Ads (728x90)

ရက္ခိုင်တပ်မတော်လည်း KIA နှင့် လက်တွဲတိုက်ပွဲဝင်နေသည်ဟု ဆို

By Coral Arakan News ၊ 30 December 2012

ကေအိုင်အေ တပ်များအကြောင်း နှင့် လက်ရှိ ဗမာ-ကချင် တိုက်ပွဲများကို အချိန် နှင့် တပြေးညီဖော်ပြနေသော Kachin Soldiers ဖေ့စ်ဘုတ် စာမျက်နှာ ၏ ဓါတ်ပုံ တစ်ပုံတွင် ရက္ခိုင့်တပ်မတော် AA ၏ လက်မောင်းတံဆိပ်ကို ဖော်ပြထားပြီး “ဗမာစစ်တပ်၏ ထိုးစစ်များကို ကေအိုင်အေ နှင့် လက်တွဲကာ ဆန့်ကျင်တိုက်ပွဲဝင်နေကြသော ရက္ခိုင်တပ်မတော်မှ စစ်သည်များအတွက် ကျွန်ုပ်တို့ ကချင်တိုင်းရင်းသားများက ဂုဏ်ယူဝမ်းမြောက်ပါသည်” ဟု အင်္ဂလိပ်ဘာသာဖြင့် ရေးသား စာတမ်းထိုးထားသည်။

မူရင်း အင်္ဂလိပ်ဘာသာ ၀ါကျမှာ “We Kachin nationals are proud of Arakan Army Soldiers fighting alongside KIA against Burmese army's offensive.” ဟူ၍ ဖြစ်သည်။

(Coral Arakan News)

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...