Ads (728x90)




၂၀၁၃ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်နှင့် ၂၀၁၃ ဆီးဂိမ်းစ် ပြိုင်ပွဲနှစ်ရပ် အတွက် ဂျပန်နိုင်ငံ အိုဆာကာ မြို့တွင် သွားရောက် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိရာ ယနေ့ မနက်ပိုင်းက ယှဉ်ပြိုင် ကစားခဲ့သည့် ဂျပန် ဒုတိယတန်း ကလပ် ဆီရီဇို အိုဆာကာ လူငယ် အသင်းနှင့် ခြေစမ်းပွဲတွင် (၅-၁)ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိ ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ အသင်းသည် အထက်တန်း ကျောင်းသူများ ၀င်ရောက် ကစားနေသော ကလပ် အသင်းလည်း ဖြစ်သည်။

မြန်မာ အသင်းအတွက် ပွဲချိန် ၁၀ မိနစ်တွင် တိုက်စစ်မှူး မာဂရက် မေရီ၊ ၁၄ မိနစ်နှင့် ၂၉ မိနစ်တွင် ရှေ့တန်းလူ ရီရီဦး၊ ၃၀ မိနစ်တွင် ခင်မာလာထွန်းနှင့် ၈၉ မိနစ်တွင် တောင်ပံလူ နော်အားလို ၀ါးဖောတို့က အသီးသီး သွင်းယူပေးခဲ့ကြခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
(Written by Okocha)
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...