Ads (728x90)





- မြန်မာအမျိုးသမီးတွေဟာ ဥပဒေအရရော၊ လူ့ အခွင့်အရေးအရရော..ဘာသာခြားတွေ၊ လူမျိုးခြားတွေထက် အခွင့်အရေးပိုရတာ..ဘယ်သူမှငြင်းလို့ မရ။

-အကောင်းဆုံး ဥပမာက...၁၉၅၄ခုနှစ် " ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ" ပဲ..။ ဒီ ၅၄ ဥပဒေက ဗုဒ္ဓဘာသာမြန်မာ အမျိုးသမီးတွေကို အထူး အကာအကွယ်ပေးထားတာ။

-အမှုဖြစ်ရင် ၁) အမျိုးသမီး ဖြစ်ပါက ၂) ဗုဒ္ဓဘာသာဝင်ဖြစ်ပါက ဒီ ၅၄ ဥပဒေ သက်ရောက်တယ်..။ အမျိုးသားနဲ့ ဘာသာခြားတွေ ဒီဥပဒေကို ကိုင်ဆွဲလို့ မရဘူး..။

- နိုင်ငံခြားသား (သို့ ) ဘာသာခြားကိုယူထားဦးတော့ ဒီဥပဒေအတိုင်း ဗုဒ္ဓဘာသာအမျိုးသမီး အတွက်ဆုံးဖြတ်ရတယ်..။ ဆိုလိုတာက ဗုဒ္ဓဘာသာအမျိုးသမီးတွေကို ဒီဥပဒေက လုံးဝ အကာအကွယ်ပေးခြင်းပဲ....။

-မှတ်ဖို့ ရာက ဒီဥပဒေဟာ ဓလေ့ထုံးတမ်းဥပဒေ (customary law) ဖြစ်တဲ့အတွက် ပြည်တွင်းမှာပဲ သက်ရောက်နိုင်တယ်။ ဆိုလိုတာက...မြန်မာဗုဒ္ဓဘာသာအမျိုးသမီးတစ်ယောက်ဟာ ပြည်ပမှာ အမှုရင်ဆိုင်ရင် ဒီဥပဒေရဲ့ အကာအကွယ်ကို ရနိုင်မှာမဟုတ်ဘူး..။

-ဒီလိုအခြေအနှေမှာ Conflict of Laws ဆိုတဲ့ ဘာသာရပ်နဲ့ ဆုံးဖြတ်ရတယ်..။ ဒီအခြေအနေက အများကြီးပိုရှုပ်ထွေးသွားပြီ။

- နောက်တစ်ချက်မှတ်ဖို့ ရာက မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေမှာက လက်ထပ်ထိမ်းမြားခြင်းဆိုရာမှာ...ရှေ့ ခုနစ်အိမ်၊ နောက်ခုနစ်အိမ်သိရင် လင်မယားအရာမြောက်တယ်လို့ သတ်မှတ်တယ်..။

-မြန်မာ့ဓလေ့ထုံးတမ်းမှာဆိုတာကလည်း ပုဆိုးတန်းတင် အကြင်လင်မယားလို့ ဆိုတာကိုး..။ ဆိုတော့... လက်ထပ်စာချုပ် ဘာညာ ဟာ ခိုင်လုံတဲ့ သက်သေဖြစ်အောင်သာ လုပ်ကြတာ..တကယ့်အနှစ်သာရအားဖြင့် လင်မယားအရာမြောက်ဖို့ မလိုအပ်ပါဘူး....။

- အဲ...ဓါးထောက်ပြီး အတင်းအဓမ္မ ဘာသာပြောင်းခိုင်း....ကွဲလည်းမကွဲချင်တဲ့ ဗုဒ္ဓဘာသာမြန်မာ အမျိုးသမီးတွေအတွက်ကတော့ ဘာသာပြောင်းတာနဲ့ တပြိုင်နုက် ဒီ ၅၄ ဥပဒေရဲ့ အကာအကွယ်ကို မ၇တော့မှာဖြစ်တဲ့အတွက် သူတို့ ကို ကာကွယ်ဖို့ ဆိုရင် မွတ်ဆလင်တွေရဲ့ လက်ထပ်ထိမ်းမြားမှုကို ကန့် သတ်ဖို့ လိုတယ်...။ စင်္ကာပူရဲ့ ဥပဒေဟာ အကောင်းဆုံးနမူနာပဲ...။

- ဦးဝီရသူ တို့ လုပ်တဲ့ ဥပဒေက မြန်မာအမျိုးသမီးတွေရဲ့ အခွင့်အရေးကို ကန့် သတ်နေပြီး...မွတ်စလင်တွေရဲ့ ကျူးလွန်နိုင်ခြေကို ကန့် သတ်ခြင်းမရှိပဲဖြစ်နေတယ်..။

- အမှန်က မွတ်စလင်တွေရဲ့ လက်ထပ်ထိမ်းမြားမှုကို ကန့် သတ်ရမှာ..။ ရေလိုက်လွဲနေတယ်....။ ဒါဟာ လူ့ အခွင့်အရေးနဲ့  ဘာမှမဆိုင်ဘူး.။ သူတို့ ဘာသာတရားက ကျင့်သုံးတဲ့အတိုင်း မွတ်စလင်ချင်းပဲ လက်ထပ်ဖို့ ကန့် သတ်လိုက်တာ...။

- ၅၄ ဥပဒေကိုဖျက်သိမ်းစရာမရှိ။ စင်္ကာပူလို မွတ်စလင်တို့ ရဲ့ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေကိုပဲ ထပ်တိုးပြဋ္ဋာန်းဖို့ ပဲလိုအပ်တယ်..။ ရွှေသမင် ရေလိုက်မှားသလိုဖြစ်နေတယ်...။
 
By :
Athenian Ahnyarthar

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...