Ads (728x90)

ထားဝယ် က - မူဒူးကျေးရွာမှာ ရွာသားတွေ မြေလျော်ကြေးကိစ္စပြောသမျှ နားဆင် ခဲ့ရ

လျော်ကြေးရပြီးသားဥယျာဉ်ခြံ နှင့်လယ်မြေများရှိသလို လျော်ကြေးမရသေး တာတွေလည်း အမြောက်အများ ကျန်ရှိ နေပါသေးတယ် ။ လျော်ကြေးပေးတဲ့အခါ ကျေနပ်တဲ့လူတွေရှိသလို - မကျေနပ်တဲ့လူတွေလည်းရှိပါတယ် ။ လျော်ကြေး ပေးတဲ့အခါ မှားယွင်းပေးလျော်မှုတွေလည်းရှိတယ်လို့ သိရပါတယ် ။ မိမိတို့ ခြံမြေလျော်ကြေးကို လုံးဝ မရရှိဘဲ အခြားသူတွေက ကြားဝင်ထုတ်ယူသွားတာမျိုးတွေလည်းရှိပါတယ် ။ တိုင်ကြားဖူးသူတွေရှိသလို မတိုင်ကြားဘူး သူတွေလည်းရှိပါတယ် ။ ရပ်ကွက်အုပ်ချုပ်ရေးထက်ပိုမိုတိုင်ကြားဖူးတာမရှိပါဘူး ။ တိုင်ကြားတဲ့အခါမှာ ခေါ်ယူတွေ့ ဆုံပေးတာမျိုးလည်း မရှိဘူးလို့ဒေသခံတွေကပြောကြပါတယ် ။

By :

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...