Ads (728x90)

တကျော့ပြန် ဘင်္ဂလီ-ရခိုင်အဓိကရုဏ်း နိုင်ငံတကာအစ္စလာမ်အသင်းများသွေးထိုးလှုံ့ဆော်မှုရှိ
Written by မင်းသွီး    Monday, 12 November 2012 14:01    	

Fire Arakanအောက်တိုဘာလ အတွင်း တကျော့ပြန်လည်ဖြစ်ပေါ်လာသော ဘင်္ဂလီ-ရခိုင်အဓိကရုဏ်းသည် နိုင်ငံတကာနှင့် မြန်မာနိုင်ငံအတွင်းက အစ္စလာမ်ဘာသာဝင်များ၏ သွေးထိုးလှုံ့ဆော်မှုကြောင့်ဖြစ်သည်ဟု ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်(ALD) ဥက္ကဌ ဦးအေးသာအောင်က သုံးသပ်ပြောဆိုလိုက်သည်။

ပထမတစ်ကြိမ် ဖြစ်ပွားခဲ့သည့် ဘင်္ဂလီ-ရခိုင်အဓိကရုဏ်းအပြီး အစ္စလာမ်နိုင်ငံများအသင်း(OIC) မြန်မာနိုင်ငံအတွင်း ရုံးစိုက်လာမည်ကို ပြည်သူလူထုနဲ့ ရဟန်းသင်္ဃာများ ကန့်ကွက်ခဲ့ကြရာ မြန်မာအစိုးရမှလည်း OIC ရုံးဖွင့်လှစ်ခွင့်ကို ပိတ်ပင်လိုက်ပြီးနောက်ပိုင်း ဖြစ်ပေါ်လာရသော ပဋိပက္ခဖြစ်သည်။

"ဒီတကျော့ပြန် ပြဿနာက OICကိုလက်မခံတော့ဘူး ကြေငြာလိုက်တဲ့နောက်ပိုင်း ဖြစ်လာရတဲ့ ပြဿနာဖြစ်တယ်။ နောက်တစ်ချက်က ပထမတစ်ကြိမ်ဖြစ်သွား ပဋိပက္ခမှာ ဘင်္ဂလီတစ်ချို့က ဒုက္ခသည်စခန်းကိုရောက်သွားကြတယ်။ တစ်ချို့မြို့တွေမှာကျတော့ ဘင်္ဂလီတွေဟာ စီးပွားရေးနဲ့ စားဝတ်နေရေး အကျပ်အတည်းတွေ များလာတဲ့အခါမှာ သူတို့ဟာ ဒုက္ခသည်စခန်းတွေကို သွားချင်လာကြတယ်။ နောက်ပြီးတော့ ဘင်္ဂလီတွေနေတဲ့ မြို့နယ် ကျေးရွာဒေသတွေမှာ ဒုက္ခသည်စခန်းတွေဖွင့်လှစ်လာမယ်ဆိုရင် အလုပ်မလုပ်ဘဲ စားရေးသောက်ရေးအဆင်ပြေလာမှာဖြစ်သလို နိုင်ငံတကာက တစ်ခြားအကူအညီတွေလည်း ရလာနိုင်တဲ့ဆိုတဲ့ အချက်နှစ်ချက်ပါ။ နောက်တစ်ချက်က ကျနော်ကိုယ်တိုင် မင်းပြား၊ မြေပုံ၊ မြောက်ဦးတို့ကို သွားရောက်လေ့လာတဲ့အခါမှာ ဘင်္ဂလီတွေဟာ ကိုယ့်အိုးအိမ်ကိုယ် မီးရှို့တယ်၊ ရခိုင်အိမ်တွေကိုလည်း မီးရှို့ပြီးတော့ ဒီဒုတိယအကြိမ် ပဋိပက္ခကို ဖန်တီးနေတာကိုတွေ့ရတယ်။ ဘာလို့လည်းဆိုတော့ OICအပါအ၀င် နိုင်ငံတကာတွေကနေ အခွင့်အလမ်းတစ်ခုရအောင် နောက်ထပ်ဒီလိုအရေးအခင်းတစ်ခုကို ဖော်ဆောင်တာဖြစ်တယ်" ဟု ဦးအေးသာအောင်က သုံးသပ်ပြောဆိုသည်။

ပဋိပက္ခဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မြို့တိုင်းတွင် ယခုကဲ့သို့ ပဋိပက္ခပြဿနားများဖြစ်ပေါ်လာအောင် နိုင်ငံတကာရှိ အစ္စလာမ်အသင်းအဖွဲ့များက ရခိုင်ပြည်နယ် မြို့နယ်အသီးသီးတွင်ရှိသော ဘင်္ဂလီများအား အဆက်သွယ်ပြုလုပ်ပြီး သွေးထိုးလှုံ့ဆော်မှုများပြုလုပ်ခဲ့ကြောင်း ရမ်းဗြဲမြို့တွင် စတင်မီးရှို့ခဲ့သော ဘင်္ဂလီ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ဦးအား ဖမ်းမိစဉ် စစ်ဆေးမေးမြန်းချက်များအရ သိရှိခဲ့ရသည်ဟု ဆိုသည်။

By:

Written by မင်းသွီး

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...