Ads (728x90)

ဖားကန့်မြို့အနီး၊ ဆိပ်မူကျေးရွာအုပ်စု၊ ဖားပြင်ကျေးရွာတွင် ယနေ့နံနက်အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ကန်တာရိုးကျိုးခဲ့ဖြင့် အိမ်ခြေ ၂၀ ကျော်မှာ ရေစီးဖြင့်လုံးဝမျောပါသွားပြီး ခရစ်ယာန်ဘုရားကျောင်းတစ်ခု အပါအဝင် အိမ်ခြေ ၆၀ ကျော်မှာ အကြီးစား ပျက်စီးသွားခဲ့ကြောင်း ဒေသခံများကပြောသည်။

အောက်တိုဘာလ ၂ ရက် ည ၁၀ နာရီခွဲမှ စတင်၍ အောက်တိုဘာ ၃ ရက်နံနက် ၁ နာရီကျော်အချိန်ထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရွာအထက်ပိုင်းရှိရေကန် (ဒေသအခေါ် Ever ရေကန်) အနီး ကျောက်မျက်တူးဖော်ရာမှ စွန့်ပစ်ထားသော မြေစာပုံကြီးမှာ ရေကန်အတွင်းပြိုကျကာ တာရိုးကျိုးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောကြသည်။

လတ်တလောရရှိသော သတင်းများအရ ကန်တာရိုးကျိုးမှုကြောင့် လူသေဆုံး ဒဏ်ရာရရှိမှု မရှိသော်လည်း ရေစီးဖြင့် မျောပါပျက်စီးသွားနေသာ အိမ်ထောင်စု ၉၀ ခန့်မှာ ထိုရွာရှိ ဘုန်းတော်ကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းများတွင် နားခိုနေကြရသည်။

ထိုဒေသတွင် အစိုးရတပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲများကြောင့် ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြရစဉ်တွင် ဖားပြင်ရွာ၌ ကန်တာရိုးကျိုးခဲ့ခြင်းဖြစ်ပြီး အကူအညီများ လိုအပ်လျှက်ရှိကြောင်း သတင်းရရှိသည်။
Credit: 7Day News Journal

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...