Ads (728x90)



Yangon Press International

ယနေ့မွန်းလွဲ ၁ နာရီ၌ ရန်ကုန်မြို့ ဆူးလေနှင့် အောင်ဆန်းကွင်း နဘေး တခြမ်းပဲ့ ဗလီတို့တွင် ဆန္ဒပြမည်ဆိုသည့် သတင်းများ ထွက်ပေါ်နေသဖြင့် ရဲလုံခြုံရေးများ ချထားသော်လည်း မွန်းလွဲ ၃ နာရီကျော်သည့် အထိ မည်သည့် ဆန္ဒပြမှုမျှ ဖြစ်ပွားခဲ့ခြင်း မရှိသည်ကိုေ

တွ့ရသည်။

မွန်းလွဲ ၁ နာရီဝန်းကျင်ကတည်းက ရန်ကုန်မြို့ ဆူးလေစေတီတ၀ိုက်တွင် ရဲလြုံ
ခုံရေးများ ချထားသည်ကိုတွေ့ရသော်လည်း သံဃာတော်များ ဆန္ဒထုတ်ဖေါ်မှု ဖြစ်ပွားခြင်း မရှိခဲ့ပေ။

အလားတူ အထက်ပန်းဆိုးတန်းလမ်း အောင်ဆန်းကွင်း နဘေးရှိ တခြမ်းပဲ့ ဗလီရှေ့တွင်လည်း ဆန္ဒပြမည်ဆိုသည့် သတင်းထွက်ပေါ်ခဲ့သဖြင့် ရဲလုံခြုံရေးများ ချထားသည်ကိုတွေ့ရသည်။

ယခုရက်ပိုင်းတွင် ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် အုပ်စုလိုက် ခိုက်ရန်ဖြစ်ပွားမှုများ၊ မီးရှို့မှုများ ဖြစ်ပွားခဲ့သည့်နောက် ယမန်နေ့က ရန်ကုန်မြို့တွင် ဆန္ဒထုတ်ဖေါ်မှု ဖြစ်ပွားခဲ့သည်။ ။

ကျောက်ဖြူ၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးမြို့များတွင် ဖြစ်ပွားသည့် အကြမ်းဖက်မှုများ၊ မီးရှို့မှုများကြောင့် ယခုလ ၂၄ ရက်နေ့ထိ သေဆုံးသူ (၁၂ ) ဦး ဒဏ်ရာရသူ (၅၀) ဦးနှင့် လူနေအိမ် ၁၉၀၀ ကျော် မီးလောင်ကျွမ်းကာ အများအပြား အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်ဟု နိုင်ငံတော် သမ္မတရုံး ကြေညာချက်တွင် ဖေါ်ပြထားသည်။
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...