Ads (728x90)

အိန္ဒိယနိုင်ငံမှလှူဒါန်းထားသည့် သဲကျောက်ဖြင့်ထုလုပ်ပူဇော်ထားသော ဓမ္မစက္ကမုဒြာရုပ်ပွားတော်မြတ်ကို ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်၊ ဗုဒ္ဓ၀င်ပြခန်းအနီးတွင် ဒီဇင်ဘာ ၁၆ ရက်မှစ၍ဖူးမြော်နိုင်ပြီဖြစ်သည်။

ဓမ္မစက္ကမုဒြာသဲကျောက်ရုပ်ပွားတော်၏ ဗုဒ္ဓါဘိသေကအနေကဇာတင်ရောင်တော်ဖွင့်ပွဲအခမ်းအနားကို ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်၊ ဗုဒ္ဓ၀င်ပြခန်းအနီးတွင် ဒီဇင်ဘာ ၁၅ ရက်၊ ညနေ ၅ နာရီ ၃၀ မိနစ်ကကျင်းပခဲ့ရာ သီတဂူဆရာတော်ဒေါက်တာအရှင်ဉာဏိဿရ၊  အိန္ဒိယနိုင်ငံ၊ပြည်ပရေးရာဝန်ကြီးဆယ်လ်မန်ခါရှစ်၊ သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသူရမြင့်မောင်နှင့်ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ 

ဓမ္မစက္ကမုဒြာသဲကျောက်ရုပ်ပွားတော်မှာ အိန္ဒိယနိုင်ငံ၊ ဆာရ်နတ်၌အေဒီ ၅ ရာစုကထုလုပ်ပူဇော်ထားသည့်ရုပ်ပွားတော်နှင့်ပုံစံတူထုလုပ်ထားခြင်းဖြစ်ပြီး၊ ရွှေတိဂုံစေတီတော်သို့ ဒီဇင်ဘာ ၇ ရက်ရောက်ရှိခဲ့ခြင်းဖြစ်ကာ ပြီးခဲ့သည့်မေလအတွင်းက အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ်ဒေါက်တာမန်မိုဟန်ဆင်း ချစ်ကြည်ရေးခရီးလာရောက်စဉ် ရွှေတိဂုံစေတီတော်၌ ဤရုပ်ပွားတော်ပုံစံငယ်ကို သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံလွှဲအပ်လှူဒါန်းခဲ့သည်။ 

သဲကျောက်ရုပ်ပွားတော်အနေကဇာတင်အခမ်းအနားပြီးနောက် ရွှေတိဂုံစေတီတော်ချမ်းသာကြီးတန်ဆောင်းတွင်  ဗုဒ္ဓအမွေအနှစ်ဆိုင်ရာဓာတ်ပုံပြပွဲကိုဆက်လက်ပြုလုပ်ခဲ့သည်။ ဒီဇင်ဘာ ၁၅ ရက်မှ ၂၀ ရက်အထိပြုလုပ်မည်ဖြစ်ပြီး အိန္ဒိယနိုင်ငံမှဗုဒ္ဓဘာသာအမွေအနှစ်ဆိုင်ရာဓာတ်ပုံ ၁၀၀ နှင့်စာအုပ် ၁၀၂ မျိုး၊ မြန်မာနိုင်ငံမှဓာတ်ပုံပညာရှင်ဦးသန်းဇော်၏ဓာတ်ပုံများကို ပြသထားမည်ဖြစ်သည်။

အိန္ဒိယနိုင်ငံမှထုတ်ဝေသည့်အဆိုပါဗုဒ္ဓဘာသာအမွေအနှစ်ဆိုင်ရာစာအုပ်များကို သီတဂူအပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာတက္ကသိုလ်သို့ အိန္ဒိယနိုင်ငံအစိုးရက လှူဒါန်းမည်ဖြစ်ကြောင်းသတင်းရရှိသည်။

ဓာတ်ပုံ - ကျော်ဇင်သန်း

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...