Ads (728x90)


Thursday, June 20, 2013

မလေးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ပြန်လာသည့် မြန်မာအလုပ်သမားများကို ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းများတွင် အလုပ်ပြန်ရှာပေးရန် နေပြည်တော်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနမှ စာရင်းကောက်ယူလျက်ရှိသည်ဟု ယင်းဝန်ကြီးဌာန၏ ရုံးအဖွဲ့မှူးက ပြောသည်။

လက်ရှိအချိန်တွင် ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းများတွင်သာ အလုပ်ရှာပေးမည်ဖြစ်ပြီး မလေးရှားသို့ပြန်သွားရန် ခွင့်ပြုထားခြင်းမရှိသေးဟုလည်း သိရသည်။

ပြန်ရောက်လာသူများထဲတွင် ပြည်တွင်းတွင် အလုပ်ပြန်ဝင်လိုသဖြင့် ဝန်ကြီးဌာနသို့ စာရင်းပေးထားသူဦးရေမှာ ဇွန်လ ၁၉ ရက် နံနက်ပိုင်းအထိ ၁၄ ဦး ရှိနေသည်။

စာရင်းပေးလာသူများကို ရန်ကုန်တိုင်းဒေသကြီး၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ပြည်တွင်းရှိ လုပ်ငန်းရှင် များနှင့် ချိတ်ဆက်၍ ¤င်းတို့၏ ကျွမ်းကျင်မှုပေါ်မူတည်ပြီး အလုပ်ရရှိရေးကို ဆောင်ရွက်ပေးသွားမည် ဖြစ်သည်ဟုလည်း ဝန်ကြီးဌာနမှ သိရသည်။

နေပြည်တော်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ရုံးအ ဖွဲ့မှူးက ''ပြည်တွင်းမှာ အလုပ်ပြန်
ဝင်ဖို့ အတွက်ပဲ စာရင်းယူထားတာပါ၊ မလေးရှားမှာ အလုပ်ပြန်သွားလုပ်ဖို့ ခွင့်မပြုသေးပါ ဘူး'' ဟု ပြောသည်။

မလေးမှ ခွင့်ယူပြီး ပြန်လာသူများမှာမူ ဆန္ဒအတိုင်းသာဖြစ်ပြီး ပြန်သွားလိုပါကလည်း ပြန်သွားနိုင်သည်ဟု သိရသည်။ မလေးရှားမှ ပြန်ရောက်လာသူများထဲမှ ပြည်တွင်းတွင် အလုပ်ပြန်ဝင်လိုသူများ အနေဖြင့် နေပြည်တော် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဖုန်းနံပါတ် ဝ၆၇ ၄၃ဝဝ၇၉ သို့ ဆက် သွယ်စာရင်းပေးနိုင် သည်။

လက်ရှိတွင် မလေးရှားနိုင်ငံသို့ မြန်မာ အလုပ်သမားစေလွှတ်ခြင်းကို ခေတ္တရပ်နားထားပြီး ပဋိပက္ခများ တည်ငြိမ် သွားပါက ပြန်လည်ခွင့်ပြုသွားမည်ဟု ပြည်ထောင်စုဝန် ကြီးက ပြောကြားထားသည်။

မလေးရှားမှ ပြန်ရောက်လာသူ အရေအတွက် မြင့်တက်လာမှုအပေါ်မူတည်၍ မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့ ဦးရေ တိုးလာနိုင်သည်ဟု မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမင်းလှိုင် ကလည်းပြောသည်။

Mizzima

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...