Ads (728x90)

 မကြာသေးမီက ချထားပေးသည့် ငွေကျပ် ၁၅ဝဝ တန်ဖုန်းဖြင့် အာဆီယံ နိုင်ငံများအား ဖုန်းခေါ်ဆို နိုင်ပြီဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ သည်။ မြန်မာနိုင်ငံတွင်

လက်ခံ ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲ အတွက် ဆက်သွယ်ရေး အဆင်ပြေမှု ရှိစေရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ အာဆီယံ ၁ဝ နိုင်ငံသို့ ဖုန်းခေါ်ဆိုရာ၌ FEC ငွေဖြည့်ကတ် အသုံးပြုစရာ မလိုဘဲ MEC ငွေဖြည့် ကတ်ဖြင့်သာ အသုံးပြုရမည် ဖြစ်ကြောင်း၊ ဖုန်းခေါ်ဆိုခ နှုန်းထားသည် ပြည်တွင်း ခေါ်ဆိုခ နှုန်း ထားအတိုင်းသာ ဖြစ်ကြောင်း သိရှိရသည်။ ''ဆီးဂိမ်းပြိုင်ပွဲ ပြီးရင်တော့ ပြည်ပ ခေါ်ဆိုနိုင်မှုကို ပြန်ပိတ်မှာပါ။ CDMA ဖုန်းတွေကို ဆီးဂိမ်းမှာ ဆက်သွယ်ရေး လွယ်ကူအောင်  လုပ်ဆောင်ပေးတာ ပါ''ဟု ၎င်းက ပြော ကြားခဲ့သည်။

ယင်းကဲ့သို့ သတင်းများ ထွက်ပေါ် လာပြီးနောက် ငွေကျပ် ၁၅ဝဝ တန် ဖုန်းဆင်းကတ် အဝယ်လိုက်လာရာ ဈေးကွက်အတွင်း ငွေကျပ် ၆ဝဝဝဝ မှ ငွေကျပ် ၇ဝဝဝဝ အထိ ပေါက်ဈေး ရှိနေကြောင်း၊ GSM ငွေကျပ် နှစ်သိန်း ဖုန်းမှာ ဈေးအနည်းငယ် ကျဆင်းသွားကြောင်း Do Ko Mo မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်မှ သိရ သည်။ ''နိုင်ငံတကာမှာ GSM ဖုန်းက အဆင်ပြေဆုံး ဖုန်းလိုင်းပါ၊ ဒီလို ရွေး လုပ်တာ အကြောင်းရှိနိုင် ပါတယ်။ ငွေကျပ် ၁၅ဝဝ တန် ဖုန်းကိုင်ဆောင်သူ အများစုကလည်း ဝန်ထမ်းတွေ ဖြစ်နေတာကြောင့်လို့ ယူဆ ပါတယ်''ဟု တရားရုံးရှေ့နေ ဖုန်းကိုင်ဆောင်သူ တစ်ဦး ညက ပြောကြားခဲ့သည်။ ယခင် ပြည်ပ နိုင်ငံများသို့ ခေါ်ဆိုနိုင်မှုအား GSM ဖုန်းများတွင် ပြည်တွင်း ခေါ်ဆိုခ နှုန်းထားအတိုင်း ထည့်သွင်းမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခု လို ပြောင်းလဲမှုအား ပြည်သူများအကြား ပြောဆို ဝေဖန်မှုများ ရှိနေကြောင်း ငွေကျပ် ၁၅ဝဝ တန်ဖုန်း ဆင်းကတ်များအား ပြည်နယ်နှင့် တိုင်းဒေသကြီးများ အတွင်း ဧပြီ ၂ဝ ရက်မှစ၍ တစ်လလျှင် အလုံးရေ သုံးသိန်းခွဲ ရောင်းချပေးလျက် ရှိကြောင်း သိရသည်။ 
--------------------
source - မြ၀တီ
 မြန်မာနိုင်ငံတွင်

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...