Ads (728x90)




အမှားတွေပြင်သင့်တဲ့နေ့က
ဒီနေ့ ဖြစ်သတဲ့အမေ

အမှားတွေရပ်လိုက်ဖို့အချိန်က
ဒီအချိန် ဖြစ်သတဲ့အမေ

အတွေးမှား အကြံမှား
မိစ္ဆာသင်္ကပ္ပတရားနဲ့
နိဗ္ဗာန်သွားဖို့ဆိုတာ ဝေး
သုဂတိဘဝတောင် ရောက်ရရေးမလွယ်
အပါယ်ရောက်ကြောင်းရယ်မို့
အမှားတွေကြား ဆက်မသွားဖို့
မြတ်ဘုရား ဟောခဲ့တယ်အမေ

အမေ.........
ကိုယ့်အမှား ကိုယ်မြင်
ုကိုယ့်ကိုယ်ကို ဆင်ခြင်ဖို့ အရေး
ဘုရားသားတွေအနေနဲ့
တရားဟောပေးရမယ်တယ့်

လူသားတွေ........
အမှားတွေ့လျှင် ပြုပြင်ပေးရ
သိရက်နဲ့ရှောင်ခွါကြရင်
သဘောတူရာကြလို့
သဘာဂအာပတ်သင့်သတဲ့

မှားနေခဲ့တာ ကြာပြီ
မှားပြီးရင်း ဆက်မှား
အမှန်တရားနဲ့ ပိုဝေးသွားမှာစိုးတယ်
ဘာသာတရားဆိုတာ
လူးသားတို့ငြိမ်းချမ်းရေးလမ်း
ဆောင်ကြဉ်းသွယ်တမ်းရာဖြစ်လို့
ဘာသာရေးခေါင်းဆောင်တွေ
(ဒီနေ့ ဒီအချိန် ဒီမှာ )
အမှန်တရားဆီ ဆောင်ကြဉ်းပို့မယ်
သားတို့နဲ့ အတူရှိနေပါ အမေ။
သုခိန် (ဗုဒ္ဓတက္ကသိုလ်)
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...