Ads (728x90)




မိမိတို့၏ facebook စာ မျက်နှာများ ၀ယ်ကြိုက်နှစ် သက်သူများ ပြားလာစေသည့် ဆော့ဖ်ဝဲများ အသုံး ပြုခြင်းသည် အန္တရာယ်မ ကင်းကြောင်း အိုင်တီကျွမ်း ကျင်သူတို့ ကထောက်ပြ ကြသည်။ facebook စာ မျက်နှာ များဝယ် Like တက်စေသော ဆော့်ဖ်ဝဲ အမျိုး မျိုးရှိကြပြီး၊ ယင်းတို့ကို အခမဲရယူနိုင် သည့်ပြင် အသုံး ပြုရန် လည်းလွန်စွာ လွယ်ကူလှ သောကြောင့် အချို့ သော စာမျက်နှာပိုင် ရှင်များက ယင်းဆော့ဖ်ဝဲ များကို အသုံးပြုလျှက် ရှိကြသည်။
ယင်းဆော့ဖ်ဝဲ များမှာမိမိ ကွန်ပျူ တာမှပင် အသုံးပြု နိုင်သည့် ဆော့ဖ် ၀ဲနှင့်အွန် လိုင်းမှ အသုံးပြု ရသော ဆော့ဖ်ဝဲဟူ၍ နှစ်မျိုးကွဲပြား နေသော် လည်း အဆိုပါဆော့ဖ်ဝဲများသည် facebook ၏ အားနည်းချက်ဟာကွက်ကို တရားမ၀င် အသုံး ချခြင်းဖြစ်သည်။
Like တက်နှုန်း ပုံမှန်ထက်များစွာမြန်ဆန်လာလျှင် facebook မှ ယင်းစာမျက်နှာအား ပြန်လည်စစ်ဆေးလေ့ ရှိပြီး၊ မိမိ Like မလုပ်ပဲ Like ဖြစ်နေကြောင်း တိုင်ကြားသူများရှိလာလျှင်မူ facebook မှ ယင်း စာမျက်နှာအား ယာယီပိတ်ပြီး ပြန်လည်စစ်ဆေးမည်ဖြစ်သည်။
"အမှန်က hijacked account(ခိုးထားတဲ့အကောင့်)တွေကို greasemonkey(Firefox တွင် အသုံးပြုရသည့် ဆော့ဖ်ဝဲ)အတွက် userscript ရေးပြီး loop ပတ်ပစ်တာပါပဲ အဲဒါကို အသုံးရလွယ်အောင်လုပ်ထားပြီး autolike ဘာညာပြောနေကြတာ" အိုင်တီကျွမ်းကျင်သူတစ်ဦးကပြောသည်။
"တစ်ခုတော့ရှိတယ် fb က suspect ဖြစ်ရင်တော့ hijacked account တွေကို ပြန်စစ်လိမ့်မယ်ခုတလော တချို့ page တွေ နဲ့ အကောင့်တွေ report ထိတာလည်း အဲဒီလိုပဲ zombie တွေနဲ့ auto ဗျင်းနေကြတာ" ဟု သူကဆက်ပြောပါသည်။ ထို့အပြင် ယင်းဆော့်ဖ်ဝဲများအနက် အချို့သည် အသုံးပြုသူ၏ ကွန်ပျူတာအတွင်းသို့မသမာသော ကွန်ပျူတာပရိုဂရမ်များ ထည့်သွင်းတတ်လေ့ရှိသောကြောင့် မိမိကွန်ပျူတာအတွက် လွန်စွာအန္တရာယ်ရှိကြောင်း အင်တာနက်စာမျက်နှာအချို့တွင်ဆိုထားသည်။
facebook ၏ အားနည်းချက်ဟာကွက်များကို facebook တွင် တာဝန်ထမ်းဆောင်နေကြသည့် ကျွမ်းကျင်သူပညာရှင်တို့က သိရှိလျှင် သိရှိခြင်း အမြန်ဆုံးပြင်ဆင်လျှက်ရှိကြသည်။
Popular News

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...