- ဒီဓါတ်ပုံ နှစ်ခုကို ယှဉ်ကြည့်ပါ..... ဘယ်ဘက်က ၆ ရက်နေ့က ဆန္ဒပြတဲ့လူတွေ၊ ညာဘက်က ၈ ရက်နေ့က ဆန္ဒပြတဲ့ သံဃာတွေ...... ထူးခြားတာက သူတို့ကိုင်ထားတဲ့ ပို့စတာတွေ..... တစ်ပုံစံတည်း၊ တစ်ခုတည်း၊ စာပါ အကြောင်းအရာလည်း တစ်ခုတည်းပါပဲ..... ဒါကိုကြည့်ခြင်းအားဖြင့် ဒီဆန္ဒပြတဲ့ အဖွဲ့တွေဟာ လူ ပုဂ္ဂိုလ်၊ တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်း တစ်ခုရဲ့ ပံ့ပိုးမှုနဲ့ ဆန္ဒပြနေကြောင်း ပေါ်လွင်နေပါတယ်.....
နောက်တစ်ခုအနေနဲ့ ကိုင်ထားတဲ့ ဗီနိုင်းပါ စာသား..... လွတ်လပ်၍ တရားမျှတသော စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးရေး လို့ပါပါတယ်.... အခုလက်ရှိလည်း ဒေါ်စုကိုယ်တိုင် စိတ်တိုင်းကျ လွတ်လပ်စွာ စုံစမ်းနေပါတယ်.... ဒါဆိုရင် ဒီစာ ဘယ်တုန်းက ရေးထားသလဲ စဉ်းစားဖို့လိုပါတယ်.... ဒါမှမဟုတ် ရိုက်ထားပီးသား ပိုစတာဆိုတော့ မထူးဘူး ဆိုပီးများ ထုတ်လာတာလား စဉ်းစားစရာ အများကြီးပါ......
ကျွန်တော်အတန်တန် ရေးခဲ့ပါတယ်.... Third Party ရှိတယ် ဘာဖြစ်လာရင် ဘာလုပ်မယ်၊ ဘယ်လိုပုံ လမ်းပေါ်ထွက်မယ် ဆိုတာတွေ သူတို့ကြိုတင်ပီးတော့ ပြင်ဆင် ထားပီးသားပါ..... သူတို့ မထင်မှတ်ထားတာက ဒေါ်စုကို စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဌအဖြစ် ခန့်လိုက်မှာနဲ့ ဒေါ်စုက လက်ခံလိုက်မယ် ဆိုတာကိုပါပဲ......
ဒါကြောင့် ဒေါ်စု ကော်မရှင်ဥက္ကဌ တာဝန်ယူမယ်ဆိုတာနဲ့ ဒေါ်စု ဦးဆောင်တဲ့ ကော်မတီရှိနေရင် ဆန္ဒပြလို့ မရမှာစိုးလို့ ဒေါ်စုကို ထိုးချတယ် ဘာဖြစ်တယ်နဲ့ လမ်းကြောင်းပေး စွတ်စွဲခဲ့ကြပါတယ်..... ဒါပေမယ့်လည်း အားလုံးလမ်းပေါ်ထွက် ဆန္ဒပြရမယ်ဆိုတဲ့ သူတို့ရဲ့ ပလန်အတိုင်း အကောင်အထည် ဆက်ဖော်လာပါတယ်..... ဒီအတွက် ကြိုပြင်ထားတဲ့ ဗီနိုင်းတွေကို ထုတ်လာတယ်လို့ သံသယရှိစရာ ဗီနိုင်းက အရေးအသားက ပေါ်လွင်နေပါတယ်.....
နောက်တစ်ခုက မြန်မာနိုင်ငံမှာ တံဆိပ်တုန်းအတုတို့၊ အခုလို ပို့စတာတို့ လုပ်မယ်ဆိုရင် အစိုးရ ထောက်လှန်းရေးက အများစုကို သိပါတယ်.... ရုံး တံဆိပ်တုန်း ပျောက်သွားလို့ သွားလုပ်တဲ့ ကျွန်တော့သူငယ်ချင်းတောင် လွန်ခဲ့သော ၂၀၀၆ ၀န်းကျင်လောက်က ညီလေး ခဏဆိုပီး အင်းစိန်မှာ ၂ ည အိပ်ခဲ့ရသေးပါတယ်.... ဒီတော့ ဒီလို ပို့စတာတွေဟာ လူမသိ၊ သူမသိ ရိုက်နှိပ်ပီး ထွက်လာဖို့ဆိုတာ သေခြာ စဉ်းစားစေလိုပါတယ်...... ဘယ်သူက ဘယ်လမ်းကြောင်း ဦးတည်နေလဲ စဉ်းစားဖို့ လိုနေပါပီ...
ဒီလိုပြောလို့ လက်ပန်းတောင်းတောင်က သံဃာတွေကို အကြမ်းဖက် ဖြိုခွင်းတာကို ထောက်ခံတယ်ထင်ရင်တော့ တက်တက်စင်အောင် မှားပါလိမ့်မယ်...... ကျွန်တော် လုံးဝ မထောက်ခံပါဘူး...... သံဃာကို အကြမ်းဖက်သူလည်း ငရဲပဲ၊ သံဃာကို ခုတုံးလုပ်တဲ့သူလည်း ငရဲပါပဲ.... အဲ့ဒိလိုပါပဲ အခုလို အသုံးချပီး သံဃာတွေကို နိုင်ငံရေး စင်မြင့်ပေါ် အတင်းတွန်းတင်နေတာကို မြင်တတ်အောင် မြင်ကြည့်ကြဖို့ပဲ ဒီဓါတ်ပုံ နှစ်ပုံနဲ့ နှိုင်းယှဉ်ပြလိုက်ပါတယ်.....
Advertiser
Related Posts
- Aung Kyaw Soe15 Sep 2017ဂျပန်ကျွန်းကို မြှုပ်ပစ်ပြီး အမေရိကန်ပြည်ထောင်စုကို ပြာကျအောင် လုပ်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်ပြန်
မြောက်ကိုရီးယားနိုင်ငံအပေါ် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နှင့် ဒဏ်ခတ်အရေးယူမှုများ ထွက်ပေါ်လာအောင...
- Aung Kyaw Soe15 Sep 2017ကိုဖီအာနန် ကော်မရှင် အကောင်အထည်ဖော်ရေးအဖွဲ့ ရခိုင်မြောက်ပိုင်းသို့ ကွင်းဆင်းမည်
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်...
- Aung Kyaw Soe15 Sep 2017မောင်တောခရိုင် ကျေးရွာများမှ စစ်ဘေးရှောင် ဒေသခံ လေးထောင်ကျော် နေရပ်ပြန်
ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် ထွက်ပြေးတိမ်...
- Aung Kyaw Soe15 Sep 2017ကိုယ်ဝန်ဖျက်ချခြင်းအား တရားဝင်ခွင့်ပြုနိုင်မည့် ဥပဒေမူကြမ်းကို ချီလီသမ္မတလက်မှတ်ထိုးအတည်ပြု
အတိုက်အခံများက ယင်းဥပဒေသည် သန္ဓေသား၏ အသက်ရှင်ခွင့် အခွင့်အရေးကို ချိုးဖောက် ခြင်းဖြစ်ပြီး...
- Aung Kyaw Soe15 Sep 2017မက္ကဆီကို တောင်ပိုင်းကို ဟာရီကိန်းမုန်တိုင်းမက်စ် ဝင်ရောက်တိုက်ခတ်
ဟာရီကိန်းမုန်တိုင်း မက်စ်သည် မက္ကဆီကိုနိုင်ငံ တောင်ပိုင်းကမ်းခြေကို ဝင်ရောက် တိုက်ခတ်ခဲ့ြေ...
- Aung Kyaw Soe15 Sep 2017မြန်မာလူငယ်များနှင့် ဆွစ်ဇာလန်လူငယ်များ ဖက်ဒရယ်စနစ်အကြောင်း တွေ့ဆုံဆွေးနွေးမည်
ဆွေးနွေးပွဲတွင် တိုင်းရင်းသားဒေသမှ လူငယ်များ ပါဝင်နိုင်ရန် မြစ်ကြီးနားနှင့် တောင်ကြီးကို...
- Aung Kyaw Soe15 Sep 2017ရန်ကုန်မြို့လယ်က ရတနာဆိုင် လုယက်ခံရ
ပန်းဘဲတန်းမြို့နယ် ၂၉ လမ်းအနီး မဟာဗန္ဓုလလမ်းတွင် ဖွင့်လှစ်ထားသည့် Diamond 54 ရတနာဆိုင်တွင် ယနေ့ ...
- Aung Kyaw Soe15 Sep 2017မူးယစ်ဆေးဝါး ဝင်ဖမ်းသည့်ရဲ ဓားဖြင့် ဝိုင်းခုတ်ခံရ
သန်လျင်မြို့နယ်၊ ညောင်သုံးပင်ကျေးရွာ၊ ရထားလမ်းဘေး ကျူးကျော်တဲတွင် စက်တင်ဘာလ ၁၂ ရက် ည ၁၂...
Subscribe to:
Post Comments (Atom)
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။