Ads (728x90)

သံဃာတော်အရှင်များသည် “မြန်မာဗုဒ္ဓဘာသာအမျိုးသမီးများကို လက်ထပ်မည့်သူသည် တရားဝင် ဗုဒ္ဓဘာသာ ဖြစ်ရမယ်”ဆိုတဲ့ ဥပဒေကို ပြဋ္ဌာန်းနိုင်အောင် ကြိုးစားနေကြ တာ ဘယ်မြန်မာ အမျိုးသမီးများနစ်နာ သွားလို့ 
ပါလဲ .. ကျမတို့  မိဘတွေ ငယ်ငယ် ကတည်း က အိမ်ထောင်ပြုရင် ဗုဒ္မဘာသာပဲ ဖြစ်ရမယ်လို့  သင်ခဲ့ပါတယ် ..
ဘာသာသနာ ကို စောင့်ရှောက်တယ် ဆိုတာ ကောင်းတဲ့  အလုပ်ပဲမဟုတ်လား .. မိမိ တို့ သားသမီးကို ပါးစပ်ကလဲ တား .. ဥပဒေအရလဲ ထိမ်းသိမ်း သင့်တာပိုမကောင်းဘူးလား ၊ ဘယ်ဘာသာဝင်မဆိုသူတို့ ဘာသာအတွက် မပျက်စီးအောင်ကာကွယ်ကြမှာပါပဲ .. ဗုဒ္မဘာသာတွေ အနေနဲ့  က အုပ်ချုပ်သူဖြစ်လာမဲ့  လူတန်းစားရဲ့ ရပ်တည် မှုကိုကြိုမြင်သင့်ပါတယ် ..
သူဟာဘာသာသာသနာ ကို ရင်ထဲ ကလက်ခံတန်ဘိုးထားကာကွယ် မဲ့သူဟုတ်မဟုတ်ပေါ့  ၊ မဟုတ်ရင်တော့ ကျမ တို့ ဗုဒ္မဘာသာတွေ ကိုယ့်  အားကိုယ်ကိုးရမှာပါ ။
ဗုဒ္မဘာသာဝင်မိန်းကလေးတွေ သူများနောက်ပါပြီး စိတ်ဆင်းရဲ ကိုယ် ဆင်းရဲ့ မဖြစ်ဘို့  ကာကွယ်ရမှာပါ ။ အထူးသဖြင့် မသိနားမလည်တဲ့  ဆင်းရဲသားပြည် သူတွေ ဘာသာရေး အရ အနိုင်ကျင်မခံရဖို့ ပါ ။ လေ့လာကြည့် ရင် ဖြစ်စဉ်တွေ က လည်း မှုခင်းတွေ အမျိုးမျိုး တွေ့ ရပါတယ် ။
မီဒီယာ က လဲ ကန့် ကွက်သူတွေဘက်က သာသတင်းရေးပြီးထောက်ခံသူတွေ ဖက်က သတင်းရေးမရေးတော့ ခက်သားလား ၊ သူတို့ ထောက်ခံတဲ့  သူဘက်လိုက်တဲ့  မီဒီယာတွေ ဖြစ်နေပါတယ် ..
အဘိဓမ္မဆရာမကြီး တွေ ..ဆရာကြီးတွေ ဘယ်လို သဘောထားလဲ .. ဒါတော့ မမေးဘူး ..ဘာသာရေးမ လိုက်စားတဲ့  သူတွေ ကိုမေးတော့  သူတို့ လဲဖြေမိဖြေရာတွေ ဖြေပြီးဆဲ ခံ ရတော့ တာ ပါ။ ဘာပဲဖြစ်ဖြစ် ဗုဒ္မဘာသာတွေ စိတ်ဝမ်းမကွဲဘို့ တော့ သတိထားစေခြင်ပါတယ် ...
ဘုရားရှင် ကညီညွတ်မှ ချမ်းသာတယ် လို့  မိန့် ကြားတာလေးလဲ သတိရစေခြင်ပါတယ်၊ ကျမတို မညီညွတ်တော့ အားလုံးဆင်းရဲပါတယ် ။
ဒီပြသနာကို ညီညီညွတ်ညွတ်နဲ့  ၀ိုင်းဝန်းအဖြေရှာ ကြရအောင်ပါဓမ္မမိတ်ဆွေ တို့ ရှင် ။
 
By :
Arji Saiposted to     ဓမ္မနဒီSend
  • ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများအတွက် အိမ်ထောင်ရေးရာ ဓလေ့ထုံးတမ်းများ
  • 4.00 USD
  • Author(s): အမ်ရှိန်မြင့်
  • Category: ဥပဒေ
  • No of Pages: 138
  • Binding: Paperback
  • Publication Month Year: Aug-2012
  • Size: 13 cm x 20 cm
  • Description: မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေသည် ဘာသာရေးနှင့် ရောယှက်ခြင်း မရှိဘဲ လူမှုရေးသက်သက်သာဖြစ်သည်။ သို့သော် ဘာသာရေးနှင့် ဆက်နွှယ်လျက်ရှိသော ခရစ်ယာန်၊ မဟာမေဒင်ကဲ့သို့သော် ဘာသာခြားများနှင့် လက်ထပ်ထိမ်းမြားခြင်း၊ လင်မယား ကွာရှင်းခြင်းနှင့် အမွေခွဲခြင်းကိစ္စများတွင် မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများသည် နစ်နာမှုများစွာ ရှိသည်ကို တွေ့ရသည်။ သို့သော် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ နစ်နာဆုံးရှုံးမှု မရှိစေရန် ဥပဒေဖြင့် အကာအကွယ်များ ပေးထားသည်များရှိရာ ၄င်းပတ်သက်သည့် ဥပဒေဗဟုသုတများကို ဤစာအုပ်တွင် သက်ဆိုင်ရာ အခန်းကဏ္ဍများအလိုက် လေ့လာကြရမည်ဖြစ်သည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...