Ads (728x90)

ထားဝယ် - ပုကောဇွန်းကျေးရွာအုပ်စုမှာ - မြေသိမ်းခံရသူတွေ ပြောသမျှ ဇာတ်လမ်းတွေ၇ 

ဦးထွန်းလွင် - လျော်ကြေးကိစ္စပြောစရာရှိပါတယ် ။ IDT စရောက်စဉ် လွန်ခဲ့တဲ့ ၃ နှစ်က ကျနော့်ခြံ ၄.၅၉ ရှိတယ် ။ သစ်ပင်စစ်တမ်းကောက်တာက လွန်ခဲ့တဲ့ ၃ နှစ်က ။ အဲဒီတုံးက ကျနော့်ပင်တွေက ပင်ငယ်ပေါ့ဗျာ ကျနော်က တောက်လျှောက်ပြုစုလာတာ အခု ၂၀၁၂ ခု နှစ် ၁၂ လပိုင်းမှာ ပင်လတ် ပင်ကြီးတွေညဖစ်နေပြီ ပင်ငယ်ဈေး နဲ့ ရှင်းမယ်လို့ပြောတော့ ကျနော် မယူတော့ဘူး ။ မြို့တော်ခန်းမမှာ ပေးတာ ။ သီဟိုဠ်ပင်တန်ဖိုးလည်းမပေးဘူး ။ အခုထိ လျော်ကြေးလုံးဝလက်မခံသေးဘူး ။ နောက်တစ်ခြံက လည်း ၂ ဧကကျော်ရှိတယ် - တစ်နှစ်ကနေ ခြောက်နှစ်ကို ပင်ငယ်လို့ IDT က သတ်မှတ်တာကို မကျေနပ်ဘူး - သုံးနှစ်သားအထိကိုဘဲ ပင်ငယ်လို့သတ်မှတ်တာလိုချင်တယ် ။ ၄ နှစ်က နေ ၇ နှစ် ထိ ပင်လတ်ဆိုပြီးသတ်မှတ်ချင်တယ် ။ စိုက်ပျိုးထားသမျှသစ်ပင်အားလုံးကို လျော်ကြေးလိုချင်ပါ  တယ် ။ လျော်ကြေးမယူတဲ့ခြံတွေကို စိစစ်ရေးအဖွဲ့ရောက်နေတယ် ။ ဆွေးနွေးတာကို ကျနော်တို့ ခြံထဲမှာဘဲ နှစ်ဘက် အပြီးသတ်ဆွေးနွေးချင်တယ် ။ သူတို့ရုံးကို ခေါ်ပြီးဆွေးနွေးတာမျိုးကိုမကြိုက်ဘူး ။ လျော်ကြေးမညီမျှတာကို သက်သေ တွေတင်ပြဖို့ ဆန္ဒရှိတယ်

By :

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...