Ads (728x90)





ကျနော် တနေ့က ရန်ကုန်မြို့ရဲ့ နာမည်ကြီး ဟိုတယ် တစ်ခုကို ရောက်ခဲ့တယ် ခင်ဗျ ။ ကျနော့်မိတ်ဆွေ တစ်ယောက်က ထိုဟိုတယ်မှာ တည်းနေတဲ့အကြောင်း ၊ နေ့လည် ထမင်းစားချိန်တွင် လာပြီး မြန်မာထမင်းဆိုင်ကောင်း ကောင်းမှာ လိုက်ကျွေးပါလို့ ပြောလာတော့ ကျနော့် အနေနဲ့ သူတည်းခိုနေတဲ့ ဟိုတယ်ကို သွားပြီးတော့ သူ့ကိုသွားခေါ်ရတာပေါ့ ။ အဲလိုနဲ့ ဟိုတယ်ကိုရောက်တော့ ကိုယ်တော်ချောက ထွက်လာတေ
ာ် မမူသေးတာနဲ့ ဟိုတယ်ဧည့်ကြို ကောင်တာနားမှာ ရှိတဲ့ စားပွဲအနီးအနားမှာ ထိုင်ပြီးစောင့်နေရတာပေါ့ဗျာ ။ အဲဒီမှာ ကျနော့်ထက် အလျင် ဦးအောင်ထိုင်နေကြတဲ့ ကုလားဖြူ လင်မယားကလည်း ထိုင်နေတော့ ၊ ကျနော့်က အိခ်ျကျုမီ ပေါ့ ဗျာ ။ အဲဒီမှာယောကျာင်္းလုပ်တဲ့သူက ကျနော့်ကို ပြုံးပြပြီးတော့ လက်ကလေးနဲ့ ထိုင်ပါဆိုတဲ့ ပုံလေးလုပ်ပြတော့ ကျနော်လည်း လွတ်နေတဲ့ ခုံလေးမှာ ထိုင်လိုက်ပါတော့တယ် ။ ဒီလိုနဲ့ ဟိုတယ်မှာဖတ်ဖို့ ပေးထားတဲ့ ဗြိတိသျှ မင်္ဂဇင်းတစ်အုပ်ကို ကောက်ကိုင်လိုက်ပြီး ဟိုပုံကြည့် ဒီပုံကြည့် ပြီး လှန်လှောနေလိုက်ပြီးအချိန်ဖြုံးနေလိုက်ပါတယ် ။ ဒီလိုနဲ့ `ဧည့်ကြိုကောင်တာက မိန်းခလေးတစ်ယောက်က ဖုန်းထပြောပါတယ် ။ ဖုန်းပြောသံကြားမိပေမယ့်လို့ ကျနော်ထိုင်တဲ့နေရာက ဧည့်ကြိုကောင်တာကို နောက်ကျောပေးထားတော့ အသံပဲကြားရပါတယ် ။ ထို့နောက် ဧည့်ကြိုကောင်လေး တစ်ယောက်က လက်ထဲမှာ ဖုန်းကိုကိုင်ပြီး ဂိမ်းဆော့နေတဲ့ တရွှီးရွှီး အသံ မတိုးမကျယ်လေးကလည်း ကြားနေရပါတယ် ။ အဲဒီတော့ ကုလားဖြူလင်မယားထံက စကားသံတစ်ခု ကျနော်နားထဲကို ဝင်လာပါတယ် ။ သူတို့ပြောတာ နည်းနည်းမြန်ပေမယ့် ကျနော်သေချာသိပါတယ် ။ သူတို့ ဧည့်ကြိုကောင်တာက ကလေးတွေ အကြောင်းကို ပြောနေတာဗျ ။ အဲဒါနဲ့ ကျနော်ကြည့်နေတဲ့ စာအုပ်ကို စိတ်ဝင်စားသယောင်နဲ့စူးစိုက်ကြည့်ပြီး သူတို့ပြောနေတာတွေကို နားစွင့်လိုက်ပါတယ် ။ အင်းသူတို့ပြောတာက ............ဧည့်ကြိုကောင်တာက ကလေးတွေကိုင်တဲ့ မိုဘိုင်းဖုန်းဟမ်းဆက် တွေက တော်တော် ဈေးကြီးတယ်ပေါ့ဗျာ ။ သူတို့ လခ အလွန်ဆုံးရမှ ဒေါ်လာ ၂၀၀ ၊ ၃၀၀ ပေါ့ ။ သူတို့လခ အနေအထားနှင့်ဆို ဒီလို တန်ဖိုးကြီးဟမ်းဆက်ကို မကိုင်နိုင်ဘူးပေါ့ ၊ ဟိုတယ်ပိုင်ရှင်ကပဲ ဝန်ထမ်းတွေကို အကြွေးစနစ်နဲ့ အသုံးပြုခိုင်းစေသလား ?ဒါမှ မဟုတ် ဒီဟိုတယ်မှာ အောက်ဆိုဒ်ရှာတဲ့ နေရာများ ရှိချင်ရှိနေမှာပေါ့ဆိုပြီး ၊ ထိုလင်မယားမှ ကောက်ချက်ဆွဲလိုက်လေတော့သည် ။ အဲဒီတော့ ကျနော်ကလည်း မနေနိုင်မထိုင်နိုင်နဲ့ ဖြစ်လာပြီး လက်ထဲက စာအုပ်ကို ခုံပေါ်မှာ အသာလေးချပြီး ၊ ထိုကုလားဖြူ လင်မယားကို သေချာစိုက်ကြည့်လိုက်ပါတယ် ။ နောက်ပြီး ဧည့်

ကောင်တာက ကလေးတွေဘက်ကို လှေခါးမှ ဆင်းလာမယ့် ကျနော့် သူငယ်ချင်းကို ကြည့်သလိုလိုနဲ့ မသိမသာအကဲခတ်ကြည့်လိုက်မိပါတယ် ။ ပထမဖုန်းပြောနေတဲ့ ကောင်မလေးကတော့ ဟိုတယ်အပေါက်ဝနားမှာ မတ်တပ်ရပ်ပြီး မှန်နရံကို မျက်နှာမူလျှက် စကားပြောနေတုန်း ၊ သူကိုင်ထားတာက ပန်းသီးတံဆိပ်နဲ့မိုဘိုင်းဖုန်းဗျ ။ ထို့နောက် ကောင်တာမှာ ဂိမ်းဆော့ နေတဲ့ ကောင်လေးကိုင်ထားတာက ကာဗာ တပ်ထားလို့ ဘာတံဆိပ်မှန်းမသိပေမယ့် ၊ ခပ်ရွယ်ရွယ်လေးမို့ ကျနော့်အထင် ဆမ်ဆောင်းနုတ် ဖြစ်ဖို့များပါတယ် ။ ဒီတော့ ...ကုလားဖြူမက မလုံမလဲနဲ့ သူ့လင်ကို ပြောတယ်ဗျ ။ ဟိုလူကြီးများ ကျမတို့ပြောနေတာတွေကို ကြားသွားလားမသိဘူးတဲ့ ။ အဲဒီတော့ ကိုကုလားဖြူက ကျနော့်ကို ကြည့်ပြီးတော့ ကြားလည်း သူ သိပ်နားမလည်ပါဘူးတဲ့ ၊ သူသိတာ အိခ်ျကျုမီ နဲ့ ရက်စ် နိုးလောက်ပဲ သိမှာပါတဲ့ ဗျာ ။ အမှန်တိုင်းပြောရလျှင်တော့ ကျနော် သူတို့ ပြောနေတဲ့ အကြောင်းအရာတွေကို သိပ်ပြီးတော့စိတ်ထဲမှာ ဘဝင်မကျ တာရယ် ။ နောက် ဗိုက်ကလည်းဆာ ၊ ကျုပ်မိတ်ဆွေကို စောင့်နေရတော့ နဲနဲလေး အချဉ်ကပေါက်နေတာနဲ့ ကျနော် မနေနိုင်တော့ပဲ စပြီးတော့ ပြောချလိုက်ပါတော့တယ် ။ ခပ်ပြုံးပြုံး လေးပါပဲ ........ထုံးစံအတိုင်းပေါ့ဗျာ ။ အိခ်ျကျုမီ ..........အစချီပြီးတော့ပေါ့ ...................ဒီမယ် ခင်ဗျာ ။ ခင်ဗျားတို့ စုံတွဲပြောနေတာတွေ ကျနော် နားလည်ပါတယ် ။အဲဒီတော့ နှစ်ယောက်စလုံး မျက်လုံးအဝိုင်းသား ပါးစပ်အဟောင်းသားဖြစ်ပြီး ရှက်အမ်းအမ်း မျက်နှာပေးတွေ ဖြစ်သွားတာပေါ့ ။ ကျနော်ကလည်း ဒီအကွက်ကို ဘယ်လက်လွှတ်ခံပါ့မလဲ ဆက်ပြီး ဘိလပ်လိုတွေ ထပ်လွှတ်တာပေါ့ ။ ခင်ဗျားတို့ နိုင်ငံတွေမှာ မိုဘိုင်းဖုန်းတွေကို လမ်းဘေးက လူတိုင်းကိုင်နိုင်တယ် ။ နောက်ပြီး ခင်ဗျားတို့နိုင်ငံတွေမှာ ဒီလိုမျိုး နာမည်ကြီး ဘရန်း တွေကို ဝယ်ချင်တယ်ဆိုလျှင်

အကြွေးစနစ်နဲ့ ဝယ်လို့ရတယ် ၊ လပေး ၊ နှစ်ပေး ဒါမျိုးတွေ လုပ်လို့ရတယ် ။ နောက်ခင်ဗျားတို့နိုင်ငံတွေမှာ ဝင်ငွေကောင်းသူ တွေကိုင်တဲ့ တံဆိပ်ကို ကျုပ်တို့က

ကိုင်လို့ ခင်ဗျားတို့ အံသြနေကြလိမ့်မယ် ။ သို့ပေမယ့် ကျနော် တို့နိုင်ငံမှာတော့ ဒီလိုမျိုး နာမည်ကြီးတံဆိပ်တွေကို အသုံးပြုတယ်ဆိုတာ လူလတ်တန်းစား တွေတောင် ကိုင်ကြတယ်ဗျ ။ နောက်ပြီး အကြွေးစံနစ် မရှိဘူး ။ နောက်ဒီမှာ အလုပ်လုပ်နေတဲ့ ကလေးတွေကလည်း ငွေကြေးထက် အတွေ့အကြုံကို ဦးစားပေးပြီး လုပ်နေကြတာ ။ သူတို့ အနေအထား ကလည်း ဒီနိုင်ငံရဲ့ အဆင့်အတန်းရှိ မိသားစုဝင်တွေထဲက ပါပဲဗျ ။ ပညာလည်းတတ်ကြပါတယ် ။ ဒီမှာ ခင်ဗျားတို့ထင်သလို အင်တာနက်ထဲမှာသတင်းတွေထဲမှာလို စုတ်ပြတ် နေတဲ့ နေရာတွေ ၊ လူမျိုးတွေ ချည့်ပဲလို့မထင်ပါနဲ့ ။ ကျုပ်တို့ နိုင်ငံကို အလည်လာတာတော့ ကျေးဇူးတင်ပါတယ်။ဒါပေမယ့် ၁၉ ရာစုက အမြင်တွေကို ချန်ထားခဲ့ပါ ။ နိုင်ငံတကာမှာ ကျုပ်တို့တွေ မျက်နှာငယ်ရပေမယ့်လို့ ခင်ဗျားတို့ နိုင်ငံတွေမှာ ကုန်ပစ္စည်းအသစ်ထွက်တိုင်း ဒီနိုင်ငံကို ၁ ပတ် ၁၀ ရက်လောက်ခြားပြီး ဝင်လာနေတယ်ဗျ။ဝယ်သုံးတဲ့ လူတွေကလည်း ဝယ်သုံးကြတယ်ဗျ ။ အဲဒါ ခင်ဗျားတို့ သိသလား?

ဒီတော့ ခင်ဗျားတို့ကို တဆက်တည်း ပြောလိုက်ပါရစေဗျာ ၊ခုနိုင်ငံတကာမှာ ပြောနေကြတဲ့ လူမျိုးရေးခွဲခြားတယ်လို့ ပြောနေကြတာတွေကို ခင်ဗျားတို့ မြန်မာပြည်ရောက်တုန်းလေး သေချာလေ့လာသွားပါ ခင်ဗျာ ။ ရန်ကုန်မြို့ ၊ ဆူးလေ စေတီအနီးနားမှာ အစ္စလာမ် ဘင်္ဂလီ ဗလီကြီးလည်း ရှိသလို ၊

တဖက်မှာလည်း ဧမာနွေလ ခရစ်ယာန် ဘုရားကျောင်းကြီး ရှိနေပါတယ် ၊။အဲဒီနေရာမှ ထိုကုလားဖြူက ၊ ရက်စ် အိုင်စီးတဲ့ ဗျ ။ ဘာစီးတာလဲတော့ မသိ ။ အဲအချိန်မှာ ဧည့်ကြိုကောင်တာ ထံသို့ လျှောက်လာနေသော ရှမ်းလွယ်အိတ်လေးနဲ့ ကောင်လေးတစ်ယောက်ကို မြင်တော့ ကျနော် သူတို့ကိုပြလိုက်တယ် ။

ဟိုမှာတွေ့လား ..? အဲကောင်လေးက တိုးရစ်ခ်ျ ဂိုက် ဗျ ။ သူတပ်ထားတဲ့ ၊ နေကာမျက်မှန်ကိုကြည့်လိုက်ပါဦး ။ ဘဲဥ တံဆိပ်ကြီးပြူးနေတာပဲ ။ အဲဒါ

ဦးစ US က ထုတ်တဲ့ မျက်မှန် မဟုတ်လား ။ အဲဒါ ဒီမှာ သိပ်ခေတ်စားနေတော့ အကုန်လုံး ဥက္ကလာမျက်မှန်ကို ဘယ်လောက်ဈေးကြီး ဝယ်ဝတ်ကြတယ်ဗျ ။ တော်တော် ခက်တဲ့

မြန်မာတွေပဲနော်လို့ ကျနော်ပြောလိုက်တော့ ၊ ထိုကုလားဖြူက ရှက်ကိုးရှက်ကန်းနဲ့ ကျနော့်ကို အတင်း လက်စွဲ နှုတ်ဆက်ပြီး အမည်မေးပါတော့တယ် ။ ထိုအချိန်မှ

ဘယ်အချိန် ကတည်းကရောက်နေမှန်းမသိတဲ့ ကျနော့် သူငယ်ချင်းက ကျနော့် အမည်ကို ဝင်ပြောပြီး နှုတ်ဆက်လိုက်ပါတယ် ။ အဲတော့ မှာ ကုလားဖြူလင်မယားလည်း ရှက်ရှက်နဲ့ အပိုလိုဂျိုက်တွေ ဘာတွေ လုပ်တော့ တာပေါ့ဗျာ ။ ထို့နောက် သူတို့မှ နေ့လာစာ မစားရသေးတဲ့ အကြောင်း ၊ သူတို့မှ ဧည့်ခံပါမည်၊ ဆိုတဲ့ အကြောင်း ပြောလာတော့ ၊ ကျနော့်တို့မှ မြန်မာအစားအစာ သွားစားကြမှာဖြစ် သဖြင့် လို့ပြောပြီး ငြင်းလိုက်ပါတယ် ။ သို့ပေမယ့် မြန်မာ အစားအစာ စားချင်ပါသဖြင့် ကျနော်တို့နှင့်အတူ လိုက်မယ်ဆိုပြီး မရမက ပြောလာတော့ မြန်မာ အစားအစာ စုံလင်စွာရတဲ့ မြို့မကျောင်းလမ်းနားက ဖီးလ်စားသောက်ဆိုင်ကို ခေါ်ပြီး ကျွေးမွေးပြီး ဒကာခံ လိုက်ရပါကြောင်း ။
ထိုနောက် စားသောက်ပြီးသွားသော အခါ ၊ ၎င်းတို့မှ ရွှေတိဂုံ ဘုရားသို့ လမ်းလျှောက်ပြီး သွားပါမယ်တဲ့ ခင်ဗျာ ။ သြော်........... အာချောင်မိတဲ့ အကျိုးလေးတွေပေါ့ဗျာ ..............

ဒီအကြောင်း အရာလေးကို တင်ပြရတာကတော့ အနောက်နိုင်ငံသားတွေရဲ့ အမြင်မှာ ကျုပ်တို့နိုင်ငံသားတွေကို အထင်သေး အမြင်သေးနေဆဲပါပဲ ။ ထို့အတူ သူတို့သည် လူထဲက
လူတွေပဲ ဖြစ်လို့ ကျုပ်တို့ထက် ယဉ်ကျေး သယောင်ယောင် ၊ မြင့်မြတ်သယောင်ယောင် ၊ နိုင်ငံ
ကြီးသား အရည်ခြုံပြီး ကျုပ်တို့အပေါ် တဆင့်နိမ့်သော အမြင်တွေကို မဖျောက်ဖျက်နိုင်ကြသေး
တာ တွေ့မြင်မိပါတယ် ။ ဒီတော့ ကျုပ်တို့ကို လူမျိုးရေးခွဲခြားတယ် ၊ ဘာသာရေးခွဲခြားတယ်လို့
တံဆိပ်ကပ်ပြီး ၊ လူကြားကောင်းအောင် အော်နေကြတဲ့ သူတွေကလည်း အခြားသူတွေမဟုတ်ပဲ ကိုယ့် အသားထဲက လောက်တွေ ဖြစ်နေလေတော့ ၊ သူတို့ သိပ်အထင်ကြီးလေးစားရတဲ့ ၊
သခင်ကြီးတွေ ကိုယ်၌မှာတောင် ဒီလို သောက်ကျင့် ၊ သောက်တင်းတုပ်တတ်တဲ့ သောက်ကျင့်တွေ
ရှိနေတယ်ဆိုတာကို ဖော်ပြချင်တဲ့ သဘောပါ ။ ထိုကြောင့် ကျုပ်တို့ မြန်မာဖြစ်ရလို့လည်း
ဝမ်းမနည်းနဲ့ ၊ ကိုယ့် အမျိုးသားရေးကို ကာကွယ်ပြောဆိုကြတဲ့ နေရာမှာလည်း သူများတွေက
ဝေဖန်မှာ ၊ ဆဲဆိုမှာကို ထည့်တွက်မနေနဲ့ ။ သူတို့သည်လည်း သူတော်ကောင်းတွေမဟုတ် ၊
လစ်လျှင် အမြတ်ထုတ်မည့် သူများသာလျှင် ဖြစ်ပေတော့သည် ။ ဒီလိုမှ မဟုတ်ပဲ ၊
တဖက်လပ် မျိုးချစ်တွေ ၊ လူမျိုးရေးခွဲခြားသူတွေလို့ ပြောခံ ဆိုခံရမှာကို စိုးပြီး သူများထောင်ထားတဲ့
လူမျိုးရေး အမြတ်ထုတ်ချင်တဲ့ ထောင်ချောက် စကားလုံးတွေကို နားမယောင်ကြဖို့ တိုက်တွန်းလိုက်
ပါကြောင်း ။ ။

ဦးယဉ်ကျေး ။ ။ ၁၅ ၊ ၁၂ ၊ ၂၀၁၂ ။

ဓါတ်ပုံပါ ဟိုတယ်မှ အကြောင်းအရာမဟုတ်ပါ ။

Photo By ; Ko Kyaw Thu
 
Unlike · · Share · Saturday

  • သီ ရိ I'd do da same thing.
  • YI Swe Aye worthy of reading this. Thanks Oo Lay.
  • Kyaw Ne ဟုတ်
  • Lotus Black ဖတ်ပြီးတဲ့အချိန် ကုလားတွေကိုဆဲချင်ပေမယ့်မဆဲတော့ပါဘူး။ ဒီလိုတုန့်ပြန်တာကောင်းပါတယ်။
  • Aung Htet ရှယ်ပါစစေ ခဗျား
  • ရာဇာဓိ ရာဇာ အခုလို မြန်မာ့ဂုဏ်ဆောင်ပေးတာ ကျေးဇူးတင်ပါတယ်ဗျာ။
  • Chan Nyein Moe Let me share tq.
  • Zin Htet လေးစားပါတယ်
  • Jimmy Gandhi ဒီလူတွေတော့ မပြောချင်ပါဘူးဗျာ။ ခု အနော်တို့ အလုပ်လုပ်တဲ့နိုင်ငံမှာဆိုလည်း အလုပ်ရှင်ကအစ မန်နေဂျာကအလယ် ဒီကလူမျိုးတွေအဆုံး ကိုယ့်မှာ ပစ္စည်းကောင်းလေး ကြိုက်လွန်းလို့ ၀ယ်သုံးရင်တောင် Second Hand လားတဲ့။ အနော်က ပြောတာပေါ့။ ကိုင်ဖူးသည်ရှိအောင် ကိုင်ကြည့်ပြီးမှ မေးပါလို့။ ဆင်းရဲတာ ချမ်းသာတာ အပထား။ ကြွားတာ မကြွားတာ အပထား။ လတ်တလော ဒင်းတို့ အမြင်တွေကို မကြိုက်လို့ကို ........................ တမင် ဖိုက်တာ။
  • Soe Ma Ma တော်လိုက်တဲ့ဦးယဉ်ကျေး , တို့မြန်မာကွ။
  • Aung Thaw ဦးကိုလေးစားပါတယ်ခင်ဗျာ။Shareလိုက်ပါပြီနော်။
  • Nu Nge Nge ဟုတ်ပါ့အထင်သေးစရာလားဈေးကြီးပေးပြီးတော့ကိုဆယ်လုံးလောက်ဝယ်ကိုင်လိုက်အုံးမယ်
  • Echt Säi စာရေးသူလို မြန်မာလူမျိုးတွေများများ ရှိစေချင်တယ်ဗျာ။ ကျွန်တော်လည်း စာရေးသူနရာမှာဆို မနေနိုင်မထိုင်နိုင်ပြောရင် ပြောမိမှာပဲ...ကျွန်တော်ကလည်း ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို တိုင်းတပါးက အထင်သေး၊ အမြင်မှားနဲ့ပြောဆိုလာရင် လက်မခံပါ။ Myanmar ကို Burma လို့ခေါ်ရင်တောင် အခေါ်မခံဘူး...
  • Arr Yar Yarr မြန်မာလူမျိုးကကိုယ်စား ဒီလို ပြန်လည်ချေပနိုင်လို့ ကျေးဇူးတင်ပါတယ်
  • Thuya Naing Totally ridiculous post
  • Ei Pa Pa Chaw very good revenge ! Great !
  • Thwe Thwe Win Thanks a lot !
  • ယဲ ဆိုး ဓါတ်ပုံပါ ဟိုတယ်မှ အကြောင်းအရာမဟုတ်ပါ။လို.ဆိုပြီ ဟုတ်တယ်လို.ပြောလိုက်သလိုပဲ အော် ဂရမ်းရယ်:P
  • Myat Soe ဟုတ်တယ်ဦးရေ နိုင်ငံခြားမှာနေတာကြာလာတော့ ဒီကောင်တွေအကြောင်းကောင်ကောင်းသိ့တာပေါ့ myanmar ဆိုသိပ်နှိမ်ချင်တာ တွယ်သာတွယ် ကျွန်တော်လဲတွယ်တာဘဲ
  • Han Win Ko ခုနိုင်ငံတကာမှာ ပြောနေကြတဲ့ လူမျိုးရေးခွဲခြားတယ်လို့ ပြောနေကြတာတွေကို ခင်ဗျားတို့ မြန်မာပြည်ရောက်တုန်းလေး သေချာလေ့လာသွားပါ ခင်ဗျာ ။ ရန်ကုန်မြို့ ၊ ဆူးလေ စေတီအနီးနားမှာ အစ္စလာမ် ဘင်္ဂလီ ဗလီကြီးလည်း ရှိသလို ၊

    တဖက်မှာလည်း ဧမာနွေလ ခရစ်ယာန် ဘုရားကျောင်းကြီး ရှိနေပါတယ် ၊။ အဲ့စကား အကြိုက်ဆုံးပဲ...
  • Moe Myint ကျွန်တော်တို့မတတ်နိုင်တဲ့ကိစ္စကို
    ဦးယဉ်ကျေးက ကာကွယ်လိုက်တာပဲ့
    ဂုဏ်ယူပါတယ်...
  • Jollyguy Zaw nice post, great post...
  • Moh Moh Khin နိုင်ငံခြားမှာရှိတဲ့ သူတို့ဆွေမျိုးတွေ ၀ယ်ပို့လိုက်တာဖြစ်မှာပေါ့
  • Fio Na ဒါမှမြန်မာ !! ကိုယ်လဲဒါမျိုးဆိုရင်မရဘူးအိမ်ကသိမ့်ဆူတာ
  • Michael Tan nice articles but better need to change the photo which is not relevant to this article.
  • Peerless Love park royal မှာအဲ့လို လူကိုတွေ့ရင်မတူသလိုမတန်သလိုဆက်ဆံတတ်တဲ့ အဆင့်မရှိတဲ့ ကုလားတွေအများကြီး....မြန်မာတွေကိုများဘာမှတ်နေလဲမသိဘူး......ကြုံတုန်းပြောလိုက်တာကောင်းတယ်..
  • Ohn Ohn Garraux this article is non sense. he could not give enough information. he talked about what he would like to talk .if you want to talk about some one bad thing , you should tell exactly who, where are they from , what they exactly talked about people or phone something like that .in west , even a clearing lady can buy i phone 5 or sansoung not 2 but cheaper than myanmar.
  • Yan Lynn Naing In duty time?
  • Ei Mon Very nice talking back to them... Bravo!!!
  • San Htay Oo ကျေးဇူးတင် ဂုဏ်ယူမိပါတယ်ဗျာ။
    လေးစားပါတယ်ဦးယဉ်ကျေး။
  • Thawdar Maung this post should be post also with english. thanks
  • Zake Han Han Excue me , If you want to know about racist , you should go to Rakhine and see how Muslims are killed and tortured there .
  • ဦး ယဉ်ကျေး ရခိုင်ပြည်ကိုလည်း ရောက်ဖူးပါတယ် ။ ဘင်္ဂလီ ဒုက္ခသည် စခန်းဆိုတဲ့ နေရာထိ ရောက်ဖူးတာနော် ။ အရေးအခင်း မဖြစ်ခင်လောက်ကပေါ့ ။ အဲဒီမှာ မင်းတို့ဖွနေသလောက် အခြေအနေ မဆိုးဘူးကွ Zake Han Han ရ ။ ဘင်္ဂလီတွေ ဘာအလုပ်မှ လုပ်စရာမလိုဘူး ၊ အိပ် စား ကာမ ဤ သုံးဝကို လွန်ကျူးကြလွန်းလို့ သားဆက်ခြားရေး ပညာပေး သွာလုပ်ရတာ ။ အဲ .. ဒါပေမယ့်ကွယ် .. မအောင်မြင်ပါဘူး .. အစ်ကိုက ဘင်္ဂလားကို စက်လှေနဲ့သွားတယ် ၊ ညီက အစ်ကိုမိန်းမနဲ့ ဒီမှာ ကလေးတွေမွေးနေတယ်။ အစ်ကိုက ပြန်ရောက်တော့ ဘယ်က ကလေးလဲ မေးတယ် ၊ ညီနဲ့ မိန်းမက မိုးပေါ်မှာရှိတဲ့ ပုဂ္ဂိုလ်က ပေးတဲ့ ကလေးလို့ပြောတယ် ။ ( သာဓက)များစွာ ရှိသေးသည် ။ ဒီလိုတွေ မလုပ်ကြဖို့ ၊ လူ ဖြစ်ပါလျက်နဲ့ လူလိုကျင့်ကြဖို့ သွားပြီးတော့ ပညာပေးရတယ် ။ ဘင်္ဂလား စကားတတ်တဲ့ သူတွေကို စကားပြန်ခေါ်သွားရတယ် ။ နောက်ပြီး ဆေးခန်းရှိတယ် ၊ စာသင်ကျောင်းရှိတယ် ၊ ဒုက္ခသည်ထောက်ပံ့ရေးအဖွဲ့တွေက အားလုံးစီမံပေးထားတာ ။ နောက် မင်းတို့ဘင်္ဂလီတွေကို အဓိကထောက်ပံ့ပေးနေတဲ့ ဝန်ထမ်းတွေကလည်း ရခိုင်လူမျိုးတွေ ။ စစ်တွေ မှာဆိုလည်း ဆိုက္ကားဆရာတွေ ၊ ကူလီထမ်းသမားတွေ ၊ ကွမ်းယာ သမားတွေ ၊ ကုလားတွေ မြို့ပေါ်ထိအေးအေးဆေးဆေး အလုပ်လုပ်စားလို့ရနေကြတယ် ။ နောက်ပြီး ကုလားတွေ စီးပွားရေးလုပ်တဲ့နေရာ သီးသန့်ရှိတယ် ၊ အဲဒီ ကို ဘယ် လူမျိုးခြား မှ ဝင်ပြီးတော့ စီးပွားရေးဝင်လုပ်လို့ မရဘူး ။ လုပ်လျှင် ကုလားတွေက ပြဿနာရှာကြတယ် ။ နည်းမျိုးစုံနဲ့တိုက်ခိုက်တယ် ၊ အဲတော့ .. ဘယ်ကောင်တွေက အဓိက လူမျိုးရေး ခွဲခြားနေကြတာလဲ ဆိုတာ အသိသာကြီး ။ ခု ရခိုင်ပြည် ပဋိပက္ခ ဖြစ်မှ ဒုက္ခသည် စခန်းတွေရော ၊ တွေ့သမျှ မြင်သမျှ မီးရှို့လိုက်ကြပြီး ကမ္ဘာကို လိမ်ညာဖို့ ကြိုးစားနေတာ မဟုတ်လား ဘင်္ဂလားကုလား လေးရဲ့ ။ မင်းတို့တွေက ရခိုင်ပြည်မှာ လူများစုဖြစ်ကြပြီဆိုတော့ အနိုင်ကျင့်လို့ ရနေကြလို့လေ ။
  • Khaing Linn အမေရိကန်တွေ အတင်းပြောကြတာ ကျနော် တွေ့ ကြုံဖူးပါတယ်။ ကိုယ့်ဆီက အရပ်တကာ လှည့်လေ အတင်းပြောတတ်တဲ့ မိန်းမတွေအတိုင်းဘဲ။
  • Pan Do Ra်Foreigner တွေကိုချေပတာကတော့ကောင်းပါတယ်။Good Post လေးပါ။မဆီမဆိုင်တာတွေနဲနဲပါနေတာက Post ကိုအဖျားရှုးသွားစေတယ်လို့ မြင်မိပါတယ်ရှင်။
  • Kyaw Win Win U Nyein Kyae, You are a big liar.I hope you are Rakhine Animal.Did Rohingya fucked your Mother? Mother fucker, I know you very well.Dont try to tell lies or,I will fuck your mother.You will no longer will be here.You are always abusing innocent Rohingyas.International Community know who right and who is wrong.You are calling Bangali but thery are Bangali.They are internationally recognized ethnic minority.Rohingyas are worldwide supported,mother fucker.Watch the speech of Pr.Obama and you will know why he use the term Rohingyas.He know the History of Rohingyas.You even dont know the history of yourself.Do you know who is your father?Rohingya Fucked your mother and you were born.So you are always talking about your father

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...