Ads (728x90)

Photo: ကျနော့် အအောင်မြင်ဆုံးစာအုပ်ဟာ `သုသာန်စောင့်မဖဲဝါ´ ဆိုတာ အတော်များများသိကြပါလိမ့်မယ်။ ဒါပေမဲ့ ဘာလို့ မဖဲဝါအကြောင်း ကျနော် ရေးဖြစ်ခဲ့သလဲ? ရေးစရာဇာတ်လမ်းတွေ အများကြီးထဲကမှ ကျနော်ဒါကို ဘယ်လို ရွေးဖြစ်ခဲ့သလဲ? ပြီးတော့ ဒီအကြောင်းတွေကိုရော ကျနော် ဘယ်လို သိလာခဲ့သလဲ?
အဲဒါတွေကိုတော့ ကျနော် ဘယ်သူ့မှ မပြောပြဖြစ်ခဲ့ပါ။ စာအုပ်ထဲ ထည့်ရေးဖို့ ကြံပြန်တော့ ဆင်ဆာက No တဲ့။ မဖဲဝါနာမည်တောင် သုံးခွင့်မရလို့ အခုဒီရက်ပိုင်းမှာတင် ထွက်တဲ့စာအုပ်ကို `သုသာန်မှာ သိမ်းတဲ့ဇာတ်´ လို့ နာမည်ပေးထားရပါတယ်။ တကယ်က အဲဒီစာအုပ်ဟာ `သုသာန်စောင့်မဖဲဝါဇာတ်သိမ်း´ ပါပဲ။ ထားပါတော့။ ဒါတွေပြောရင် ဒေါတွေပါတယ်။ အခု မဖဲဝါအကြောင်းပဲ ဆက်ရအောင်။
မဖဲဝါကို ဘယ်လိုရေးဖြစ်တယ်ဆိုတဲ့ ရေဆုံးရေဖျားကို စပြောခင် မဖဲဝါစာအုပ်ထွက်တဲ့ ကာလလေးကို အရင်ဖောက်ပြောချင်ပါတယ်။ လောလောဆယ် တိုက်ဆိုင်နေတဲ့အကြောင်းမို့ပါ။ ထူးဆန်းတာက ...
မဖဲဝါစာအုပ်ထွက်တိုင်းမှာ ကျနော့်အိမ်နားမှာ အသုဘ ဖြစ်ပါတယ်။
ပထမဆုံး မဖဲဝါစာအုပ်ထွက်တော့ အိမ်အောက်ထပ်ကလူ ဆုံးတယ်။ ခု မဖဲဝါဇာတ်သိမ်းထွက်ပြန်တော့ အခုနေတဲ့တိုက်ခန်းရဲ့ အပေါ်ထပ်ကမိန်းမ ဆုံးလို့တဲ့။ `ဟာ ရုတ်တရက်ကြီးပါလား´ လို့ ကျနော် အံ့သြသွားတယ်။ အဲဒီမိန်းမကို ကျနော် တွေ့တွေ့နေတာဗျာ။ ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်းကြီး။ ဟိုတစ်နေ့ကတောင် ကျနော်နဲ့ လှေကားအတက်မှာဆုံတော့ လက်ထဲမှာလည်း ကျနော်က စာအုပ်တွေ ပွေ့ပိုက်ထားတာနဲ့ သူနဲ့ စကားစပ်မိသေးတယ်။
`စာရေးဆရာ လို့ပြောတယ်၊ ဘာစာတွေ ရေးတာတုန်း´ ဆိုတာနဲ့ ကျနော်လည်း ပါလာတဲ့ ကျနော့်စာအုပ်လေးတွေ လက်ဆောင်ပေးလိုက်ပါသေးတယ်။ မှတ်မှတ်ရရ အဲဒီထဲမှာ မဖဲဝါ- ပထမပိုင်း စာအုပ်လည်း ပါသွားတယ်။ အခုလို ရုတ်တရက်ကြီး သူ ဆုံးတာ အဲဒါနဲ့များ ဆိုင်နေမလား? မဆီမဆိုင်တွေးမိပြီး ကျနော်တော့ သူ့အသုဘပို့တောင် မသွားရဲတော့ဘူး။ တိုက်ဆိုင်တာပါလို့ပဲ ကိုယ့်ကိုယ်ကို စိတ်ဖြေပါတယ်။ ဒါပေမဲ့ မဖဲဝါနဲ့ ပတ်သက်ရင် အဲဒီလို တိုက်ဆိုင်မှုတွေက များကို များလွန်းလှတယ်။
ခင်ဗျားတို့ မဖဲဝါစာအုပ် ဖတ်ဘူးသလား?
ဖတ်ဘူးတယ်ဆို ကျနော် တစ်ခုလေးမေးချင်တယ်။ ကြောက်သလား?
ကြောက်တယ်ဆို ထပ်မေးမယ်။ ဘာကို ကြောက်သလဲ?
ဘယ်ကစပြီး ကြောက်သလဲ?
ဘာလို့ အဲဒီမေးခွန်းတွေ ကျနော်မေးနေရသလဲဆိုတော့ ကျနော်လဲ မဖဲဝါနဲ့ ပတ်သက်ပြီး ကြောက်လို့ပါပဲ။ တကယ်တော့ ကျနော်ဟာ ခင်ဗျားတို့လိုပဲ မဖဲဝါနဲ့ပတ်သက်ရင် ခံစားကြောက်ရွံ့တတ်သူပါ။ ပြောရင် ယုံပါ့မလား........

written by -http://www.facebook.com/deaththekyawswar 


ကဲ........................................။ဘယ်နှယ်လုပ်ကြမလဲ...........။

အောက်ကလင့်မှာ Download ယူ သူကတော့ စာအုပ်ပဲ..

စာရေးဆရာ သွန်နေစိုး ( ဒဿကျော်စွာ) ရေးထားတာ မိုက်တယ်

http://www.zwmnna.com/2012/05/blog-post_7999.html
ကျနော့် အအောင်မြင်ဆုံးစာအုပ်ဟာ  `သုသာန်စောင့်မဖဲဝါ´ဆိုတာ အတော်များများသိကြပါလိမ့်မယ်။ ဒါပေမဲ့ ဘာလို့ မဖဲဝါအကြောင်း ကျနော် ရေးဖြစ်ခဲ့သလဲ? ရေးစရာဇာတ်လမ်းတွေ အများကြီးထဲကမှ ကျနော်ဒါကို ဘယ်လို ရွေးဖြစ်ခဲ့သလဲ? ပြီးတော့ ဒီအကြောင်းတွေကိုရော ကျနော် ဘယ်လို သိလာခဲ့သလဲ?
အဲဒါတွေကိုတော့ ကျနော် ဘယ်သူ့မှ မပြောပြဖြစ်ခဲ့ပါ။ စာအုပ်ထဲ ထည့်ရေးဖို့ ကြံပြန်တော့ ဆင်ဆာက No တဲ့။ မဖဲဝါနာမည်တောင် သုံးခွင့်မရလို့ အခုဒီရက်ပိုင်းမှာတင် ထွက်တဲ့စာအုပ်ကို `သုသာန်မှာ သိမ်းတဲ့ဇာတ်´ လို့ နာမည်ပေးထားရပါတယ်။ တကယ်က အဲဒီစာအုပ်ဟာ `သုသာန်စောင့်မဖဲဝါဇာတ်သိမ်း´ ပါပဲ။ ထားပါတော့။ ဒါတွေပြောရင် ဒေါတွေပါတယ်။ အခု မဖဲဝါအကြောင်းပဲ ဆက်ရအောင်။
မဖဲဝါကို ဘယ်လိုရေးဖြစ်တယ်ဆိုတဲ့ ရေဆုံးရေဖျားကို စပြောခင် မဖဲဝါစာအုပ်ထွက်တဲ့ ကာလလေးကို အရင်ဖောက်ပြောချင်ပါတယ်။ လောလောဆယ် တိုက်ဆိုင်နေတဲ့အကြောင်းမို့ပါ။ ထူးဆန်းတာက ...
မဖဲဝါစာအုပ်ထွက်တိုင်းမှာ ကျနော့်အိမ်နားမှာ အသုဘ ဖြစ်ပါတယ်။
ပထမဆုံး မဖဲဝါစာအုပ်ထွက်တော့ အိမ်အောက်ထပ်ကလူ ဆုံးတယ်။ ခု မဖဲဝါဇာတ်သိမ်းထွက်ပြန်တော့ အခုနေတဲ့တိုက်ခန်းရဲ့ အပေါ်ထပ်ကမိန်းမ ဆုံးလို့တဲ့။ `ဟာ ရုတ်တရက်ကြီးပါလား´ လို့ ကျနော် အံ့သြသွားတယ်။ အဲဒီမိန်းမကို ကျနော် တွေ့တွေ့နေတာဗျာ။ ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်းကြီး။ ဟိုတစ်နေ့ကတောင် ကျနော်နဲ့ လှေကားအတက်မှာဆုံတော့ လက်ထဲမှာလည်း ကျနော်က စာအုပ်တွေ ပွေ့ပိုက်ထားတာနဲ့ သူနဲ့ စကားစပ်မိသေးတယ်။
`စာရေးဆရာ လို့ပြောတယ်၊ ဘာစာတွေ ရေးတာတုန်း´ ဆိုတာနဲ့ ကျနော်လည်း ပါလာတဲ့ ကျနော့်စာအုပ်လေးတွေ လက်ဆောင်ပေးလိုက်ပါသေးတယ်။ မှတ်မှတ်ရရ အဲဒီထဲမှာ မဖဲဝါ- ပထမပိုင်း စာအုပ်လည်း ပါသွားတယ်။ အခုလို ရုတ်တရက်ကြီး သူ ဆုံးတာ အဲဒါနဲ့များ ဆိုင်နေမလား? မဆီမဆိုင်တွေးမိပြီး ကျနော်တော့ သူ့အသုဘပို့တောင် မသွားရဲတော့ဘူး။ တိုက်ဆိုင်တာပါလို့ပဲ ကိုယ့်ကိုယ်ကို စိတ်ဖြေပါတယ်။ ဒါပေမဲ့ မဖဲဝါနဲ့ ပတ်သက်ရင် အဲဒီလို တိုက်ဆိုင်မှုတွေက များကို များလွန်းလှတယ်။
ခင်ဗျားတို့ မဖဲဝါစာအုပ် ဖတ်ဘူးသလား?
ဖတ်ဘူးတယ်ဆို ကျနော် တစ်ခုလေးမေးချင်တယ်။ ကြောက်သလား?
ကြောက်တယ်ဆို ထပ်မေးမယ်။ ဘာကို ကြောက်သလဲ?
ဘယ်ကစပြီး ကြောက်သလဲ?
ဘာလို့ အဲဒီမေးခွန်းတွေ ကျနော်မေးနေရသလဲဆိုတော့ ကျနော်လဲ မဖဲဝါနဲ့ ပတ်သက်ပြီး ကြောက်လို့ပါပဲ။ တကယ်တော့ ကျနော်ဟာ ခင်ဗျားတို့လိုပဲ မဖဲဝါနဲ့ပတ်သက်ရင် ခံစားကြောက်ရွံ့တတ်သူပါ။ ပြောရင် ယုံပါ့မလား........

written by -http://www.facebook.com/deaththekyawswar


ကဲ........................................။ဘယ်နှယ်လုပ်ကြမလဲ...........။

အောက်ကလင့်မှာ Download ယူ သူကတော့ စာအုပ်ပဲ..

စာရေးဆရာ သွန်နေစိုး ( ဒဿကျော်စွာ) ရေးထားတာ မိုက်တယ်

http://www.zwmnna.com/2012/05/blog-post_7999.html
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...