Ads (728x90)



နိုင်ငံတွင်း ငွေကြေးခ၀ါချမှုများကိုတိုက်ဖျက်ရာတွင် အဓိကအဖွဲ့အစည်းဖြစ်လာမည့် FIU အဖွဲ့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အောက်တွင် သီးခြားဘတ်ဂျက်ဖြင့်ဖွဲ့စည်းရန်စီစဉ်နေကြောင်း ရဲတပ်ဖွဲ့ အဆင့်မြင့်အရာရှိတစ်ဦးကပြောကြားလိုက်သည်။ "ငွေကြေးခ၀ါချမှုနဲ့ အကြမ်းဖက်ငွေကြေးတိုက်ဖျက်ရေးအဖွဲ့ကို ရဲတပ်ဖွဲ့အောက်သီးခြားဘတ်ဂျက်နဲ့ သီးခြားအင်အားဖွဲ့စည်းပုံအသစ်နဲ့ ဖွဲ့စည်းသွားမှာပါ။ ဘတ်ဂျက်အသစ်ဖွဲ့စည်းပုံအသစ်နဲ့ဆိုပေမယ့် ပြည်ထဲရေးဝန်ကြီးဌာနအောက်၊ ရဲတပ်ဖွဲ့ အင်အားအနေနဲ့ပဲရှိနေမှာပါ" ဟုပြောဆိုလိုက်သည်။ အဆိုပါပြောဆိုချက်နှင့်ပတ်သက်ပြီး နိုင်ငံတကာအသင်းအဖွဲ့အစည်းများကျွမ်းကျင်သူတစ်ဦးက"ဒါကတော့မဖြစ်သင့်ဘူး။ နိုင်ငံတကာမှာ ဒီလိုအဖွဲ့အစည်းတွေဆိုတာ ၀န်ကြီးဌာနလက်အောက်ခံမဟုတ်ဘူး။ သီးခြားအဖွဲ့အစည်းတွေ၊ လွတ်လွတ်လပ်လပ်နဲ့ ပွင့်ပွင့်လင်းလင်း အစိုးရအဖွဲ့ကို တင်ပြနေကြတာ။ အခု အစိုးရက နိုင်ငံတကာစံနှုန်းတွေနဲ့ညီညွတ်အောင်လုပ်ဆောင်နေတဲ့အချိန်မှာ ပြီးပြီးရောလုပ်တာမကောင်းပါဘူး။ အဖွဲ့အစည်းတစ်ခုဖွဲ့တယ်ဆိုတာလည်း အချိန်ယူရတာပဲ။ အချိန်ကုန် ငွေကုန်ပြီးမှ ဘာမှဖြစ်မလာဘူးဆိုရင် တိုင်းပြည်အတွက် အရမ်းနစ်နာတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ FATF တို့ APG တို့က စံနှုန်းတွေနဲ့ မကိုက်လို့ ပိတ်ဆို့မှုတွေလုပ်ခဲ့ရင် တိုင်းပြည်ရှေ့ဆက်သွားနေတဲ့ အရှိန်ကို တန့်သွားနိုင်တယ်။ အဲဒီအရှိန်တန့်သွားရင် ပြည်သူအများစုပဲနစ်နာမှာ။ ဒီကိစ္စကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေ စိတ်ဝင်စားလာရင် ပိုကောင်းမယ်။ ရဲတပ်ဖွဲ့တစ်ခုတည်းကကျိတ်ပြီးလုပ်နေသလို ဖြစ်နေတယ်။ မပွင့်လင်းဘူး။ ဖွဲ့စည်းပုံနဲ့ ဘတ်ဂျက်တွေကို သူတို့ဘာသာသူတို့ရေးဆွဲနေတာ မှားတယ်။ နိုင်ငံတော်သမ္မတဖြစ်စေ ပြည်ထောင်စုလွှတ်တော်ဖြစ်စေ တင်ပြပြီး အများသဘောနဲ့ စံနှုန်းနဲ့ညီအောင် ရေးဆွဲနိုင်မှာပါ။" ဟုအကြံပေးပြောကြားသွားသည်။
by: People Development for Knowledge


By :

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...