Ads (728x90)

စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဒဂုံမြို့သစ်အရှေ့ပိုင်း စက်မှုဇုန်အတွင်းရှိ ဂျုံစက်ရုံတစ်ရုံ၏ ပြည်ပမှ ကုန်ကြမ်းပစ္စည်းများ တင်သွင်းလာသော ကွန်တိန်နာ တစ်လုံးအတွင်းမှ လက်နက်ခဲယမ်းများ ပါရှိလာသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။ ပါကစ္စတန်နိုင်ငံထုတ် ဂျုံစေ့များကို စင်ကာပူကုမ္ပဏီမှ တင်သွင်းပေးခြင်းဟု သိရပြီး လတ်တလောတွင် ဖြစ်စဉ်အပြည့်အစုံအား သိရှိရခြင်း မရှိသေးသော်လည်း မကြာမီ ထုတ်ပြန်ဖွယ်ရှိကြောင်း သိရှိရသည်။ အဆိုပါ ကွန်တိန်နာ သယ်ဆောင်သည့် နိုင်ငံနှင့် ဆိပ်ကမ်းများကိုလည်း သက်ဆိုင်ရာမှ ဆက်လက် စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။
https://www.facebook.com/ElevenMediaGroup?ref=stream


ကြားဖြတ် သတင်း ....................

ပါကစ္စတန် နိုင်ငံ မှ ဂျုံစေ့ များ မြန်မာ နိုင်ငံ သို့  တင်ပို့  လိုက်သည့်
သင်္ဘော ကွန်တိန် နာ ထဲ တွင် M 16 မောင်းပြန် ရိုင် ဖယ် ၃၀ ကျော် ၊ ပခုံး
ထမ်း လောင်ခြာ ခြောက် ခု နှင့် ပေါက် ကွဲ စေတတ်သည့် လက်နက် ခဲ
ယမ်း များ လည်း ပါဝင်လာသည် ဟု ရန်ကုန်တိုင်း ရဲတပ် ဖွဲ့ မှုး ရုံး က FNG
ကို အတည် ပြု ပြောသည်။ ထို ကွန်တိန် နာသည် ဒဂုံမြို့  သစ် ရှိ စက်မှုဇုန်
တစ်ခု တွင် ရောက် ရှိ နေခြင်းဖြစ်ပြီး ပါကစ္စတန် မှ တင်ဆောင်သည့် ကုန်
ပစ္စည်း ကို စင်္ကာ ပူ လိုင်း ဖြင့် ရောက်ရှိ လာခြင်း ဖြစ်သည်။ 
https://www.facebook.com/photo.php?fbid=10152088232017588&set=a.481040217587.236821.73175557587&type=1&ref=nf 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...