
Wednesday, 14 November 2012
ပြည်တွင်း၌ မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုသူ အရေအတွက်မှာ ၂၀၁၁ နှစ်ကုန်ပိုင်းက ငါးသောင်းကျော်သာ ရှိခဲ့ရာမှ နောက်ဆုံး
စာရင်းများအရ လေးသိန်းငါးသောင်းကျော်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဌာန အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက
ပြောသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ အင်တာနက် အသုံးပြုမှုပုံစံသည် မိုဘိုင်းဖုန်း
အင်တာနက်စနစ်သို့ သိသာစွာ ကူးပြောင်းလာနေပြီဖြစ်ကြောင်း ပြည်တွင်း
အခြေစိုက် မိုဘိုင်းဖုန်းလုပ်ငန်းနှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင်မှ
တာဝန်ရှိသူများက ပြောကြားသည်။ ယခုလက်ရှိ မြန်မာနိုင်ငံ၏
မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုသူ ဦးရေ ၄၅၀၀၀၀ ကျော်
ပမာဏမှာ စီဒီအမ်အေ ၈၀၀ မဂ္ဂါဟက်ဇ်ဖုန်းများနှင့် ဂျီအက်စ်အမ် ဖုန်းလိုင်း နှစ်ခုပေါင်းတွင် အသုံးပြုနေသည့်နှုန်း ဖြစ်သည်။
“ယခု နောက်ပိုင်း ဖုန်းကတ်တွေ ဝယ်ရင် အင်တာနက်လိုင်းကိုပါ တစ်ခါတည်း လျှောက်လာကြတယ်။ အရင်လိုလည်း အင်တာနက်
လျှောက်တဲ့စနစ်က သိပ်မကြာတော့တာရယ်၊ အင်တာနက် သုံးလို့ကောင်းတဲ့
စမတ်ဖုန်းတွေ များလာတာရယ်ကြောင့် ဖုန်းလိုင်းလျှောက်တာနဲ့
အင်တာနက်လိုင်းကိုပါ လျှောက်လာကြတယ်။ အခု နှစ်လယ်လောက်မှာ အင်တာနက်
အသုံးပြုတဲ့သူတွေ သိသိသာသာ တက်လာတယ်” ဟု လူကြီးမင်း မိုဘိုင်းဖုန်းဆိုင်မှ
တာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုလင်းလင်းက
ပြောသည်။
ထို့ပြင်
အွန်လိုင်းပေါ်မှ ပြည်တွင်းပြည်ပ သတင်းများကို သုံးစွဲသူများက အချိန်နှင့်
တစ်ပြေးညီ သိရှိလိုမှုများက မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း အင်တာနက်
အသုံးပြုမှု ရာခိုင်နှုန်းကို မြင့်တက်လာစေသည့် အချက်ဟု
ပြည်တွင်းကွန်ပျူတာ ပညာရှင်အချို့က ဆိုသည်။
သို့သော် မြန်မာ့အင်တာနက် မြန်နှုန်းသည် မိုဘိုင်းဖုန်းများအပေါ် အသုံးပြုရာ၌ စီဒီအမ်အေ ဖုန်းလိုင်းပေါ် အသုံးပြုရသော အင်တာနက်
လိုင်းများက ကောင်းမွန်သော်လည်း ဂျီအက်စ်အမ် ဖုန်းလိုင်းပေါ် အသုံးပြုရသော အင်တာနက်လိုင်းများက အလုပ်မဖြစ်ကြောင်း သုံးစွဲသူ
များထံမှ သိရသည်ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Khit Lu Nge
အေးချမ်းမွန်မှ Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသ ည်။
Photo From :Myanmar Online News

Wednesday, 14 November 2012
ပြည်တွင်း၌ မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုသူ အရေအတွက်မှာ ၂၀၁၁ နှစ်ကုန်ပိုင်းက ငါးသောင်းကျော်သာ ရှိခဲ့ရာမှ နောက်ဆုံး
စာရင်းများအရ လေးသိန်းငါးသောင်းကျော်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဌာန အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက
ပြောသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ အင်တာနက် အသုံးပြုမှုပုံစံသည် မိုဘိုင်းဖုန်း အင်တာနက်စနစ်သို့ သိသာစွာ ကူးပြောင်းလာနေပြီဖြစ်ကြောင်း ပြည်တွင်း
အခြေစိုက် မိုဘိုင်းဖုန်းလုပ်ငန်းနှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင်မှ တာဝန်ရှိသူများက ပြောကြားသည်။ ယခုလက်ရှိ မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုသူ ဦးရေ ၄၅၀၀၀၀ ကျော်
ပမာဏမှာ စီဒီအမ်အေ ၈၀၀ မဂ္ဂါဟက်ဇ်ဖုန်းများနှင့် ဂျီအက်စ်အမ် ဖုန်းလိုင်း နှစ်ခုပေါင်းတွင် အသုံးပြုနေသည့်နှုန်း ဖြစ်သည်။
“ယခု နောက်ပိုင်း ဖုန်းကတ်တွေ ဝယ်ရင် အင်တာနက်လိုင်းကိုပါ တစ်ခါတည်း လျှောက်လာကြတယ်။ အရင်လိုလည်း အင်တာနက်
လျှောက်တဲ့စနစ်က သိပ်မကြာတော့တာရယ်၊ အင်တာနက် သုံးလို့ကောင်းတဲ့
စမတ်ဖုန်းတွေ များလာတာရယ်ကြောင့် ဖုန်းလိုင်းလျှောက်တာနဲ့ အင်တာနက်လိုင်းကိုပါ လျှောက်လာကြတယ်။ အခု နှစ်လယ်လောက်မှာ အင်တာနက် အသုံးပြုတဲ့သူတွေ သိသိသာသာ တက်လာတယ်” ဟု လူကြီးမင်း မိုဘိုင်းဖုန်းဆိုင်မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုလင်းလင်းက
ပြောသည်။
ထို့ပြင် အွန်လိုင်းပေါ်မှ ပြည်တွင်းပြည်ပ သတင်းများကို သုံးစွဲသူများက အချိန်နှင့် တစ်ပြေးညီ သိရှိလိုမှုများက မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုမှု ရာခိုင်နှုန်းကို မြင့်တက်လာစေသည့် အချက်ဟု
ပြည်တွင်းကွန်ပျူတာ ပညာရှင်အချို့က ဆိုသည်။
သို့သော် မြန်မာ့အင်တာနက် မြန်နှုန်းသည် မိုဘိုင်းဖုန်းများအပေါ် အသုံးပြုရာ၌ စီဒီအမ်အေ ဖုန်းလိုင်းပေါ် အသုံးပြုရသော အင်တာနက်
လိုင်းများက ကောင်းမွန်သော်လည်း ဂျီအက်စ်အမ် ဖုန်းလိုင်းပေါ် အသုံးပြုရသော အင်တာနက်လိုင်းများက အလုပ်မဖြစ်ကြောင်း သုံးစွဲသူ
များထံမှ သိရသည်ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Khit Lu Nge
အေးချမ်းမွန်မှ Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသ ည်။
Photo From :Myanmar Online News
ပြောသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ အင်တာနက် အသုံးပြုမှုပုံစံသည် မိုဘိုင်းဖုန်း အင်တာနက်စနစ်သို့ သိသာစွာ ကူးပြောင်းလာနေပြီဖြစ်ကြောင်း ပြည်တွင်း
အခြေစိုက် မိုဘိုင်းဖုန်းလုပ်ငန်းနှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင်မှ တာဝန်ရှိသူများက ပြောကြားသည်။ ယခုလက်ရှိ မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုသူ ဦးရေ ၄၅၀၀၀၀ ကျော်
ပမာဏမှာ စီဒီအမ်အေ ၈၀၀ မဂ္ဂါဟက်ဇ်ဖုန်းများနှင့် ဂျီအက်စ်အမ် ဖုန်းလိုင်း နှစ်ခုပေါင်းတွင် အသုံးပြုနေသည့်နှုန်း ဖြစ်သည်။
“ယခု နောက်ပိုင်း ဖုန်းကတ်တွေ ဝယ်ရင် အင်တာနက်လိုင်းကိုပါ တစ်ခါတည်း လျှောက်လာကြတယ်။ အရင်လိုလည်း အင်တာနက်
လျှောက်တဲ့စနစ်က သိပ်မကြာတော့တာရယ်၊ အင်တာနက် သုံးလို့ကောင်းတဲ့
စမတ်ဖုန်းတွေ များလာတာရယ်ကြောင့် ဖုန်းလိုင်းလျှောက်တာနဲ့ အင်တာနက်လိုင်းကိုပါ လျှောက်လာကြတယ်။ အခု နှစ်လယ်လောက်မှာ အင်တာနက် အသုံးပြုတဲ့သူတွေ သိသိသာသာ တက်လာတယ်” ဟု လူကြီးမင်း မိုဘိုင်းဖုန်းဆိုင်မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုလင်းလင်းက
ပြောသည်။
ထို့ပြင် အွန်လိုင်းပေါ်မှ ပြည်တွင်းပြည်ပ သတင်းများကို သုံးစွဲသူများက အချိန်နှင့် တစ်ပြေးညီ သိရှိလိုမှုများက မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုမှု ရာခိုင်နှုန်းကို မြင့်တက်လာစေသည့် အချက်ဟု
ပြည်တွင်းကွန်ပျူတာ ပညာရှင်အချို့က ဆိုသည်။
သို့သော် မြန်မာ့အင်တာနက် မြန်နှုန်းသည် မိုဘိုင်းဖုန်းများအပေါ် အသုံးပြုရာ၌ စီဒီအမ်အေ ဖုန်းလိုင်းပေါ် အသုံးပြုရသော အင်တာနက်
လိုင်းများက ကောင်းမွန်သော်လည်း ဂျီအက်စ်အမ် ဖုန်းလိုင်းပေါ် အသုံးပြုရသော အင်တာနက်လိုင်းများက အလုပ်မဖြစ်ကြောင်း သုံးစွဲသူ
များထံမှ သိရသည်ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Khit Lu Nge
အေးချမ်းမွန်မှ Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသ
Photo From :Myanmar Online News


Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။