Ads (728x90)

ဒီတစ်ခါတော့ ကျောင်းဆရာလုပ်လိုက်မယ်... ဒီလိုဗျ .. ကျွန်တော်တို့ Facebook မှာ Post တွေတင်ကြရာမှာ အတော်များများက စာလုံးပေါင်းသတ်ပုံကို သိပ်ဂရုမစိုက်ဘဲ ရေးကြ တင်ကြတာကို တွေ့နေရလို့ ဒီPost လေးကို တင်ကြည့်လိုက်တာပါ..နည်းနည်းပါးပါး အထောက်အကူလေးများ ဖြစ်လို့ဖြစ်ငြားပေါ့ဗျာ ..(တစ်ယောက်နဲ့တစ်ယောက် ရှစ်ချင်းအားဖြင့် ကျောကြ ရှိုကြတာဒွေတော့ ပါဝူးပေါ့ဂျာ..ဟီဟိ) ..
       မြန်မာလူမျိုးတစ်ယောက်ဟာ အင်္ဂလိပ်စာလုံးပေါင်းတစ်ခု မှားတာဟာ ရှက်စရာမဟုတ်ပေမယ့် မြန်မာစာလုံးပေါင်းမှားတာဟာ ရှက်စရာတစ်ခုလို့တော့ ကျွန်တော်ထင်တယ်လေ... ကျွန်တော်ထင်တယ် ..ဒီမှာရှိတဲ့လူအတော်တော်များများဟာ ပညာရေးဘက်မှာ ခေသူမဟုတ် ဆိုတဲ့သူတွေချည်းပါပဲ...ဒီတော့ မမှားသင့်တဲ့ အမှားလေးတစ်ခု ကနေ အကျင့်ဖြစ်ပြီး ဆက်မှားနေရင် မသင့်ဘူးပေါ့ဗျာ..
     ငယ်ငယ်က သင်ဖူးကြမှာပါ...   
လက်ရေးလက်သား၊ ခြားနားသိသာ၊
သူထက်ငါလျှင် ၊ ခရာညီဝန်း ၊ 
မယွင်းမထောင့် ၊ ဖြောင့်ဖြောင့်သားသား၊ 
မမှားအက္ခရာ ၊ သိသာစလှ ၊
အချအတင် ၊ အငင်အရစ် ၊
အပင့်အဆွဲ ၊ ပုလဲလုံးညီ ၊ ကြိုးနှင့်သီသို့ .... ဆိုတာလိုပေါ့ဗျာ...

အခုဆက်ရေးမယ့် လင်္ကာလေးကို အလွတ်မရရင်တောင် သုံးလေးခေါက်လောက် ဖတ်ထားရင် အကျိုးရှိမယ်လို့ ထင်ပါတယ်...အစအဆုံးတော့ ကျွန်တော်လဲမမှတ်မိတော့ဘူး..ရသလောက်လေးပဲ ဆရာလုပ်ရမှာပဲ...:P

- ရရစ်မှာ ဟထိုးမပါ၊ မျှားကို မြားလို့ ရေးရသည်။

- လေပြည်ညင်းမှာ ဟထိုးမပါ၊ ပြေကို ပြည်လို့ ရေးရသည်။

- ညည်းညူ၊ ညည်းတွား အရေးအသား၊ ညများနဲ့ပဲ ရေးရသည်။

-ယောက်ျား ရေးရာ ငသတ်မပါ ကကြီးမှာပဲ အသတ်တင်သည်။

- ပစ်လွှတ်၊ ပစ်ခွာ၊ အမှိုက်ပစ်ရာ ၊ ရ ရစ် မပါဘဲ ရေးရသည်။

- ဟထိုး ဘယ်မှာ ၊ တစ်ချောင်းငင်ညာ၊ လှည့်ကာဆွဲလို့ ရေးရသည်။

- အဆို အ မှာ နောက်ဝိုက်မှာ အဆံနဲ့လဲ ရေးရသည်။

- ရ ဆို အဆံနဲ့ပဲ ရစ်ကာဆွဲ ၊ ရ နှင့် ၇(ခုနှစ်) ကွဲရမည်။

- မ ပါလျှင် ဘဲ ၊ မပါ ပဲ ၊ ပဲ နှင့် ဘဲ တို့ကွဲပြားသည်။ 
(အလွယ်မှတ်ပါက၊  မ နောက် ဘဲ လိုက်သည်..ဟီဟိ)

- လူအချင်းချင်း ၊ ချစ်ခင်ခြင်း ၊ ချင်း နှင့် ခြင်း တို့ ကွဲပြားသည်။

- တောတောင်စိမ်းလန်း ၊ စိတ်စွဲလမ်း ၊ စိမ်းလန်း စွဲလမ်း ကွဲပြားသည်။

- တသတ် ၊ ကသတ် ၊ ထိုနှစ်ရပ် ၊ ပညာတတ်မှာ ရောတတ်သည်။

- အပေါ်ကိုတက် ၊ တတ်မြောက်လျက် ၊ တက် နှင့် တတ် တို့ ကွဲပါသည်။

- ဒေါသသိမ်းဆည်း ၊ အမျက်မကြီး ၊ သည်းခံကိုလည်း ည သတ်သည်။

- အသားမည်းမည်း ၊ အသည်းထဲ ၊ တစ်ဦးတည်းကိုလည်း ည သတ်သည်။

- င ရရစ်မှာ ကြော်ငြာလာ ၊ ည နဲ့ရေးတော့ သတင်းကြေညာ ၊
  ကျေးငှက်တွန်ကျူး ၊ ယပင့်ကျူး ၊ လွန်ကြူး ကိုတော့ ရရစ်သည်။

- အကျိုးရလာဒ် ဒ ဒွေးသတ် ၊ ဆုလာဘ် ကိုတော့ ဘ သတ်သည်။

- ဂဏန်းရေတွက် ၊ စ သတ်ထည့် ၊ တစ် နှင့် တ လည်း ကွဲပါသည်။ 
      
             အဲတာလေးပါပဲ...ရေးတာလည်းတော်တော်ရှည်သွားပြီး......အဲဒီတော့ နောက်ဆုံးပိတ်လေး တစ်ခုရေးပြီးတော့ စာရေးရမှာပျင်းတဲ့ ကျွန်တော် ဒီPost ကိုအဆုံးသတ်ပါပြီ..
( အဲ...တစ်ခုပေါ့ဗျာ..အခုရေးတဲ့အထဲမှာ စာလုံးပေါင်း မှားနေတာတွေ့ရရင် သူလဲလေ လောကီသားပေမို့ ဆိုပြီး ခွင့်လွှတ်ကြပါကုန်...)

မြန်မာပြည်သည် တို့ပြည် 
မြန်မာစာသည် တို့စာ
မြန်မာစကားသည် တို့စကား
တို့ပြည်ကို ချစ်ပါ
တို့စာကို မြတ်နိုးပါ
တို့စကားကို လေးစားပါ ..........
      
         ချစ်ခြင်းအားဖြင့်...........

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...