Ads (728x90)


Wednesday, 03 October 2012

ဖိလစ်ပိုင် နိုင်ငံသည် တရုတ်နိုင်ငံက တောင်းဆို လျက်ရှိသော အငြင်းပွားလျက် ရှိသည့် စပရက်တလေ ကျွန်းစုရှိ ၄င်း၏ အကျိုးစီးပွား မ
ျားကာကွယ် စောင့်ရှောက်ရန် အတွက် စစ်ဌာနချုပ် အသစ်တစ်ခုအား ဖွင့်လှစ်ခဲ့ပြီး မရိန်းတပ်ဖွဲ့ဝင် ၈ဝဝ ဦးအား တပ်ဖြန့်ချ ထားခဲ့ကြောင်း ဖိလစ်ပိုင်စစ်ဘက် အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြား ခဲ့ပါသည်။

ရေနံအပါအဝင် အရန်သတ္တုသိုက် အများအပြား ရှိသည်ဟု ယုံကြည်ထားပြီး အဓိက ပင်လယ်ရေ လမ်းကြောင်းများ ခွလျက် တည်ရှိသော တောင်တရုတ် ပင်လယ်ရှိ စပရက်တလေ ကျွန်းစုသည် ဒေသတွင်းကာလ ကြာရှည် ပဋိပက္ခဖြစ်ပွား လျက်ရှိပါသည်။ အဆိုပါ ကျွန်းစု၏ အစိတ်အပိုင်း များအား ဖိလစ်ပိုင်၊ တရုတ်၊ ဗီယက်နမ်၊ ဘရူနိုင်း၊ မလေးရှားနှင့် ထိုင်ဝမ်တို့က အပြိုင်အဆိုင် တောင်းဆို လျက်ရှိပါသည်။

အဆိုပါ တပ်ဖြန့်ချ ထားမှုသည် ကာကွယ်ရေး ဆောင်ရွက်ရန် အတွက်
သာဖြစ်ပြီး ရန်လိုသော လှုပ်ရှား ဆောင်ရွက်မှု တစ်ခုအဖြစ် မယူဆ သင့်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး Juancho Sabban က ပြောကြား ခဲ့ပါသည်။

စပရက်တလေ ကျွန်းစုအား ကာကွယ်ရန် တပ်ရင်း ၂ ရင်းရောက်ရှိခဲ့သည်ကို စပရက်တလေ ကျွန်း၏ မြို့စောင့်တပ် ခေါင်းဆောင် Sabban က AFP သတင်းဌာန သို့ပြောကြား ခဲ့ပါသည်။ မရိန်းတပ်ဖွဲ့ များသည် စပရက်တလေ ကျွန်းပေါ်တွင် တပ်စခန်း များချထားမည် မဟုတ်ကြောင်း နှင့်အနီးအနားတွင်
ကင်းလှည့် ဆောင်ရွက် မည်ဖြစ် ကြောင်း ၄င်းက ပြောကြား ခဲ့ပါသည်။

အရှေ့တရုတ် ပင်လယ်တွင် ရှိသည့် ကျွန်းနှင့် ပတ်သက်၍ ဂျပန်နှင့် အငြင်းပွားနေသော တရုတ်ကို တောင်တရုတ် ပင်လယ်အတွင်း တင်းမာမှု များတိုးမြှင့်အောင် လုပ်ဆောင်နေ ကြောင်း စွပ်စွဲလျက် ရှိပါသည်။ တရုတ်အား ယုံကြည်ခဲ့သော ကြောင့် ဖိလစ်ပိုင် နှင့် ဗီယက်နမ်တို့သည် လွန်ခဲ့သည့်နှစ် အတွင်း သတိပေးမှုများ ပြုလုပ် ခဲ့ပါသည်။

တရုတ် နိုင်ငံသည် ဖိလစ်ပိုင် နိုင်ငံက အနောက် ဖိလစ်ပိုင် ပင်လယ်ဟု ခေါ်သော တောင်တရုတ် ပင်လယ် အားလုံးကို အိမ်နီးချင်း နိုင်ငံများ အတွက် ရေလမ်းကြောင်း သွားလာမှု ပိတ်ဆို့သည် အထိပင် တောင်းဆို နေပါသည်။ Sabban ၏ ကြေညာချက်တွင် တရုတ်ခေါင်းဆောင် ဇီကျန်ပင်း အားတွေ့ဆုံ ခဲ့သော ဖိလစ်ပိုင် အထူး သံတမန်က နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်မည့် မျှော်လင့်ချက်များကို ထုတ်ဖော် ပြောကြား ခဲ့ပါသည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...