ဗိုလ်ချုပ်မှူး ကြီးစောမောင်မှာ မထင်မရှားနဲ့ပဲ သူရဲ့ ဈာပနအခမ်းအနားကျင်းပ ခဲ့ရပြီး ဇာတ်သိမ်းသွားခဲ့ရတယ်ဗျာ။ နောက်တော့ ဗိုလ်ချုပ်ကြီး ခင်ညွန့် (ကျောက်တန်းဇာတိ) ဗိုလ်ချုပ်တင့်ဆွေရဲ့ ကိုယ်ရေးအရာ ရှိဖြစ်ခဲ့တယ်။ သူ့ကို သူ့ရဲ့ဆရာ ဗိုလ်ချုပ်တင့်ဆွေက ဦးနေဝင်း အနားကို ပို့ထားခဲ့တယ်။ သူ့ရဲ့ ကြိုးစားမှု နာခံမှုတို့ကြောင့် ဗိုလ်ချုပ် ကြီးနေဝင်းက သဘောကျပြီး သူရဲ့ အနားမှာထားခဲ့တယ်ဗျ။ စက်တင်ဘာ ၁၈ ၊ ၁၉၈၈ နဝတ အာဏာသိမ်းပွဲမှာဒုတိယ အရေးအကြီးဆုံးခေါင်းဆောင် နံပါတ်နှစ် ဖြစ်ခဲ့တယ်။ အဲ့ဒီကနေ အာဏာကတက်လာလိုက်တာ နဝတတစ်ခုလုံးရဲ့ ကြိုးကိုင် စီမံခန့်ခွဲ ရေးခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့ တယ်။ သူ့ရဲ့စစ်ထောက်လှမ်းရေး ကလည်း ဓားထက်နေခဲ့တာ။ စစ် ထောက်လှမ်းရေးတပ်ကြပ်ကြီး လောက်နဲ့ပိုင်ရင်တောင် မြို့နယ် တစ်ခုမှာ လုပ်ချင်တာလုပ်လို့ရ တယ်။ တပ်မတော်ကတိုင်းမှူး၊ တပ်မမှူးတွေအဆင့်လောက်က တောင် သူတို့ကို ကြောက်နေခဲ့ရ တာ။ ၁၉၈၈ ကနေ ၂ဝဝ၄ အထိ ၁၆ နှစ်အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အရေးကြီးကိစ္စတွေရဲ့ ၉ဝ%က ဗိုလ်ချုပ်ကြီး ခင်ညွန့်ရဲ့ လက်ချက် တွေချည်းပဲ။ တိုင်းရင်းသားအဖွဲ့ ၁၇ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး၊ငြိမ်းချမ်း ရေးယူတာတွေလုပ်ခဲ့တယ်။ (ဒါပေ မဲ့ တကယ့်လက်တွေ့မှာတော့ အောင်မြင်တယ်လို့ မပြောနိုင်ပါ။ ဒီနေ့အထိလည်းတိုင်းရင်းသားတွေ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ ပြီးပြတ်အောင်မြင်ခြင်းမရှိသေးပါ) ဒါပေမဲ့ ပြဿနာက ''ဝ''ပြဿနာ။ ''ဝ''နဲ့ ငြိမ်းချမ်းရေးရအောင် သူက ဈေးမတရားလျှော့ပြီး လုပ်ခဲ့တာ။ အောက်ဈေးနဲ့ ငြိမ်းချမ်းရေး ရ အောင်လုပ်ခဲ့တာ (၁၉၉၆)ခုနှစ်မှာ ဘိန်းဘုရင် ခွန်ဆာလက်နက်ချ တယ်။ ခွန်ဆာကို ရန်ကုန်မြို့မှာ အေးဆေးချမ်းချမ်းနဲ့ နေထိုင်ခွင့်ရ အောင် ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ သူ့ရဲ့ ထောက်လှမ်းရေးက စီစဉ်ပေးခဲ့ တာ။ ဒီထက်ကြီးတဲ့ ပြဿနာက ခွန်ဆာတပ်စွဲထားတဲ့ ရှမ်းပြည် တောင်ပိုင်း၊ တာချီလိတ်ခရိုင် ထိုင်း နယ်စပ်ဒေသ ဧရိယာကြီးထဲကို မြောက်ပိုင်းပန်ဆန်းက ''ဝ''တပ် တွေကို မြန်မာ့တပ်မတော်က စစ် ကားကြီးတွေနဲ့ ရှမ်းပြည်တောင်ပိုင်း ထိုင်းနယ်စပ် တာချီလိတ်ထဲကို ရွှေ့ ပြောင်းခွင့်ပေးခဲ့တာ ဗိုလ်ချုပ်ကြီး ခင်ညွန့်ရဲ့ မှားယွင်းတဲ့ ဆုံးဖြတ် ချက်ပဲဗျ။ အဲ့ဒီဆုံးဖြတ်ချက်က ဒီကနေ့ ပြည်ထာင်စု တစ်စုလုံးကို သစ္စာဖောက်သလို ဖြစ်နေပြီဗျာ။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်း သားလူမျိုး ၁၃၅ မျိုး မြန်မာပြည်ထဲ မှာ အခြေချနေထိုင်ခဲ့ကြတဲ့ ပုံစံက ရှေးပဝေသဏီနှစ်ပေါင်းများစွာ က တည်းက သူ့ဘာသာ ဝင်ရောက် အခြေချမှုပုံစံနဲ့ နေထိုင်ခဲ့ကြရတာ ဖန်တီးလို့မရဘူး။ ဥပမာ အစိုးရ ခေါင်းဆောင်တစ်ဦးက မြန်မာ လူမျိုးတွေကို ကချင်ပြည်နယ် ပူတာ အိုနယ်ထဲကိုကားကြီး ကားငယ် တွေနဲ့ မောင်းပို့ပြီး အခြေချနေထိုင် စေမယ်ဆိုရင် ဒါဟာပြည်ထောင်စု ကို သစ္စာဖောက်တာပဲ။လုပ်ခွင့်မရှိ ဘူး။ ဗိုလ်ချုပ်ကြီးခင်ညွန့် တို့ ဆုံးဖြတ်ချက်နဲ့ ''ဝ'' မြောက်ပိုင်း ကနေတာချီလိတ်ခရိုင်ထဲ မောင်းပို့ ပေးခဲ့တဲ့ သောင်းနဲ့ချီတဲ့ ''ဝ''စစ်သား တွေက အခုတောင်ပိုင်းကနေထွက် မပေးနိုင်တော့ပါဘူးလို့ အတိ အလင်းငြင်းဆိုထားပြီးပြီ။ ဒါ ထက် တစ်ဆင့် ''ဝ''လူမျိုးစုခေါင်း ဆောင် တွေက ''ဝ''အထူးအုပ်ချုပ် ခွင့်ရ တိုင်းအစား ''ဝ''ပြည်နယ်ရဖို့ တစ် ဆင့်တက်တောင်းနေကြပြီ။ ဘာ လုပ်ကြမလဲ မြောက်ပိုင်း''ဝ'' က စစ်အင်အား နှစ်သောင်းကျော်ရှိ တယ်။ တရုတ်တပ်တွေရဲ့ ထောက် ပံ့မှု အခိုင်အမာရထားတယ်။ စစ် ရဟတ်ယာဉ်တွေ၊ တင့်ကားတွ အဝေးပစ်ဟောင်ဝစ်စာအမြောက်ကြီး တွေ တပ်ဆင်ထားပြီးပြီ။ သူတို့ ''ဝ'' နယ်ထဲမှာလည်း အနည်းဆုံး လက်နက်စက်ရုံ နှစ်ရုံကနေ လေးရုံ အထိရှိနေပြီ။ ဗု ၄၇ ရုရှားလုပ် မောင်းပြန်သေနတ်တွေ အစုအပြုံ လိုက် ထုတ်လုပ်နိုင်နေပြီ။ အတည် မပြုနိုင်တဲ့ သတင်းများအရ အိန္ဒိယ နယ်စပ်က အိန္ဒိယအစိုးရကို ပုန် ကန်နေတဲ့ နာဂပြည်နယ်ခွဲထွက် ရေး သူပုန်တွေဆီကို ဒီ ဗု ၄၇ သေနတ်တွေရောင်းနေတယ်လို့ သိထားရတယ်ဗျာ။ ''ဝ''တွေက အခုဆို ထိုးစစ် လက်နက်တွေ အမြောက်အမြား ပြင်ဆင်ထားပြီးနေပြီ။ တာချီလိတ် ခရိုင်ထဲက ''ဝ''တပ်တွေ အင်အား တစ်သောင်းကျော်ရှိနေတယ်။ ပြန် ထွက်မပေးတော့ဘူး။ ငြင်းနေပြီ တာချီလိတ်ခရိုင်က ''ဝ''နယ်မှ မဟုတ်တာဗျ။ ရှမ်းပြည်နယ်အရှေ့ ပိုင်းက လားဟူတွေ၊ လီဇူးတွေ၊ အာခါတွေ၊ ပလောင်တွေရဲ့ ဒေသ နှစ်ပရိစ္ဆေဒကတည်းက သူတို့ဘာ သာနေလာခဲ့ကြတာ။ အခုမှနေ့ချင်း ညချင်း ''ဝ''တပ်တွေ ဝင်လာပြီး ''ဝ'' နယ်ဖြစ်သွားလို့ ရမလားဗျ။ ဒီလိုပဲ ''ဝ''တိုင်းရင်းသားတွေရဲ့ ဒေသထဲ ကိုလည်း တခြားရှမ်းတွေ၊ ကိုးကန့် တွေ ကချင်တွေကို အဓမ္မရွှေ့ ပြောင်း အခြေချခိုင်းလို့ မရဘူးဗျ။ သမိုင်းမြစ်၊ သမိုင်းရေစီးကြောင်းကို ကိုယ့်ဘာသာကိုယ်တူးပြီးစီးခိုင်းလို့ မရဘူးဗျ။ နောက်ဆုံးတော့ ဗိုလ်ချုပ်ကြီး ခင်ညွန့်လည်း အောက်ခြေထောက် လှမ်းရေးတပ်တွေနဲ့ ဒေသခံတိုင်း၊ တပ်မ၊ တပ်ရင်းတွေ ပြဿနာဖြစ် တာကစပြီး မီးခိုြး<ွကက်လျှောက် ဖြစ်လာလိုက်တာ နောက်ဆုံး အ ကျယ်ချုပ်ဘဝနဲ့ အကျဉ်းသား ဖြစ် သွားခဲ့ရတာပဲ။ ဗိုလ်ချုပ်ကြီးခင်ညွန့် ရဲ့ စစ်ထောက်လှမ်းရေးတွေလည်း ပြစ်ဒဏ်ကြီးကြီးတွေ ချမှတ်ခံရပြီး ထောင်ထဲရောက်ကုန်ကြရတာပါပဲ။ြီူ ခေါင်းဆောင် ဗိုလ်မှူး ကြီးဟောင်းကြည်မောင်ကအင်တာ ဗျူးတစ်ခုမှာ နုရင်ဘတ် စစ်ခုံရုံးကိစ္စ မျိုးရှိနိုင်သလားလိုမေးတဲ့ မေးခွန်းကို ဗိုလ်ခင်ညွှန့်လို့ ပုဂ္ဂိုလ်မျိုးတွေ အတွက်တော့ နုရင်ဘတ် စစ်ခုံရုံး ဆိုတာရှိနိုင်တဲ့ သဘောမျိုးဖြစ် သွားတယ်။ဒါကြောင့် ဗိုလ်ချုပ်ကြီး ခင်ညွန့်က ဦးကြည်မောင်ကို တုံ့ပြန် လိုက်တယ်။ ဦးကြည်မောင်လည်း စစ်သားကျုပ်လည်း စစ်သားပါ။ကြိုက်တဲ့နေရာမှာ ယှဉ်ရဲတယ် စသည်ဖြင့် ကျားဘဝတုန်းက ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ကျားဟိန်း သံပေါ့ဗျာ။ ဗိုလ်ချုပ်ကြီးခင်ညွန့် အာဏာ ရှိစဉ်တုန်းက ပြည်သူတွေ ထင်သ လို လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝ မရှိခဲ့ပါဘူး။ သူအထက်က ဗိုလ်ချုပ် မှူးကြီးသန်းရွှေ ဒုတိယဗိုလ်ချုပ် မှူးကြီးမောင်အေးတို့ကို ကျော်ပြီး ဘာမျှ မလုပ်ရဲမလုပ်နိုင်ခဲ့ပါဘူး တ ကယ်တော့ ဗိုလ်ချုပ်ခင်ညွန့်ဟာ နိုင်ငံရေးအမြင် နိုင်ငံရေးသဘော တရား၊ နိုင်ငံရေးသမားတစ်ယောက် ရဲ့ အရည်အသွေးမျိုးရှိသူမဟုတ်ပါ။ ထောက်လှမ်းရေးအကြီးအကဲဆိုပေ မယ့်လည်း ကိုယ့်အခြေအနေ ကိုယ့် အန္တရာယ်ကို တွက်ဆခန့်မှန်းတတ် သူမဟုတ်ပါ။ အားလုံးကို ခြုံပြောရရင်တော့ မြန်မာ့သမိုင်းမှာ နန်းမတော်မယ်နု၊ သူ့ရဲ့သမီးတော် ဆင်ဖြူမရှင်မိဖုရား ကြီး၊သီပေါဘုရင်၊ စုဖုရားလတ်၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဦးစိန်လွင်၊ ဗိုလ်ချုပ်မှူးကြီးစောမောင်နှင့် ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ရဲ့ ဇာတ် လမ်းတွေကို သံဝေဂယူကြရမယ်ဗျ။ သံဝေဂယူစေချင်တယ်။ သူတို့လုပ် လို့ရတုန်းက လုပ်ခဲ့ကြတယ်။ မိုး ကောင်းတုန်းက ရွာခဲ့ကြတယ်။ မိုး ရွာတုန်းရေမခံခဲ့ကြဘူး။ လသာ တုန်းဗိုင်းမငင်ခဲ့ကြဘူး။ သူခိုးခိုးနေ စဉ်မဖမ်းခဲ့ကြဘူး။ လွန်တော့မှ ဘာမှ လုပ်လို့မရကြတော့ဘူး။ဒေါသတွေ ယူကြုံးမရဖြစ်ခြင်းတွေ၊ နောင်တသံဝေဂတွေနဲ့ ဖြစ်ကုန်ကြ တာပဲ မဟုတ်လား။ ကျုပ်ပြောနေတာက ထင်ရှား တဲ့ သာဓကတွေနဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေပဲပြောနေတာပါ။ သိပ် မထင်ရှားတာတွေအများကြီးရှိသေး တယ်။ မြန်မာပြည်မှာက တက်လာ တဲ့ အစိုးရအဆက်ဆက်အာဏာရ လာရင် သူတို့ရဲ့ ရှေးဘဝကရေစက် တွေအကျိုးပေးတွေ၊ ဘုန်းတွေ ကံတွေနဲ့လို့ ထင်လာတတ်ကြ တယ်။ အထူးသဖြင့် အာဏာရ လာတဲ့ ခေါင်းဆောင်တွေထက် သူတို့ရဲ့ ဇနီးတွေ သားသမီးတွေက ပိုဆိုးတယ်။ ကျုပ် အာဏာရလာတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဇနီးသားသမီးတွေ တော်တော်များများနဲ့ စကားပြောဖူး တယ်။ သူတို့ရဲ့ ဖခင်တွေရဲ့ ပုခုံး ပေါ်မှာ မြန်မာပြည်ကြီးတင်ထားရ တယ်ထင်နေကြတယ်။ သူတို့ရဲ့ ပုခုံးပေါ်မှာ ထမ်းထားရတဲ့ မြန်မာ ပြည်ကြီးသူတို့ရှောင်ပေးလိုက်လို့ ခါချလိုက်ရင်မြန်မာပြည်ကြီးဟာ တစ်စစီကျကွဲသွားမယ့် ဖရဲသီး တစ် လုံးလို့ထင်နေကြတာ။ မြန်မာ ခေါင်းဆောင်တွေကိုယ်တိုင်ကလည်း ခေါင်းဆောင်တွေဖြစ်ကြပြီဆိုရင် မြန်မာပြည်ကြီးကို သူတို့ထမ်းထား ရတာ။ သူတို့ကယ်တင်ထားရတာ လို့ ထင်လာတတ်ကြတယ်။ တ ကယ် တမ်းနားလည်ထားသင့်တာ ဒီကမ္ဘာမြေကြီးကိုက သူ့ဘာသာ နေစကြဝဠာကြီးပေါက်ကွဲရာက နေ တဖြည်းဖြည်းအေးစက်သွားပြီး ဖြစ်တည်လာတာ နောက်တော့မှ သက်ရှိတွေ လူသားတွေ တိရိစ္ဆာန် တွေဖြစ်ထွန်းလာကြတာ။ဘယ်သူမှ အစကမရှိခဲ့တဲ့ကမ္ဘာကြီးမှာဘယ်သူ မှ မရှိလည်းရတယ်ဗျ။ ကမ္ဘာနဲ့ ချီပြီးပြောတာ အိုဘားမားမရှိလည်း အမေရိကန်ပြည်ထောင်စု ဘာမှမ ဖြစ်ဘူး။ နောက်ထပ် သမ္မတ တစ် ယောက်လာမှာပဲ။ ပူတင်မရှိလည်း ရုရှားရှိနေမှာပဲ။ လီစင်ပင်းမရှိလည်း တရုတ်ပြည်ရှိနေမှာပဲ။ ကျုပ်တို့ မြန်မာပြည်က အရင်ရှိတဲ့ ခေါင်း ဆောင်တွေက နောက်မှပေါ်တာ ဧရာဝတီမြစ်ကြီးက အရင်စီးနေ တာဗျ။ အစိုးရတွေ တပ်မတော် တွေ နိုင်ငံ့ခေါင်းဆောင်တွေက နောက်မှပေါ်တာ။ ဘယ်သူရှိမှဆို တာ မှားနေတာပါ။ တရားမရှိလို့ မတွေးခေါ်နိုင်တာပါ။ တရားရှိဖို့လို တယ်။ ကျုပ်မရှိလည်း မြန်မာပြည် ဘာမှမဖြစ်ဘူး။ ဘယ်ခေါင်းဆောင် မှ မရှိ ရင်လည်း မြန်မာပြည်ဘာမှ မဖြစ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်း တို့လို လင်ကွန်းတို့လို မဟတ္တမဂန္ဓီ တို့လို ပုဂ္ဂိုလ်တွေ အာဇာနည်တွေ သာအစားထိုးလို့မရတာ။ ကျုပ်တို့ အားလုံးမရှိကြတော့ဘာမှ မဖြစ်ပါ ဘူးဗျ။ ဒီသဘောတရားလေးကို နှလုံးသွင်းနိုင်ရင် ဒီကနေ့ အုပ်ချုပ် နေတဲ့ ခေါင်းဆောင်တွေ၊ တိုင်းရင်း သားခေါင်း ဆောင်တွေအားလုံး သတိတရားရကြ ရင်းလုပ်လို့ရတဲ့ အချိန်မှာ လုပ်နိုင်ရက်သားနဲ့ မလုပ် ခဲ့လို့ တိုင်းပြည်နဲ့ လူမျိုးနစ်နာရတာ တွေအတွက်လုပ် သင့်လုပ်ထိုက် တာတွေ ခပ်မြန်မြန် ခပ်သွက်သွက် နဲ့ တိုင်းပြည်ကောင်းသွားအောင် လုပ်ဖို့ လိုနေတယ်ဆိုတာ ခေါင်း ဆောင်အားလုံးကို သတိပေးလိုက် ချင်တယ်။ ဒါမှလည်း ရှေ့ကလုပ် နိုင်ရက်နဲ့ မလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေတွေ ရဲ့တရားကျစရာ ဇာတ်လမ်းတွေကို လက်ရှိခေါင်းဆောင်တွေ သူတို့ရဲ့ ဇနီး၊ သားသမီးတွေ သံဝေဂယူနိုင် ပြီး ပြည်သူလူထုအပေါ် မေတ္တာ ကရုဏာထားနိုင်ပြီး မြန်မာပြည် တိုးတက်အောင်ဆောင် ရွက်နိုင်မှာ ဖြစ်တယ်ဗျ။ သေဆုံးသွားတဲ့အခါ အားလုံးထားခဲ့ကြရမှာပဲဗျ။ ရေဝေး က မီးသဂြိုဟ်စက်ခေါင်းတိုင်ပေါ် က ထွက်လာတဲ့ မီးခိုးငွေ့ကလေးက လေထဲမှာ စက္ကန့်အနည်းငယ်မြင် တွေ့ခွင့်ရကြမှာပါ။ မြေကြီးပေါ်မှာ အုတ်ဂူလုပ်ရင်တောင်ဘယ်လောက် ပဲကြီးကျယ်တဲ့ ချမ်းသာတဲ့အာဏာ ရှိတဲ့ သူပဲဖြစ်ဖြစ် ၆ ပေ ၂ ပေမြေ ကွက်တစ်ကွက်ပဲသေချာပါတယ်။ မသေခင်က မြေဧကသောင်းနဲ့ချီ သိန်းနဲ့ချီပိုင်ရင်လည်း သေတော့ ၆ ပေ ၂ ပေပဲ အများဆုံးရမှာ။ မြန်မာ့သမိုင်းအဆက်ဆက် မှာ အာဏာအစွမ်းထက်ခဲ့ကြသော လူပုဂ္ဂိုလ်များ၏ ဇာတ်လမ်းသံဝေဂ ကို လက်ရှိအာဏာရပုဂ္ဂိုလ်များနှင့် နောင်အာဏာရမည့် ပုဂ္ဂိုလ် အား လုံး သံဝေဂ ယူနိုင်ကြပါစေဗျာ။

By : သတိုးစည်သူ

Credit To>>>The Sunlight Weekly News<<<Thank You For Your Posts>>>Reposting>>>Chitthu Sky
— with Arakan Khing Dom and 19 others.

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...