Ads (728x90)





လူမျိုးဟူသောဝေါဟာရကို မြန်မာအဘိဓာန်တွင် "အမျိုးအနွယ်" တစ်ခုတည်းမှ ပေါက်ဖွားလာသော ဓလေ့ထုံးတမ်း
အစဉ်အလာမှအစ တူညီသည့်လူစု"ဟု ဖွင့်ဆိုထားပါသည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းအစ
ရှိသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားလူမျိုးအားလုံးတို့သည် အမျိုးအနွယ်အလိုက် ခေတ်
အဆက်ဆက်မှပင်စတင်၍တည်ရှိခဲ့သော ကြီးကျယ်ခမ်းနားသော "စွမ်းဆောင်ချက်များ" ၊ "ဂုဏ်" သိက္ခာများသည်
ကျွန်ုပ်တို့ အားလုံးတို့ ၏ အမျိုးဂုဏ် မျိုးရိုးဂုဏ်များပင် ဖြစ်လေသည်။

"ဇာတိ" ဟူသည်မှာကား ပါဠိဝေါဟာရ ဖြစ်ပါသည်။ " ဖြစ်ခြင်းဘ၀၊ မွေးဖွားခြင်း၊ မွေးဖွားရာအမျိုး " ဟူ၍တိုက်ရိုက်
အနက်အဓိပ္ပါယ် ပြန်ထားပါသည်။ "ဖြစ်ခြင်းဘ၀"၊"မွေးဖွားခြင်း"၊"မွေးဖွားရာအမျိုး" ဟူသည်မှာကား တိုင်းရင်းသား
လူမျိုးအားလုံးတို့၏ ဘိုး၊ ဘွား၊ ဘီ၊ ဘင်များ၏ အသက်ပေါင်းများစွာ စတေး၍ အသက်သွေးချွေး၊လုံးလ၊ ၀ီရိယပေး
စပ်ကာတည်ထောင်ထားရှိခဲ့သော ကျွန်ုပ်တို့ အားလုံးမွေးဖွားရာဒေသဖြစ်သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး
ပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့ အားလုံးတို့၏ "ဇာတိ"ပင်ဖြစ်ပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအတွင်းရှိ အမျိုး
သားကောင်း၊ အမျိုးသားသမီးအပေါင်းတို့သည်မွေးဖွားလာသည့်အချိန်မှ စတင်၍အသက်သေဆုံးသည့်တိုင်အောင်
မိမိတို့၏ "အမျိုးဂုဏ်နှင့် ဇာတိဂုဏ်" ကိုမစွန့်ပယ်ကြပဲအသက်ဖြင့်လဲကာ ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြလေသည်။

စင်စစ်မူရကား "အမျိုးဂုဏ်၊ဇာတိဂုဏ်" ဆိုသည်မှာ ကျွန်ုပ်တို့ အားလုံးတို့ ၏ "ပြည်ထောင်စုမြန်မာနိုင်ငံ"နှင့် မြန်မာ
တိုင်းရင်းသားအားလုံးတို့အတွက် မည်သို့ မျှတန်ဖိုး၍မရနိုင်သောဘိုးဘွား၊ဘီ၊ ဘင်တို့ ၏ "အသက်ဝိညာဉ်"များပင်
ဖြစ်လေသည်။

မြန်မာလူမျိုးတို့ ၏ "အမျိုးဂုဏ်၊ဇာတိဂုဏ်" သည် မြန်မာ့သမိုင်းတလျောက်တွင်သာမက ကမ္ဘာ့ သမိုင်းကြောင်းတွင်
မှာပါ "သမိုင်းသုတေသီပညာရှင်"တို့ သည် ဤသို့ မှတ်တမ်းတင်ထားခဲ့ကြလေသည်။ ကမ္ဘာ့ သမိုင်းသုတေသီပညာ
ရှင်တို့ မှတ်တမ်းတင်ကာ မြန်မာနိုင်ငံသားများအကြောင်း ရေးသားပြုစုခဲ့သော စာတမ်းပါ အချက်အလက်များမှာ -

မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားအားလုံးတို့၏ သည် သတ္တိရှိသည်၊ ဇွဲနပဲကြီးသည်၊ စိတ်ရှည်သည်၊ သည်းခံသည်။
ခွင့်လွှတ်တတ်သည်၊ စိတ်ဆိုးလျှင်လဲခဏသာဖြစ်၍ ကျေလွယ် အေးလွယ်သည်။ အငြိုးကြီးသူမဟုတ်၊ အာဃာတ
ကြီးမားသူများမဟုတ်၊ လက်စားချေတတ်သူများမဟုတ် သို့သော် ညှာလွယ်သူများ မဟုတ်ကြပေ။ အမျိုးကိုစောင့်
ရှောက်သည်။ မိမိ၏အသက်ထက် အမျိုးကိုချစ်သည်ဟူသော "အမျိုးဂုဏ်၊ဇာတိဂုဏ်" နှင့်အမျိုးသားရေးလက္ခဏာ
များဖြင့် ပြည့်စုံသူတို့ဖြစ်ကြသည်လေဟု "ကမ္ဘာသမိုင်း" တွင် ထင်ရှားကျာ်ကြား ခဲ့ကြသူများပင် ဖြစ်ကြလေသည်။

စင်စစ်နိဂုံးချုပ်ရသော် မြေပြို၍လည်း နိုင်ငံမပျောက်နိုင်၊ မြေမြို၍လည်း လူမျိုးတစ်ခုလုံး မပျောက်နိုင်ပေ။ တိုင်းရင်း
သားလူမျိုးအားလုံးတို့ သည် မိမိ၏အမျိုးအနွယ်ကို မထိန်းသိမ်း၊မစောင့်ရှောက်နိုင်မှသာလျှင် နိုင်ငံလည်းသုန်း။ လူ
မျိုးလည်းပြုန်းအဖြစ်သို့ ရောက်ကြရပေလိမ့်မည်။ လူသားချင်းတူသော်လည်း မျိုးချစ်စိတ်ရှိသူနှင့်အမေကျော်၍ဒွေး
တော်သူကို လွမ်းချင်သူတို့တို့ ကား အလှမ်းဝေးလွန်းလှပါသည်။ အကျွန်ုပ်တို့ အားလုံးတို့ သည် ကျွန်ုပ်တို့၏ လက်
ထက်တွင်ပြည်ထောင်စုမြန်မာနိုင်ငံနှင့် မြန်မာတိုင်းရင်းသားအားလုံးအတွက်မည်သိုမျှ တန်ဖိုးဖျတ်၍မရနိုင်သောဘိုး
ဘွား၊ ဘီ၊ ဘင်တို့ ၏ အသက်သွေးချွေး "အသက်ဝိညာဉ်" များဖြင့်စတေး၍ ပေးစပ်ကာ ရရှိထားသောပြည်ထောင်စု
မြန်မာနိုင်ငံတော်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မပျောက်ပျက်၊ မတိမ်ကောကြရလေအောင် ဆထက်ထမ်းပိုး၊ တိုး၍
တိုး၍သာကြိုးစားသင့်သည် မဟုတ်ပါလော့ တိုင်းရင်းသား သွေးချင်းညီအစ်ကို မောင်နှမအပေါင်းတို့ ခင်ဗျား။



by အာရဗီအစ္စလာမ်မလေးများ၏ ကြေကွဲဖွယ်ရာများ on Wednesday, 9 January 2013 at 15:32 ·

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...