Ads (728x90)



ပုသိမ်မြို့နယ် လင်းကွင်းကြီးကျေးရွှာအုပ်စု ထိန်ချောင်ကျေးရွာနေ မသန်းသန်းအေး အသက်၂၄နှစ် (ဘ)ဦးပြည်သိန်းအား (17.6.2013)နေ့တွင် ပုသိမ်တဖက်ကမ်း သင်္ဘောကျင်းရဲစခန်းမှ ၎င်း၏ခင်ပွန်းအမှူ့ကိစ္စနှင့်ပတ်သက်၍ သက်သေစစ်ဆေးရန်ရှိသည်ဟုပြောကာ ဒုရဲအုပ်နှိုင်အောင်ကျော်နှင့်တပ်ဖွဲ့ဝင်
(5)ဦးတို့မှ ကျေးရွာအုပ်ချူပ်ရေးမှူးရုံးအား လုံးဝအသိမပေးဘဲ ရွာတွင်းသို့ဝင်ကာ သူမ၏နေအိမ်အား သေနတ်များဖြင့်ချိန်ပြီး ရုပ်ရှင်ဆန်ဆန် သူမတဦတည်းအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။
သူမတွင် ကိုယ်ဝန်၂လရှိနေသောကြောင့် မိသားစုများက စိတ်မချသော်လည်း ရဲတပ်ဖွဲ့ဝင်များမှ လုံးဝလိုက်ခွင့်မပြုပါဟု သူမကိုရွာရောက်အောင် ပြန်ပို့ပေးမည်ဟုသာပြောခဲ့ပါသည်။ 18.6.2013နေ့နံက်တွင်
သူမ၏အဖေနှင့်ညီမဖြစ်သူတို့က ရဲစခန်းသို့ တွေ့ရန်လာသောအခါ၌လည်း တွေ့ရမည်ဟုစခန်းမှူးက ပြောပါသည် နေ့လည်ပိုင်းအထိ မတွေ့ရသောအခါကျမှ စုံစမ်းကြည့်သောအခါမှ သင်္ဘောကျင်းကြက်တန်းကူးတို့ဆိပ်အနီးတွင် 17.6.2013နေ့ကပင် ရေနစ်သေဆုံးသွားသည်ဟုသာ သိရပါသည်
19.6.2013နေ့နံက် ၉း၃၀တွင် သေဆုံးသူ၏အလောင်း ရေပေါ်သို့ပြန်လည်ပေါ်လာသောအခါ၌ ပုံပါအတိုင်း လက်နှစ်ဖက်ကို နောက်ပြန်လက်ထိပ်ခတ်လျှက် ခြေထောက်ကိုပါ သံကြိုးတွဲခတ်ထားသည်ကို ရင်နင့်ဖွယ်တွေ့မြင်ရပါသည်။ မိဘညီအကိုမောင်နှမများမှာ ယူကြုံးမရဖြစ်ရပါသည်။
မသန်းသန်းအေးရေနစ်သေဆုံးမှူ့ အဖြစ်မှန်ကို ရှင်းရှင်းလင်းလင်း အခုချိန်ထိ မသိရသေးပါ၊
ဤသို့နစ်နာမှူ့များနှင့် မြန်မာနှိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ ဥပဒေမဲ့လုပ်ရပ်များတွင် ဘယ်သူ့မှာ တာဝန်ရှိပါသနည်း။ တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေသူများမှာ တရားဥပဒေစိုးမိုးရေးတာဝန်ယူထားသော သူများသာ ဖြစ်ပါတော့သည်။

Kobon Taw
 

Post a Comment

Blogger Disqus
  1. ဥပဒေ ဆိုတာ မြန်မာ မာမရှိတော့ဘူး လား
    ခွေးမသားရဲ တို့ယေ

    ReplyDelete
  2. အဲဒီအမျိုးယုတ် အသားထဲကလောက်ထွက်နေတဲ့ရဲဆိုတဲ့ကောင်တွေကို ဒီအတိုင်းထားကြတော့မှာလား အမျိုးနာတယ်

    ReplyDelete

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...