Ads (728x90)

Photo: စိတ်ဓါတ်နှင့် စာရိတ္တမြင့်မားရေးတို့ အတွက်(ဂုဏ်ပြုထိုက်သူကိုဂုဏ်ပြုပါ)

ယနေ့နံက် ၁၀း၀၀ နာရီခန့်က ဖြစ်ရပ်လေးတစ်ခုပါခင်ဗျာ။ သူ့နာမည်က
ကိုဖိုးဇင် လို့ခေါ်ပါတယ်။ သူ့အလုပ်က "စည်ပင်သာယာ" မှသန့်ရှင်းရေး
လုပ်သားတဦး ဖြစ်ပါတယ်။ ဖြစ်ပုံလေးကဒီလိုပါ။

၃၂ လမ်း x ၈၅လမ်း မှာရှိတဲ့ ဘော်ဒါဆောင်ကြီးတစ်ခု၇ဲ့ ဆရာတစ်ဦးဟာ
သူ့၇ဲ့ ဟမ်းဖုန်း ပျောက်သွားခဲ့ပါတယ်တဲ့။ တနေ့ ကတည်းကပျောက်သွား
ခဲ့တယ်လို့ သိ၇ပါတယ်။ ဘယ်လိုမှလည်း ထပ်ပြီးဆက်သွယ်လို့ မရတော့
လို့ အပျောက်လျှောက်ဖို့ စိတ်ကူး ထားကြတယ်။

ဒီနေ့မနက် ၉း၃၀ နာရီခွဲလောက်မှာ ဒီဖုန်းကို လူတဦးက ခေါ်မိခဲ့ပါတယ်။
ဖုန်းပျောက်နေမှန်း မသိပါဘူး။ ဖုန်းဝင်သွားတော့ အဲဒီဖုန်းက အမှိုက်ပုံထဲ
ရောက်နေပါသတဲ့။ လာပြန်ယူပါလို့ဆိုပြီးပြောလို့ ဖုန်းပိုင်ရှင်ကို သွားခေါ်
ပြီး ဖုန်းပြန်ယူခဲ့ကြပါတယ်။

၃၃လမ်း x ၇၉လမ်းထောင့် မှာရှိတဲ့ အမှုက်ပုံးထဲကနေ ကိုဖိုးဇင်ဆိုသူက
တွေ့ထားလို့ အထက်လူကြီးကို အပ်နှံထားရာက ပိုင်ရှင်ပြန်တွေ့လို့ပြန်
ပေးခဲ့ကြတာပါ။ ဖုန်းပိုင်ရှင်လုပ်သူက ကိုဖိုးဇင်၇ဲ့ စိတ်ဓါတ်နဲ့စာရိတ္တကိုသ
ဘောကျကာ မုန့်ဖိုးငွေကျပ် ၁၀၀၀၀ ထုတ်ပေးတဲ့အခါ နေပါစေလို့ပြုံးပြီး
ငြင်းပါတယ်။

အထက်လူကြီးကမှတဆင့် ယူလိုက်ပါလို့ ဆိုမှသာ အားနာဟန်နဲ့လက်ခံ
ပေးခဲ့ပါတယ်။ ကဲကျနော်တို့ တွေ ကိုဖိုဇင်ရဲ့ စိတ်ဓါတ်နဲ့စာရိတ္တကို ဂုဏ်
ပြုသင့်တယ် ထင်မိလို့ စာတစ်တန်ပေတစ်ဖွဲ့ရေးဖွဲပြီး တင်ပြရခြင်းဖြစ်ပါ
တယ်။

မိတ်ဆွေတို့အနေနဲ့ ကိုဖိုးဇင်ကို ဂုဏ်ပြုသင့်တယ် ထင်ရင် ညီအစ်ကိုတို့
ဆီကကွန်မတ်လေး တကြောင်းလောက်ဖြစ်ဖြစ်ပေါ့ ဖတ်ကြည်ခွင့်ရချင်ပါ
တယ် ခင်ဗျား။

2Unlike · ·
  • You and 14 others like this.
  • Suu Ma Ma ကိုဖိုးဇင်ရဲ့စိတ်ဓါတ်ကိုလေးစားရုံမျှမကတစ်မျိုးသားလုံးလိုက်နာကျင့်သုံးရမှာပါ...
  • Fore Tint ကျေးဇူပါ
  • Nay Myo ဒီလိုလူမျိုးတွေ ဒီလိုသတင်းတွေ ကြည့်ပြီး သူ့အတွက်ရောတိုင်းပြည်အတွက်ပါကြည်နူးဂုဏ်ယူမိပါတယ်
  • Shwe Yoke ဘယ်လိုချီးကျူးဂုဏ်ပြုရမှန်းမသိတော့ပါဘူးရှင်
  • Sankey Ksl ဒါမှ ယောကျာင်္း ကောင်းကွ။
  • ကိုအောင်နန္ဒစိုး ခထ ကိုဖိုဇင်ရဲ့သီလနဲ့သမာဓိကိုလေးစာပါတယ်
  • Min Mon အဲဒီစိတ်ဓာတ်လေးကို တသက်လုံး ထိန်းသိမ်းထားနိုင်ပါစေလို့ မျှော်လင့်ပါတယ်.. လေးစားပါတယ်..
  • Than Tun Oo သားတိုင်းအတုယူနိုင်ကြပါစေ။လေးစားပါတယ်ကိုဖိုးဇင်
  • Shwe Yoke အကိုစံကျေး ဒဒါကိုအတုယူပီးအရင်အကျင့်ဟောင်းကိုစွန့်လိုက်ပါေ့နော်
  • Moeminndollar Minn သူလိုလူမျိုးရှားသွားပြီ

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...