Ads (728x90)



FRIDAY, OCTOBER 26, 2012

ရမ်းဗြဲမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များတွင် အကြမ်းဖက်မှုများ ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် လုံခြုံရေးများနှင့် မြို့အဝင်လမ်းများကိုပိတ်ထားပြီး ရဲများ
စောင့်ကြည့်ထားသော်လည်း မီးရှို့မှုဖြစ်ပွားရကြောင်း သတင်းရရှိသည်။

ယနေ့နေလည်( ၁) နာရီခန့်တွင် ရမ်းဗြဲမြို့ပေါ် ဗလီအနီးရှိ ကျောင်းဆရာမ
တစ်ယောက် မွေးမြူထားသော ကြက်ခြံကို ဘင်္ဂလီများ မီးရှို့လိုက်သဖြင့် မီးလောင်မှုဖြစ်ပွားနေကြောင်း သိရှိရသည်။

ယနေ့ (၉)နာရီကျော်ခန့် အောင်စည်ကုန်းရွာမှ ရမ်းဗြဲမြို့ပေါ်သို့ လာသော
မောင်နေလင်းထွန်း၊ အသက်(၂၈)နှစ်အား လုံခြုံရေးမှ မြို့ပေါ်သို့မ၀င်ရောက်
ရန်တားဆီးရာတွင် ရိုက်နှက်မှုများအထိ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ရမ်းဗြဲမြို့ပေါ်မှ အမျိုးသားတစ်ဦးက " ဒီနေ့ (၉)နာရီကျော်လောက်မှာ
အောင်စည်ကုန်းရွာနေ မောင်နေလင်းထွန်းက မြို့ကို လာပါတယ်။ သူက
မြို့ပေါ်ကို မဝင်ရဘူးလို့ ပြောထားတာကို မသိဘူးထင်ပါတယ်။ အဲဒါကို ဂွမြို့နယ် ခမရ ၅၆၂က သုံးပွင့်နဲ့ စစ်ဗိုလ်က တားထာ အချေအတင် စကားပြောရာကနေရိုက်နှက်မှုတွေ ဖြစ်သွားပါတယ်။မျက်နှာမှာ ယောင်
ရမ်းပြီးရင်ညွန့်မှာလည်း စစ်ဖိနပ်နဲ့ ကန်ကျောက်လိုက်တာ ယောင်ရမ်းသွား
တယ်လို့ သိရပါတယ်။ အခု ရမ်းဗြဲ ဆေးရုံမှာ ဆေးကုသနေပါတယ်။ အခြေအနေကတော့ စိုးရိမ်စရာ မရှိတော့ပါဘူး။ " ဟု ပြောပြသည်။

ရမ်းဗြဲမြို့ပေါ်တွင် ဘင်္ဂလီ အကြမ်းဖက်မှုများ ဖြစ်လာမည်ကို စိုးရိမ်သော
ကြောင့် မြို့ပေါ်သို့လာသည့်လမ်းများဖြစ်သည့် အောင်စည်ကုန်း၊ကျောက်ဖြူ - ရမ်းဗြဲကားလမ်း ၊ ရမ်းသစ်ချေ - ရမ်းသစ်ကြီး ကားလမ်းများကို ပိတ်
ထားပြီး လုံခြုံရေးများ ချထားသော်လည်း ယခုကဲ့သို့ မီးရှို့မှုများ ဖြစ်ပေါ်
လာခြင်းဖြစ်သည်။

Arakan Times
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...