Ads (728x90)


မြန်မာအစိုးရက အမေရိကန်သမ္မတအိုဘားမားမြန်မာနိုင်ငံမရောက်ရှိမီ ၁၃ နာရီလောက်အလိုမှာ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်တစ်ရပ်ကို ထုတ်ပြန်ကြေညာပြီး အကျဉ်းသား ၆၆ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တဲ့အကြောင်း အစိုးရပိုင်သတင်းမီဒီယာတွေထုတ်ပြန်ကြေညာလိုက်ပါတယ်။

နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း အကျဉ်းသား ၄၅၂ ဦးလွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသားတွေတဦးမှ ပါမလာပါဘူး။ နောက်တကြိမ်ထပ်မံ ကြေညာလိုက်တဲ့ လွတ်ငြိမ်းသက်သာခွင့်မှာတော့ အကျဉ်းသား ၆၆ ဦးစလုံးက နိုင်ငံရေးအကျဉ်းသားတွေအားလုံးဖြစ်တယ်လို့ နိုင်ငံတော်သမ္မတ အကြံပေးတဦးက ပြောဆိုပါတယ်။

လွတ်ပေးမယ့်အကျဉ်းသားတွေထဲမှာ လင်္ကျာထွန်း၊ ဦးမြင့်အေးတို့လို့ နာမည်ကြီးနိုင်ငံရေးအကျဉ်းသားတွေအပြင် နှစ်ရှည်အကျဉ်းကျခံထားရတဲ့ ABSDF တပ်ဖွဲ့ဝင် ကျောင်းသားတွေလည်း ပါဝင်တယ်လို့သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေမရှိဘူးလို့ တောက်လျှောက်ပြောခဲ့တဲ့ အစိုးရပိုင်းကနေ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးတယ်လို့ ပြောဆိုလာတာဖြစ်တဲ့အပြင် ဒီနိုင်ငံရေးအကျဉ်းသားတွေလွှတ် ပေးဖို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဦးစိုးသိန်းနဲ့ ဦးအောင်မင်းက အာမခံ ခံတာလို့သိရပါတယ်။

အမေရိကန်သမ္မတ အိုဘားမားရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ သမ္မတရုံးတာဝန်ရှိသူတွေနဲ့ အမေရိကန်အရာရှိတွေ ရန်ကုန်မြို့မှာရှိတဲ့ Peace Center မှာ ဆွေးနွေးမှုတွေအပြီး ထွက်ပေါ်လာတဲ့ရလာဒ်တခုလည်းဖြစ်တယ်လို့ သိရပါတယ်။

အေးချမ်းမွန်မှ The Irrawaddy (Burmese Version) တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...