Ads (728x90)

ယဉ်ကျေးမှုနယ်ချဲ့တာက စစ်တိုက်ပြီးနယ်ချဲ့တာထက်ပိုဆိုးတယ်ဆိုတဲ့ စာရေးဆရာမ မစန္ဒာနှင့်တွေ့ဆုံခြင်း

မြန်မာမိန်းကလေးတွေ အရက်သောက်ခြင်းရဲ့ အန္တရာယ်

ကိုရီးယားမှာ အရက်သောက်တာက သူတို့ဆီမှာ ရာသီဥတုကလည်း အေးတယ်။ ယဉ်ကျေးမှုအရလည်း လက်ခံတယ်။ မြန်မာပြည်မှာက မတူဘူးလေ။ ဟိုး ပုဂံခေတ်ကစပြီး ဒီနေ့အထိ အရက်ဆိုတာ မိန်းမသားနဲ့မဆိုင်ဘူးလို့ နေထိုင် သတ်မှတ်ခဲ့ကြတာပဲ။ ဒါပေမဲ့ အခုတော့ Supermarket တွေမှာ အရက်ပုလင်းကို ပေါ်ပေါ်ထင်ထင် ၀ယ်နေတဲ့ မိန်းကလေးတွေ၊ ``ညကျရင် ဆုံရအောင်၊ ဒီမှာ ပုလင်းဝယ်ထားပြီးပြီ´´လို့ လက်ကိုင်ဖုန်းလေးနဲ့ လှမ်းပြောတာကို ကြားလိုက်ရသေးတယ်။ ``မိန်းကလေးလည်း အတူတူပဲ၊ အရက်သောက်တော့ ဘာဖြစ်သေးလဲ´´ဆိုတဲ့ ပုံစံအနေအထားနဲ့ပေါ့။ ဘီယာဆိုင်တွေမှာ အုပ်စုဖွဲ့ပြီး ပေါ်ပေါ်ထင်ထင်ထိုင်ကြတာတွေကို လည်း တွေ့နေရတယ်။

အရက်ဆိုတာ မူးအောင်သောက်မိရင် အသိစိတ်ဓာတ်မလွတ်ပါဘူးလို့ ဆိုဦးတော့ အင်မတန်ကို ရဲတင်းသွားပါပြီ။ ဒါကို ရဲဆေးလို့တောင် ပြောကြ တယ်မဟုတ်လား။ သိပ်ရဲတင်းသွားတော့ သာမန်အချိန်မှာ မလုပ်ရဲတာတွေ ကိုတောင် လုပ်ရဲသွားတတ်တယ်လေ။ ပြီးခဲ့တဲ့ သင်္ကြန်မှာ မဏ္ဍပ်စင်ပေါ် တက်ပြီး ပေါ်ပေါ်ရော်ရော်ဖြစ်နေတဲ့ မိန်းကလေးတွေ တွေ့နေရပြီလေ။ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်အောင် မူးနေတဲ့ မိန်းကလေးတစ်ယောက်မှာ လူမှုရေးအန္တရာယ်တွေ ၀ိုင်းနေပါပြီ။ သိက္ခာလည်း အများကြီး ကျနေ ပါပြီ။ မြန်မာမိန်းကလေးတွေ ပညာနဲ့ သတိနဲ့ ဆင်ခြင်ကြစေချင်တယ်။

Eternal Light Magazine
January 2013

အေးချမ်းမွန်မှ FB Youth Activities (MYANMAR) တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
ယဉ်ကျေးမှုနယ်ချဲ့တာက စစ်တိုက်ပြီးနယ်ချဲ့တာထက်ပိုဆို
းတယ်ဆိုတဲ့ စာရေးဆရာမ မစန္ဒာနှင့်တွေ့ဆုံခြင်း

By :
Thar Nge shared Aye Chan Mon's photo.

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...