Ads (728x90)



အီရန် နိုင်ငံက လေကြောင်းရန် ကာကွယ်ရေး စနစ် တစ်ခုအား အောင်မြင်စွာ စမ်းသပ်ခဲ့ခြင်း

အီရန်နိုင်ငံ အနေဖြင့် အမေရိကန်၏ Hawk လေကြောင်းရန် ကာကွယ်ရေး စနစ်ပြီးလျှင် ခေတ်အမီဆုံး လေကြောင်းရန် ကာကွယ်ရေး စနစ်သစ် တစ်ရပ်အား နိုင်ငံ အရှေ့ပိုင်းတွင် ၆ ရက်ကြာ ပြုလုပ် သည့် လေကြောင်းရန် ကာကွယ်ရေး စစ်ရေး လေ့ကျင့်ခန်း တစ်ခု လုပ်ဆောင် နေစဉ် အောင်မြင်စွာ စမ်းသပ် ပစ်လွှတ် နိုင် ခဲ့ကြောင်း နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ဖော် ပြောကြား ခဲ့သည်ဟု သိရှိ ရပါသည်။

အဆိုပါ စစ်ရေး လေ့ကျင့်ခန်း ကို နိုဝင်ဘာလ ၁ဝ ရက် နေ့က စတင်ခဲ့ပြီး အကြီးမားဆုံး စစ်ရေး လေ့ကျင့်ခန်း ဖြစ်ပါသည်။ ၎င်းလေကြောင်းရန် ကာကွယ်ရေး စနစ်သည် Mersad (Ambush) ဟုအမည်ရပြီး ၈ဝ ကီလိုမီတာ (၅ဝ မိုင်) အကွာ အဝေး၌ ပျံသန်း လာသော အရာ တစ်ခုအား စောင့်ကြည့် ဖမ်းယူ နိုင်ပြီး ၄၅ ကီလို မီတာ(၃ဝ မိုင်) အကွာ အဝေး၌ ပစ်ချ နိုင်သည်ဟု သိရှိ ရပါသည်။ အီရန် စစ်ဘက်သည် အဆိုပါ စစ်ရေး လေ့ကျင့်ခန်း၏ တစ်စိတ် တစ်ပိုင်း အားဖြင့် လေယာဉ်ပစ် လက်နက် စနစ်များနှင့် အခြား လေကြောင်းရန် ကာကွယ်ရေး စနစ်များကို စမ်းသပ် သွားမည်ဟု ခန့်မှန်း ရပါသည်။ ၎င်းစစ်ရေး လေ့ကျင့်ခန်းသည် အီရန် နိုင်ငံအား ခြိမ်းခြောက် နေသည့် အမေရိကန်နှင့် အစ္စရေး တို့အား အသိပေးသည့် လုပ်ရပ် တစ် ခု ဖြစ်ကြောင်းနှင့် မိတ်ဖက် နိုင်ငံ များအား ငြိမ်းချမ်းမှုနှင့် မိတ် ဖက် ဖြစ်မှု ၏ သင်္ကေတကို ပြသ လိုက်ခြင်း ဖြစ်ကြောင်း အီရန် နိုင်ငံ ၏ လေကြောင်းရန် ကာကွယ်ရေး ဆိုင်ရာ အကြီးအကဲ ဗိုလ်ချုပ်ကြီး Ferzad Esmailiက ပြောကြား ခဲ့သည်ဟု သိရှိ ရပါသည်။

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ
အီရန်နိုင်ငံ အနေဖြင့် အမေရိကန်၏ Hawk လေကြောင်းရန် ကာကွယ်ရေး စနစ်ပြီးလျှင် ခေတ်အမီဆုံး လေကြောင်းရန် ကာကွယ်ရေး စနစ်သစ် တစ်ရပ်အား နိုင်ငံ အရှေ့ပိုင်းတွင် ၆ ရက်ကြာ ပြုလုပ် သည့် လေကြောင်းရန် ကာကွယ်ရေး စစ်ရေး လေ့ကျင့်ခန်း တစ်ခု လုပ်ဆောင် နေစဉ် အောင်မြင်စွာ စမ်းသပ် ပစ်လွှတ် နိုင် ခဲ့ကြောင်း နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ဖော် ပြောကြား ခဲ့သည်ဟု သိရှိ ရပါသည်။

အဆိုပါ စစ်ရေး လေ့ကျင့်ခန်း ကို နိုဝင်ဘာလ ၁ဝ ရက် နေ့က စတင်ခဲ့ပြီး အကြီးမားဆုံး စစ်ရေး လေ့ကျင့်ခန်း ဖြစ်ပါသည်။ ၎င်းလေကြောင်းရန် ကာကွယ်ရေး စနစ်သည် Mersad (Ambush) ဟုအမည်ရပြီး ၈ဝ ကီလိုမီတာ (၅ဝ မိုင်) အကွာ အဝေး၌ ပျံသန်း လာသော အရာ တစ်ခုအား စောင့်ကြည့် ဖမ်းယူ နိုင်ပြီး ၄၅ ကီလို မီတာ(၃ဝ မိုင်) အကွာ အဝေး၌ ပစ်ချ နိုင်သည်ဟု သိရှိ ရပါသည်။ အီရန် စစ်ဘက်သည် အဆိုပါ စစ်ရေး လေ့ကျင့်ခန်း၏ တစ်စိတ် တစ်ပိုင်း အားဖြင့် လေယာဉ်ပစ် လက်နက် စနစ်များနှင့် အခြား လေကြောင်းရန် ကာကွယ်ရေး စနစ်များကို စမ်းသပ် သွားမည်ဟု ခန့်မှန်း ရပါသည်။ ၎င်းစစ်ရေး လေ့ကျင့်ခန်းသည်
အီရန် နိုင်ငံအား ခြိမ်းခြောက် နေသည့် အမေရိကန်နှင့် အစ္စရေး တို့အား အသိပေးသည့် လုပ်ရပ် တစ် ခု ဖြစ်ကြောင်းနှင့် မိတ်ဖက် နိုင်ငံ များအား ငြိမ်းချမ်းမှုနှင့် မိတ် ဖက် ဖြစ်မှု ၏ သင်္ကေတကို ပြသ လိုက်ခြင်း ဖြစ်ကြောင်း အီရန် နိုင်ငံ ၏ လေကြောင်းရန် ကာကွယ်ရေး ဆိုင်ရာ အကြီးအကဲ ဗိုလ်ချုပ်ကြီး Ferzad Esmailiက ပြောကြား ခဲ့သည်ဟု သိရှိ ရပါသည်။

အေးချမ်းမွန်မှ မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...