Ads (728x90)

၂၀၁၄ မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်

SATURDAY, DECEMBER 29, 2012  အိမ့်သံစဉ် 

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့  သမ္မတ ဖြစ်နိုင်ခြေ ရှိတယ်လို့ မြန်မာနိုင်ငံက နာမည်ကြီး နက္ခတ ဗေဒင်ဆရာတဦးဖြစ်သူ ဆရာ စံဇာဏီဘို က ဟောကိန်း ထုတ်လိုက်ပါတယ်။  

"Maybe after July 7, 2014, onwards Aung San Suu Kyi will become president. Before the next election, she will be the president. … There might be a coalition government or something like that and then she can get the post of president. Then in the 2015 election she will be elected as president again. " ဆရာ  စံဇာဏီဘိုရဲ့ ဟောကိန်းဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်၂၀၁၄ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်လာနိုင်ဖွယ်ရှိပြီး ညွှန့်ပေါင်းအစိုးရပုံစံမျိုးပေါ်ထွက်လာနိုင်ကြောင်း၊ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအပြီးမှာ လည်း ဒေါ်အောင်ဆန်းစုကြည် ဟာ သမ္မတအဖြစ် ထပ်မံ ရွေးချယ်ခံရဖွယ်ရှိတယ်လို့ ဆရာ စံဇာဏီဘိုက ကြိုတင်ဟောကိန်းထုတ်လိုက်ခြင်းဖြစ်ပါတယ်။ 

၂၀၁၂ နှစ်ကုန်လို့ ၂၀၁၃ ခုနှစ်အတွက် ဗေဒင်၊ နက္ခတ်နည်းတွေနဲ့ ဘယ်လို ခန့်မှန်းသုံးသတ်မလဲ ဆိုတာ ဧရာဝတီနဲ့ ဆရာ စံဇာဏီဘိုတို့ ဒီဇင်ဘာလ ၂၄ ရက်နေ့က တွေ့ဆုံမေးမြန်းခဲ့ကြရာမှာ အခုလို ခန့်မှန်း 
ဟောကိန်း ထုတ်လိုက်တာဖြစ်ပါတယ်။ 

၂၀၁၃ ခုနှစ် အစောပိုင်းမှာ ၀န်ကြီးဌာန အကြီးအကဲတွေ အပြောင်းအလဲဖြစ်နိုင်တယ်လို့ ဆိုပြီး လက်ရှိ လွှတ်တော်အမတ် တဦးထက်ပိုပြီး လုပ်ပိုင်ခွင့် အာဏာတွေ ပိုရလာနိုင်ပြီး သမ္မတ မဟုတ်သော်လည်း ဒုတိယ သမ္မတလိုမျိုး ဖြစ်လာဖို့ ရှိတယ် လို့ ဆရာ စံဇာဏီဘိုက ဆိုပါတယ်။ 

လာမယ့် ၂၀၁၃ ခုနှစ်မှာ အပေါင်းလက္ခဏာဆောင်တဲ့ ဖြစ်ရပ်တွေ တွေ့ရနိုင်ဖွယ်ရှိပြီး တကယ့် အပြောင်း အလဲကြီးတွေ ဟာ ၂၀၁၄ လောက်မှာ ဖြစ်နိုင်တယ်လို့ ဟောကိန်းထုတ်ပြီး ၂၀၁၄ ခုနှစ် ဇူလိုင်လ ၇ ရက် 
နေ့နောက်ပိုင်း မြန်မာနိုင်ငံဟာ အရာရာ အကောင်းဘက်ကို ရောက်လာမှာဖြစ်ပြီး ၁၉၈၈ ခုနှစ်က အိပ်မက် 
တွေလည်း လက်တွေ့အကောင်အထည်ပေါ် လာနိုင်ဖွယ်ရှိတယ်လို့ ဆရာ စံဇာဏီဘိုက ဆိုပါတယ်။ 

စစ်တပ်က အာဏာ ပြန်သိမ်းမယ့် အဖြစ်မျိုး ဖြစ်လာနိုင်ဖွယ် မရှိဘူးလို့လည်း ဆရာ စံဇာဏီဘိုက ခန့်မှန်း တွက်ချက်ထားပါတယ်။ ဆရာ စံဇာဏီဘိုဟာ နိုင်ငံရေး အကျဉ်းသားဟောင်း တဦးလည်းဖြစ်တာမို့ အခု အင်တာဗျူးမှာ သူ့ရဲ့ ထောင်တွင်း အတွေ့အကြုံ တစိပ်တပိုင်းကိုလည်း ပြောထားပါတယ်။ 

အသေးစိပ်ကို ဧရာဝတီ အင်္ဂလိပ်ပိုင်းက PAUL VRIEZE ရေးသားတဲ့  Suu Kyi President in 2014? Just Ask the Stars…ဆိုတဲ့ အင်တာဗျူးမှာ ဖတ်ရှု့ နိုင်ပါတယ်။ 

  ဆရာ စံဇာဏီဘို၊ ဓာတ်ပုံ- ဧရာဝတီ

အေးချမ်းမွန်မှ  ဧရာဝတီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...