Ads (728x90)



ဆည်တည်းကျေးရွာက ဖိုက်တာတစ်စု
ဆည်တည်းကျေးရွာကို ကျနော်တို့ရောက်တော့ သက်တော် ၆၀လောက်ရှိတဲ့ဘုန်းကြီး ကစီးဖဲ့တယ် ။ ဟဲ့ဒကာတို့ မင်းတို့က ဘာကြောင့် ညီလာခံကျင်းပတဲ့ရက်က မလာတာ လည်းတဲ့ ။ ညီလာခံဆိုတာ - ကိုဟန်ဝင်းအောင်တို့ ကို ဝေဠုတို့ စီစဉ်တဲ့ ၁၀ လပိုင်း - ၁၈ ရက် ၁၉ ရက် နှစ်ရက်လုပ်တဲ့ ဆည်တည်းရွာက လယ်သမားညီလာခံဖြစ်ပါတယ် ။ ကျနော်ကို ဖေကမ္ဘာကုမ္မဏီက တရားစွဲထားလို့ ရုံးချိန်းက ၁၈ ရက်နေ့ဖြစ်နေတယ် ဘုရား ဒါ့ကြောင့် ကျနော်တို့မလာနိုင်ပါဘူး ဆိုတော့ ဘုန်းကြီးကသိပ်မကြည်ဘူး ။
ဘုန်းကြီးကဆက်ပြောတယ် - ဟိုးစောစောက ပြဿနာတွေအသည်းအသန်ဖြစ်နေတာ အဲဒီတုံးကမလာဘဲ အခုမှဘာလို့လာသလဲလို့ ထပ်ဖြဲတယ် ။ မဟုတ်ဘူး ဘုရားတပည့်တော်တို့ ရွာသားတွေဘက်က လိုက်ဖိုက်တဲ့လူတွေက မအားကြဘူး လူကိုကနည်းနေတာဆိုတော့ - အေးလေ လိုက်ဖိုက်လို့ခေါ်တာပေါ့ကွ -
ရွာသားတွေကိုလည်း သေချာမေးကြည့်တော့ သူတို့ကတော့နိုင်သွားပြီထင်နေကြ တယ် ။ ဒီလူတွေနောက်တကျော ပြတ်ပြတ်သားသားဖိနှိပ်မှုမလုပ်နိုင်ဖို့ သတင်းတွေ ရှည်ရှည် လျားလျား ထုတ်ပြန်ထားဖို့လိုတယ် - အဲဒါကြောင့်လာရတာဘုရား မအားဘူး - ၀မ်ပေါင်ကုမ္မဏီက - သူတို့အကြောင်းရေးတဲ့စာစောင်ကို တရားစွဲမယ် ပြောနေလို့ ရေးဖြစ်အောင်ဆင်းလာတာဘုရားလို့ လျှောက်တင်တော့မှ အင်တာဗျူးပေးတယ် ။
ရွာသားတွေနဲ့ဆရာတော်ဘက်ကလည်းမလွန်ဘူး - အတော်စောစော လပိုင်းတွေက ဆိုရင် ရွာထဲကို အလုံးအရင်းနဲ့ဝင်ဖမ်းဖို့ တွေလုပ်တယ် ။ ဆည်တည်းရွာက လူတွေကို အိုးအိမ်သစ်တေါနြ့မျှားခေါ်ပြီး ရွာသစ်ကို ပို့ပေးတယ် ။ ရွာသစ်ဆိုတာကတော့ သေချာကြည့်ရင် နေချင်စရာပါဘဲ ။ ဒါပေမဲ့ ထမင်းလုပ်ဗျ ထမင်းလုပ် ။
ထမင်းလုပ်ဗျ ထမင်းလုပ် - - ထမင်းလုပ်ဗျ ထမင်းလုပ် - - ထမင်းလုပ်ဗျ ထမင်းလုပ်

ဘွန်းနဲ့ဘမ်း
သောက်ကြီးသောက်ကျယ်စကားနဲ့ပြောရရင် - အီးဂရက်လေသံနဲ့ပြောရရင် ဘွန်းနဲ့ ဘမ်းပေါ့ -နေမျိုးဝေလေနဲ့ - မြင်အောင်ပြောမယ်ဗျာ
ကြည့်မြင်တိုင် နဲ့ သရက်ချောင်း ဆိုပါတော့
ကြည့်မြင်တိုင် မှာ က ကုန်တင်ကုန်ချလုပ်ငန်းရှိတယ် ။ ဆိုက္ကားနင်းလို့ရတယ် ။ တက္ကစီ မောင်းလို့ရတယ် ။ လိုင်းကားမောင်းလုပ်ငန်းရှိတယ် ။ စပါယ်ယာလုပ်လို့ရတယ် ။ အဲယားကွန်းပြင်ဆိုင်ဖွင့်လို့ရတယ် ။ ကားအောက်ပိုင်းဆိုင်ဖွင့်မယ် ။ ဆံသဆံ ။ - - - - လမ်းဘေးမုန့်ဟင်းခါးရောင်း ဒါတွေပေါ့ဗျာ အများကြီး ဘွန်းဖြစ်တယ်ပေါ့ အလုပ်အကိုင်အခွင့်အလမ်းရှိတယ်ပေါ့ဗျာ - - - -
ဒါပေမဲ့ - - - တို့စရာထွက်ခူးလို့မရဘူး ။ ငါးရံထောက်လို့မရဘူး ။ ကွန်ပစ်လို့မရဘူး ။ ပုစွန်ဆင်းစမ်းလို့မရဘူး - ဂဏန်းထောင်လို့မရဘူး - ဒါတွေ ကမ်း တယ်ပေါ့ဗျာ အခွင့်အလမ်း မရှိဘူးပေါ့ဗျာ- - -

အေးပြောင်းပြန်ဘဲဗျ - -
သရက်ချောင်းမှာတော့ တို့စရာထွက်ခူးလို့ရတယ် ။ ငါးရံထောက်လို့ရတယ် ။ ကွန်ပစ်လို့ရတယ် ။ ပုစွန်ဆင်းစမ်းလို့ရတယ် - ဂဏန်းထောင်လို့ ရတယ် - ဒါတွေ ဘွန်းဖြစ်တယ်ပေါ့ဗျာ အခွင့်အလမ်းရှိတယ်ပေါ့ - -
ကြည်မြင့်တိုင်မှာလုပ်စားနိုင်တဲ့ (((ကုန်တင်ကုန်ချလုပ်ငန်း၊ဆိုက္ကား၊တက္ကစီ လိုင်းကား စပါယ်ယာ၊အဲယားကွန်းပြင်၊ကားအောက်ပိုင်း၊ဆံသ၊လမ်းဘေးမုန့်ဟင်းခါးရောင်း ဒါတွေ လုပ်စား လို့မရဘူးဗျ ။

အဲဒါကြောင့် ဆည်တည်းကလူတွေကို ခပ်တည်တည်နဲ့ ရေမီးနဲ့ ထားပေးပေမဲ့ အဆင်မပြေဘူး - နေ့စဉ်ထမင်းလုပ်ကို ရှာလို့မတတ်ဘူးဗျ - -
ဘယ်သူတွေအရင်ပြောင်းကြသလဲ
ဆည်တည်းရွာသစ်ကို ပြောင်းကြဆိုတော့ - လက်လုပ်လက်စားစာရင်း ငှားတွေက ပြောင်း ကြတယ် သူတို့မှာ မြေပိုင်ယာပိုင်မရှိတော့ - သွမ်းမိုးပျဉ်ထောင် ရေမီးကို သဘောကျကြတယ် ။ ဒါပေမဲ့ မြေပေါ်မှာ အပူအပင်မရှိလယ်ယာလုပ်ကိုင်စားလာသူ တွေကတော့ လုံးဝမပြောင်းနိုင်ကြဘူး ။ ပြောင်းရွှေ့သွားတဲ့နေရာသစ်ကလူတွေလည်း လုပ်ကိုင်စားသောက်ဖို့ အဆင်မပြေကြဘူး - တစ်အိမ်ကို တစ်ယောက်နှုန်း အလုပ်ခန့် ထားပေးပြီး ကြိုပို့လုပ်ပေးထားလို့ ခံသာပေမဲ့ - လူများစုကြီးဖြစ်လာရင် အခက်ကြုံဖို့ သေချာပါပြီ ။
လူနည်းစုဆိုတာက ၂၈ အိမ်ဘဲ လူနေပြိး ကျန် ၁၆၀ လောက်ကမပြောင်းကြပါဘူး ။ အိမ်လွတ်တွေ တထောကြီးပါ ။
အဲဒါကြောင့် ဆည်တည်းရွာသားတွေက လုံးဝမပြောင်းနိုင်ဘူးလို့ပြောပါတယ် ။ အုပ်ချုပ်ရေးလည်း သူတို့ဘာသာလုပ်တယ် ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေး လက်အောက်ခံ လည်းမဟုတ်ဘူး ရွာထဲမှာ ပြဿနာရှိလာရင် စုပြီးဖြေရှင်းလိုက်တာ အေးချမ်းသွားတယ်လို့ သူတို့က ယုံကြည်နေကြ လုပ်ဆောင်နေကြပါတယ် ။

လုပ်ခဲ့ပြီးသမျှ နဲ့ လုပ်ရန် ကမ်ပိန်းများ
မောင်မောင်ဆိုလေ ထီးရိုးရှည် ဆိုတဲ့ သံချပ်အဖွဲ့မှာ အဆိုတော် ဒီဥက္ကာပါတယ် ။ ၀င်းကျော့မှူးပါတယ် - သူတို့အခု လက်ပံတောင်း တောင်ကို ရောက်နေတယ် ။ ဗကသကကျော်ကိုကိုတို့ ဦးဆောင်ပြီး တောင်ကြည့်ပွဲတွေဖြစ်တယ် ။ ဝေဠုတို့အဖွဲ့က လည်း ဘိုးဘွားတွေရဲ့ ၀ိဥာဉ်တွေပါနိုးထလာပြီး ဆန့်ကျင်တားမြစ်ကြကြောင်း တို့ ဘိုးဘွား အမွေ ဆိုတာကိုသရုပ်ဖော်ကမ်ပိန်းတွေလုပ်တယ် ။ ၈၈ တွေကို ခပ်ဆတ်ဆတ်လေးတို့ထိဖို့ ဇွဲနစ်ပြီးတိုက်ဖို့ ဦးနှမ်းဖြူး ၈၈ နှစ်ဆိုပြီး အခေါင်း ကို မီးရှို့တယ် ။ မောင်မောင်ဆိုလေ ထီးရိုးရှည်အဖွဲ့က ဆရာစံသူပုန်ထတဲ့ သီချင်းကို ရွာစဉ် ၂၆ ရွာပတ်ပြီး သီဆိုဖျော်ဖြေရင်းအလှူခံတယ် ရတဲ့အလှူငွေတေါနဲပ တောင် ပေါ် က မိုင်းဒဏ်သင့်ဘုရားကြီး ရွှေသင်္ဃန်းကပ်မယ် ။ ဆရာစံသူပုန်ထတဲ့ သီချင်း လှည့်ဆိုတာကိုက ကမ်ပိန်းဖြစ်တယ် ။
ဘုရားကြီးကလည်း သမိုင်းရှိတယ် - ကျူးဗား နဲ့ ရုရှား အနုမြူစစ်ပွဲဖြစ်ဖို့တာ စူနေတဲ့ အချိန် ။ ကုလသမဂ္ဂမှာ ဦးသန့် အလုပ်များနေတဲ့အချိန်မှာတည်ထားတဲ့ အနုမြူကပ် ကျော်ဘုရားဖြစ်နေတယ် ။ လယ်တီဆရာတော်ဘုရားကြီးက အဟာရဒီပနီ ကျမ်းကို အဲဒီဘုရားကြီးအနီးက လှိုင်မှာ တရားကျင့်ရင်းရေးခဲ့တယ် ။
ကိုဟန်ဝင်းအောင်တို့ ကိုဝေဠုတို့ ကိုအောင်စိုးတို့က ဆည်တည်းရွာမှာ - ပြည်သူ့ ညီလာခံ လုပ်ခဲ့တယ် ။
မနက်ဖြန်ကမ်ပိန်းကတော့ - သစ္စာအဓိဌာန် ၄ ချက် ဆိုမယ် - ဘုရားရွှေသင်္ဃန်း၂၆ ပြားကပ်မယ် - မီးပုံပျံ ၂၆ + ၂ = ၂၈ လုံး လွှတ်မယ် - စာတွေ မီးပုံပျံပေါ်ကနေ ကုမ္မဏီဝင်းထဲ ကျဲဖြန့်မယ် ။
လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုကော်မရှင်
ပြည်ထောင်စုလွှတ်တော်ကြီးကနေ ထောက်ခံမဲ ၃၉၅ မဲ နဲ့ အတည်ပြုဖွဲ့စည်းလိုက် တဲ့ကော်မရှင် - မြန်မာတစ်နိုင်လုံးကို အဖွဲ့ကြီး (၉)ဖွဲ့ ခွဲပြီး မြေယာသိမ်းဆည်း ခံရမှုတွေကို စုံစမ်းမတဲ့ -
အဖွဲ့တွေက -
အဖွဲ.(၁) ရန်ကုန်တိုင်းဒေသကြီး
(က) ဦးတင်ထွတ် (ဇလွန်) ကော်မရှင်ဥက္ကဌ………….အဖွဲ.ခေါင်းဆောင်
(ခ) ဦးခင်မောင်ရည်(ခ) ခိုင်မောင်ရည် (အလုံ) ………………………………အဖွဲ.၀င်
(ဂ) ဒေါ်စုစုလှိုင် ( ဒဂုံတောင်) ………………………………………………….. ။
(ဃ) ဒေါ်ခင်ဝိုင်းကြည်(ရန်ကုန်/၁/အမျိုးသား)……………………………….. ။
(င) ဦးအောင်သိန်းလင်း( တောင်ဥက္ကလာ)…………………………………….. ။
(စ) ဦးအောင်ဇင် (ပုဇွန်တောင်)………………………………………………….. ။
(ဆ) Dr မြင့်ကြည်( ရန်ကုန်/၈/အမျိုးသား) ကော်မရှင် ဒုဥက္ကဌ…………… ။
အဖွဲ.(၂) ဧရာဝတီ တိုင်းဒေသကြီး
(က) ဦးသိန်းထွန်း (ကျောင်းကုန်း) ကော်မရှင်အတွင်းရေးမှူး……………..အဖွဲ.ခေါင်းဆောင်
(ခ) ဦးမန်းမောင်မောင်ဥာဏ် (ပန်းတနော် ) …………….. အဖွဲ.၀င်
(ဂ) ဒေါ်ခင်သန်းမြင့် (ငပုတော ) ………………. ။
(ဃ) ဦးစိန်ဝင်း (မအူပင် ) …………….. ။
(င) ဦးကျော်မြင့် ( မြန်အောင် ) ………………. ။
(စ) ဦးအောင်မြသန်း (ညောင်တုန်း) ………………. ။
အဖွဲ.(၃) ပဲခူးတိုင်းဒေသကြီး
(က) ဦးမင်းဆွေ (ဒိုက်ဦး) ………………….. အဖွဲ.ခေါင်းဆောင်
(ခ) ဦးဝင်းမြင့် (ပြည်) ………………….. ။
(ဂ) ဦးစိုးအောင် (သဲကုန်း) ………………….. ။
(ဃ) ဦးစိန်ထွန်း (တန်းတပင်) ………………….. ။
(င) ဒေါက်တာခင်ရွှေ (ရန်ကုန်/၉/အမျိုးသား) ………………….. ။
(စ) ဦးမြင့်ထွန်း (ပဲခူး/၁၀/အမျိုးသား) ………………….. ။
အဖွဲ.(၄) မန္တလေးတိုင်းဒေသကြီး
(က) ဦးသိန်းထွန်းဦး (အမရပူရ) ………………….. အဖွဲ.ခေါင်းဆောင်
(ခ) ဦးဘိုနီ (ရမည်းသင်း) ………………….. အဖွဲ.၀င်
(ဂ) ဦးအောင်သန်. ( ပုသိမ်ကြီး ) …………………… ။
(ဃ) ဦးခင်မောင်ညွန်. (သပိတ်ကျင်း ) ………………….. ။
(င) ဦးကြည်မောင် ( မြစ်သား ) ………………….. ။
(စ) ဦးမင်းသူ (ဥတ္တရသီရိ ) ……………….. ။

အဖွဲ.(၅) မကွေးတိုင်းဒေသကြီး
(က) ဦးလှဆွေ ( မကွေး/၁၂/အမျိုးသား ) …………… အဖွဲ.ခေါင်းဆောင်
(ခ) ဦးမြင့်သိန်း ( မကွေး ) …………… အဖွဲ.၀င်
(ဂ) ဦးအောင်မြင့် (ဂန်.ဂေါ ) …………… ။
(ဃ) ဦးခင်မောင်ညို (ပေါက် ) ………….. ။
(င) ဦးမှတ်ကြီး ( မန္တလေး/၉/အမျိုးသား ) ………….. ။
(စ) ဦးအောင်ငြိမ်း ( မကွေး/၂/အမျိုးသား ) ………….. ။
အဖွဲ.(၆) စစ်ကိုင်းတိုင်းဒေသကြီး/ကချင်ပြည်နယ်
(က) ဦးတင်မြ (စစ်ကိုင်း/၇/အမျိုးသား) တွဲဘက်အတွင်းရေးမှုး……….အဖွဲ.ခေါင်းဆောင်
(ခ) ဦးတင်ဝင်း (ကောလင်း) …………. အဖွဲ.၀င်
(ဂ) ဦးစိုင်းသန်.ဇင် (ရှမ်း/၄/အမျိုးသား) ………….. ။
(ဃ) ဦးကျော်မြင့်(ခ) ဦးဖိုးတုတ် (မိုးမိတ်) ………….. ။
(င) ဦးဂျေယောဝူ (ကချင်/၁၂/အမျိုးသား) ………….. ။
အဖွဲ.(၇) ရှမ်းပြည်နယ်/ကယား ပြည်နယ်
(က ဦးစိုင်းထွန်းစိန် (မိုင်းပြင်း) ……………… အဖွဲ.ခေါင်းဆောင်
(ခ) ဦးစိုင်းသီဟကျော်(ခ) စိုင်းဟတ် (မိုင်းရယ်) …………….. အဖွဲ.၀င်
(ဂ) ဦးခင်မောင်သီ ( လွိုင်လင်) …………….. ။
(ဃ) ဦးစိုင်းဝင်းမောင် ( ရှမ်း/၅/အမျိုးသား) ……………. ။
(င) ဦးစိုင်းကျော်ဇောသန်း (ရှမ်း/၂/အမျိုးသား) ……………. ။
(စ) ဦးစိုးရယ် (ဒီမောဆိုး) ……………. ။
အဖွဲ.(၈) ရခိုင်ပြည်နယ်/ချင်းပြည်နယ်
(က) ဦးမောင်ဦး (တပ်ကုန်း) ……………… အဖွဲ.ခေါင်းဆောင်
(ခ) ဦးဘရှိန် (ကျောက်ဖြူ) ……………… အဖွဲ.၀င်
(ဂ) ဦးဖေသန်း (မြေပုံ) ……………… ။
(ဃ) ဦးအုန်းတင် (ရခိုင်/၁၀/အမျိုးသား) …………….. ။
(င) ဦးရွှေမောင်(ခ) အဒူရော်ဇတ် (ဘူးသီးတောင်) …………….. ။
(စ) ဒေါက်တာအေးမောင် (ရခိုင်/၁/အမျိုးသား) …………….. ။
(ဆ) ဦးထန်လိန်း (မင်းတပ်) …………….. ။
အဖွဲ.(၉) ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး
(က) Dr ဌေးဝင်း ( ဧရာဝတီ/၅/အမျိုးသား) ………………. အဖွဲ.ခေါင်းဆောင်
(ခ) ဒေါ်နန်းစေအွာ (ဖားအံ) ……………… အဖွဲ.၀င်
(ဂ) ဒေါ်မိမြင့်သန်း ( ရေး) ……………… ။
(ဃ) ဦးစိုင်းသန်းနိုင် (ဖာပွန်) ……………… ။
(င) ဦးဝင်းဦး (ရေဖြူ) ……………… ။
ကိုင်း ဒီလူတွေဘာလုပ်ကြမလဲ - - - - -
လွှတ်တော်ကဖွဲ့စည်းတဲ့ကော်မတီတွေ ပြည်ထောင်စုအဆင့်ရှိသတဲ့ ဒါပေမဲ့ ဦးပိုင်ကိုမထိရဲဘူး
လွှတ်တော်ကဖွဲ့စည်းတဲ့ကော်မတီတွေ ပြည်ထောင်စုအဆင့်ရှိသတဲ့ ဒါပေမဲ့ ၀မ်ပေါင်ကို အနားမသီရဲဘူး
လွှတ်တော်ကဖွဲ့စည်းတဲ့ကော်မတီတွေ ပြည်ထောင်စုအဆင့်ရှိသတဲ့ ဒါပေမဲ့ မုံရွာခရိုင်ဆားလင်းကြီးမြို့နယ်ထဲကိုမလာဘူး
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...