Ads (728x90)



ကံကုန်းကျေးရွာကလူတွေအဆိပ်သင့်
ကံကုန်းရွာဇာတိ အသက် ၆၂ ရှိ အဘ ဦးဘိုးသန်း ပြောပြတာကတော့ - ငါမှာ သားသမီး (၉) ယောက်ရှိတယ် ။ ဒီရွာမှာဘဲမွေးတယ် ဒီရွာမှာဘဲ ကြီးတယ် ။ ဒီရွာမှာဘဲယာတွေလုပ်တယ်ကွာ - ဂျုံ ၊ ကုလားပဲ ၊ ကြက်သွန် ဖြူ နီ ၊ နှမ်း ၊ ပြောင်း၊ စွန်တာနီ တွေစိုက်တယ် ။ အခုတော့ လယ်တွေဘာတွေမရှိတော့ပါဘူး ။ ကုန်ပြိ ။
ငါတင်မဟုတ်ဘူးလေ တို့ရွာတစ်ရွာလုံးနီးပါးကုန်ပြီ ။ ရွာမြောက်ဘက် ယမားချောင်း ဘေး ကျောက်မြက်ကွင်း ဒုံတောကျေးရွာ တွေမှာ စိုက်တာတော့ နဲနဲကျန်သေးတယ် ။ ကြိုးကြာကွင်းမှာက ၂၂၄ ဧက ဒုံတောကွင်းက ၁၀၃ဘ ဧက သံပျင်ကွင်းက ၂၀၁ ဧက ကံကုန်းကွင်းက ၅၄၆ ဧက ကွ အဲဒီစာရင်းတွေ ဟိုတလောကပြုစုထားတာ ။ စုစုပေါင်း လူဦးရေ က ၃၈၀၀ ကျော်တယ် -
ဒီရွာမှာကွာ - ဦးနေ၀င်းလက်ထက်ကတည်းက ယူဂိုဆလဗ်က ပညာရှင်တွေနဲ့လာ တယ် ၊ ဂျပန်တွေလာတယ် - ကနေဒါတွေလာတယ် ။ အိုင်ဗင်ဟိုး လက်ထက်မှာတော့ တော် တော် လေးလုပ်လိုက်သေးသလိုဘဲ ခနပါဘဲ နောက်တော့ မြန်မာယမ်စီကုမ္မဏိ လက်ထဲရောက်သွားတော့ စံပယ်တောင် တစ်တောင်လုံးလဲကုန်ရောကွာ -
ဒို့ရွာကလူတွေအလုပ်မရပါဘူးကွာ ဒေသခံ ဆိုတာ ဒေသကလူတွေက အမြဲခံရတယ် လို့ပြောတာကွ ။ သူတို့ စက်ရုံထဲမျာ အလုပ်ရတဲ့သူကွာ ၂၀ ကျော်ဘဲရှိပါတယ် ။ ရာသီချိန်မှာလယ်ယာလုပ်စားကြတာပေါ့ကွာ ။ ရာသီပြင်ပကျတော့ ခန္တီး ၊ ဖားကန့် ၊ မုံရွာ ၊ တွေမှာသွားလုပ်စားကြတယ်။ နတ်မောက်ဘက်မေမြို့ဘက်တွေမှာ ကြက်ခြံ တွေမှာ အလုပ်သွားလုပ်ကြတယ်ကွ ။ ငါကတော့ လိုက်ထရပ်ကားတွေ ထောင်ပြီး ပြေးနေတယ်ကွာ သမီးနှစ်ယောက်က ကုန်စုံလေးတွေရောင်းတယ် ။ သနပ်ခါးတုံး တွေရောင်းတယ် ငါ့အမျိုးထဲမှာတော့ စက်ရုံမှာတစ်ယောက်မှ အလုပ်မရကြဘူး ။
မြေစသိမ်းတဲ့ ခုနှစ်က ၁၉၈၀ ကွ အဲဒီတုံးက တစ်ဧကကို ၆၀ ကျပ်လောက်ပြန် ရကြတယ် ။ နောက်ပိုင်းလည်း လယ်တွေဘာတွေလုပ် နေကြသေး တယ် ။ စီမံကိန်းက မအောင်မြင်ဘူး ဆိုတော့ ။ ၁၉၉၈ /၉၉ မှာတော့ ပြင်းထန်တယ်ဟေ့ ယန်စိကတူးလိုက်ဆွလိုက်တာ စံပယ်တောင် တစ်လုံးလုံးကုန်ပါရောလား -
တို့ရါာလည်း ရောဂါတွေရတော့တာပဲဟေ့ - ဟိုတလောက ဆရာဝန်တွေလာတယ် သူတို့လာပြီးစမ်းသပ်သွားတယ်လေကွာဒေါ်ဒေ၀ီသန့်စင်တို့လည်းလာတယ် ရေတွေလာ ယူပြီးစမ်းတယ်တဲ့ ။ ရေတွေကလည်းမင်းတို့အမြင်ဘဲလေကွာ ငါတို့တော့ရိုးနေပြီ ဒါပဲသောက်နေကြတာ ။
ရေထက်ဆိုးတာရှိတယ်ကွ အဲဒါကတော့ တောင်လေလာတဲ့အခါပေါ့ကွာ အက်ဆစ် ငွေ့တွေက ရွာကိုတိုက်ရိုက်လာတယ်ကွ - အက်ဆစ်တွေကို ရေပန်းနဲ့ဖြန်းတာလေကွာ ညနေညနေဆိုဖြန်းပြီ ။ စာသင်ကျောင်းနဲ့ နီးတယ်ကွ ငါကတတ်နိုင်သေးတော့ ကလေးတွေ ကျောင်းပြောင်းရတာပေါ့ကွာ မတတ်နိုင်တဲ့ သူတွေက ရွာလုံးကျွတ် ဆိုပါတော့ သူတို့ကတော့ ဒီလိုဘဲ ဒီကျောင်းမှာဆက်ထားရတာပေါ့ ။
ကုမ္မဏီဘက်က ရွာသားတွေကို ဘာတစ်ခုမှအကျိုးမပြုပါဘူးကွာ ဒုက္ခဘဲပေးတာပါ ။ ရေသန့်စက်နှစ်လုံးတော့ လှူထားတယ်ကွာ ။ အဲဒါလေးပါဘဲ ။ ပြောပလောက်အောင် ဘာမှမလှူဘူး ။ လမ်းခင်းဖို့ စွန့်ပစ်မြေစာသွားတောင်းတာတောင်မပေးဘူးကွ ။ အခုတော့ သူတို့မြေစာတွေပုံစရာမရှိတော့ လမ်းခင်းချင်ယောင်ဆောင်ပြီး လာပုံတယ် တွေ့တယ်မလား ။ညှိတော့မညှိဘူး ။ မြေစာပုံတာကလည်း ဧရိယာ မနည်းလိုတယ်ကွ ဧက ရာထောင်ချီစွန့်ရတာ တောင်တွေကိုဖြိုတာကိုးကွ ။
စံပယ်တောင်ကုန်တော့ ကြေးစင်တောင်ကို စဖြိုနေကြပြီ သိပ်မကြာပါဘူး ကုန်သွားမှာ ဘဲ ။ မိုင်းတွေခွဲတယ် ယန္တယားကြီးတွေနဲ့ ချနေတာကွာ ခနပါဘဲ ကုန်သွားမှာ ။
၂၀၀၃ တုံးက ဦးသန်းရွှေရယ် ၊ ဦးမောင်အေးရယ် ၊ ဥိးခင်ညွန့်ရယ်လာကြတယ်ကွ ညွှန်ချုပ်ချည်း ငါးယောက်လည်းလာတယ် - ရေတွင်းတွေစစ်တယ် ။ ရေကောင်းရေသန့်ရဖို့က ရေသန့်စက်တွေနဲ့ရမယ် လေကောင်းလေသန့်ရဖို့ကတော့ စက်ရုံရပ်မှဘဲ ရမယ်လို့ပြောသွားကြတယ် ကွ ။ လေထဲမှာ အက်ဆစ်ပါဝင် နှုန်းတိုင်းတဲ့သူလည်းလာတယ်ကွ ဘယ်လိုအဖြေထွက်တယ်ဆိုတာ မပြောကြဘူးကွာ ။
ကျန်းမာရေးပြဿနာကတော့ကွာ - ကိုယ်တိုင်တာမေးကြည့်ပါတော့ -
မိန်းကလေးတစ်ဦး အသက် ( ၂၂)ခန့် - သမီး ၈တန်းလောက်တုံးက နေမကောင်း ဖြစ်တာ လေးဘက်နာလိုဘဲ မလှုပ်နိုင်ဘူး ဆရာဝန်ကလည်းသိတယ် ။ သမီးကို ဘယ်ရွာမှာ နေတာလည်းဆိုတော့ - ကံကုန်းဆိုတော့ နေထိုင်ကောင်းဖို့အတွက် ရွာကနေခနပြောင်းနေဖို့အကြံပေးတယ် - ကျောင်းကိုလည်းထွက်လိုက်ရတယ် ။ ဒီပတ်ဝန်းကျင် မုံရွာက ဆရာဝန်တွေပါ ဒီရွာအကြောင်းသိကြတယ် ။
အခြားကလေးများ- ဥာဏ်ရည်မမှီသူများ အတော်များပြားတာတွေ့ရပါတယ် ။ ကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းများလည်းမကြာမီထွက်လာပါလိမ့်မည် ။ အန်ဂျီအိုများ ဆရာဝန်အဖွဲ့များလာရောက် တိုင်းတာစစ်ဆေးပြီးသွားပြီဖြစ်ပါတယ် ။
မှတ်ချက် - စံပယ်တောင် = အဆိပ်သင့်မြေစာပုံဖြစ်သွားပြီ ။ ကြေးစင်တောင် ကုန်တော့မည် ။ လက်ပတောင်းတောင် မိုင်းခွဲလို့ ကောင်းဆဲဖြစ်ပါတယ် ။
လက်ပံတောင်းတောင် စက်ရပ်အထူးသတင်း
၂၅ .၁၀.၂၀၁၂ ၁၂ နာရီ ၂၀ မိနစ် သတင်း
အခမ်းအနားအစီအစဉ်အသေးစိတ်နှင့် သစ္စာအဓိဌာန်များကိုဖော်ပြလိုက်ပါသည် ။
မီးပုံပျံလွှတ်တင်ပွဲအခန်းအနား လက်ပံတောင်း တောင် - တောင်ဘက်ကွင်း မီးပုံပျံ၂၆ လုံး အမြင့် ၂၅ ပေ + ဗဟိုမီးပုံးပျံ အမြင့်ပေ ၅၀ ၂ လုံး စုစုပေါင်း ၂၈ လုံး လွှတ်တင်မည် ။ ဗဟိုမီးပုံပျံတင်ရေးသားမည့်စာမှာ -

ပထမတစ်လုံး -လက်ပန်းတောင်းတောင် တောက်တက်ပွဲ ခေတ်သစ်ဂဠုံတော်လှန်ရေး ဒုတိယတစ်လုံးတွင် - ငါတို့သာသနာကို ကာကွယ်ကြ - - - - - - - - - - အဖြူပေါ်မှာ အနီရောင်စတစ်ကာနဲ့ရေး
ကျန် ၂၅ ပေမိးပုံးပျံများတွင် ရွာ ၂၆ ရွာနာမည်တွေရေးထားပါတယ်

သစ္စာအဓိဌာန်လေးချက်
(၁) ငါတို့သည် ဤလက်ပံတောင်းတောင်နှင့် တောင် ၃၃ လုံးကို အသက်ပေး ကာကွယ်စောင့်ရှောက်ကြမည်။
(၂) ငါတို့ရဲ့မြေ ငါတို့ရဲရေ ငါတို့ရဲလေ ငါတို့ရဲ့တော ငါတို့ရဲ့တောင် ကို မတရား ကျူးကျော်သူမျန်သမျှ ပုန်ကန်ဆန့်ကျင်ကြသည် ။
(၃) ငါတို့ရဲ့ဘာသာ ငါတို့ရဲ့သာသနာကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြမည်
(၄) ငါတို့၏အချုပ်အခြာအာဏာကို ကျူးကျော်သူ မည်သည့် တိုင်းတပါးသားကိုမဆို အသက်ပေးတော်လှန်ဆန့်ကျင်ကြမည် ။
ဒေသခံတောင်သူတွေက၀ိုင်းဆိုပြိးမှ မီးပုံပျံလွှတ်မယ် -
အခမ်းအနားတက်လာသူတွေရဲ့ စီမံကိန်းဖျက်သိမ်းဖို့ သဘောတူလက်မှတ်တွေကို အိပ်နဲ့ထဲ့ပေးလိုက်ပါမယ် ။ပေ ၁၀၀ အမြင့်မှာ အိပ်ကိုဖွင့်ချလိုက်မယ် ။
လုပ်မဲ့နေရာ မိုးကောင်း ရွှေမျှင်တင် အနုမြူဓါတ်ပေါင်းစု ကပ်ကျော်စေတီတော် တောင် ထိပ် မှာ စာတွေဝဲချမယ် ။
တောင်ခြေကစတက်မည့်အချိန် န့နက် ၈ နာ၇ီစတက်
ရွှေသင်္ဃန်းကပ် - ၁၂ နာရီ မှာ မီးပုံပျံလွှတ်မယ်
အောက်မိးဇာမပါ ဗန်ချည်ကြိုးနဲ့တွဲပြိး ပေ ၁၀၀ အရောက်မှာ စာထုတ်ကိုဖွင့်ချမယ် စီမံကိန်းထဲမျာလုပ်နေသူများထံထိုစာများ ပြန်နှံစေရေးဖြစ်ပါတယ် ။ တစ်စောင်မှာ ၁၀ ယောက် ပါတယ် ။ အေဖိုးကို လေးပိုင်းပိုင်းပြိး တစ်ပိုင်းမှာ ၁၀ ယောက်စာ လက်မှတ်တွေပါ တယ် ။
လက်ပံတောင်းတောင်ခြေ အခုလတ်တလောအခြေအနေ
ရဲ 30 ခန့် နေရာယူထားတယ်
ဆားလင်းကြီးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ရှိနေတယ်
မြ၀တီဆရာတော် - ဦးဆောင်နေတယ်
သာသနာ့အလံ ၂၆ ခု ကို ရှေ့ကလွှင့်ထူထားတယ်
ဘုရားဆင်းတုတော် ကိုပင့်လာကြတယ်
သံဃာတော် ၂၆ ပါး က တန်းစီကြွချီတယ်
အနောက်မှာ ရွှေသင်္ဃန်း ၂၆ ဆိုင်း နောက်မှာ မေတ္တာပို့ ၀တ်အသင်း ဒေသခံ အင်အား ၂၀၀၀ ကျော်ခန့် တောင်ခြေတစ်ခုလုံး ဖွေးနေတာဘဲ
တောင်တက်ဇာတ်လမ်း အခု အခြေအနေ
စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာခရိုင် ၊ ဆားလင်းကြီးမြို့နယ်ထဲမှာရှိနေတဲ့ လက်ပံ တောင်း တောင်ကြီးမှာ ဦးပိုင် / ၀မ်ပေါင် နဲ့ ယန်စီ ကုမ္မဏီတွေဟာ အကျိုးတူ ပူးပေါင်း လို့ သတ္ထုတွေတူးဖော်ကြပါတယ် ကြေးသတ္ထုတူးတယ်လို့ အကြောင်းပြပေမဲ့ ရွှေတူး တယ် လို့ သံသယဖြစ်စရာအထောက်အထားတွေတွေ့နေရပါတယ် ။
ဒီ့ပြင် မိုင်းခွဲလို့ သမိုင်းဝင်ဘုရားကြီးကို ထိခိုက်ပျက်ဆီးတာမျိုး - ဒေသခံတွေကို မောင်းထုတ်ရွှေ့ပြောင်းတာမျိုး - သမိုင်းဝင်ဘုရားကြီးပတ်ဝန်းကျင်က ရှေးဟောင်း သစ်ပင် ဧရာမကြီးတွေကို ခုတ်ပစ်လိုက်တာမျိုးတွေကြောင့် ဒေသခံ တောသူ ညီအမ သုံးယောက်က ဦးဆောင်ပြီး အသက်စွန့်ကာကွယ်ကြတဲ့အခြေအနေပါဘဲ -
အခု လတ်တလောမှာတော့ တောင်ကြီးရဲ့ အမြင့်ဆုံးထိပ်မှာတည်ရှိတဲ့ ဘုရားကို ရွှေသင်္ဃန်း ၂၆ ဆိုင်း ကပ်ဖို့ - ဘုရားကို ရွှေချဖို့ -ရွာ၂၆ ရွာကနေပြီး လူ ၂၀၀၀ ကျော်ဟာ ချီတက်လာနေပါတယ် ။ တောင်ပေါ်ကိုတက်ရာ တောင်ခြေလမ်းကနေပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့တာဟာ လွန်ခဲ့တဲ့ ၁၇ . ၇ . ၂၀၁၂ မှာဘဲ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီးဖြစ်ပါတယ် ။ ဒါပေမဲ့ သံမဏိမယ် တောသူ (၀က်မှေးရွာသူ) အမျိုးသမီးညီအမ သုံးယောက်က အသက်စွန့်ကာကွယ်မယ်လို့ ပိုင်းဖြတ်လိုက် တဲ့အခါ အခြားရွာသူရွာသားတွေအနေနဲ့လည်း အသက်ကို ပဒါန မထားဘဲ တောင်ကြီးပေါ်က ဘုရားစေတီကို ကာကွယ်ဖို့ စိတ်ပိုင်းဖြတ်လိုက်ပုံရပါတယ် ။
ဒီနေ့ ၂၆ ရက် ၁၀ လ ၂၀၁၂ နေ့မှာတော့ -
မြ၀တီဆရာတော်က ဦးဆောင်ပြီး တောင်ခြေမှာ သရဏဂုံတင်ကြတယ် တရားပေး တယ် - ကျန်တဲ့ ဆရာတော် ၂၆ ပါးကလည်း သာသနာ့အလံတွေကို ကိုင်စွဲပြီး ခြုံနွယ်ပိတ်ပေါင်းတွေကို တစ်မြန်နေ့ကမှ ခုတ်ထွင်ထားတဲ့ လမ်းမပီပြင်တော့တဲ့ တောလမ်းကနေ တောင်ပေါ်ကို ဦးဆောင်ချီတက်ပါတယ် ။
သူတို့တွေဟာ ဒီနေ့အတွက်တော့ နိုင်ငံရေးအသွင်မဆောင်ဘဲ ဘာသာ သာသနာ ကိုသာ ကိုးကွယ်ဖို့ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ဖို့လို့ ခံယူထားကြတာပါ ။ အထက် အဖြူ အောက် ယောဂီရောင် ၀တ်ဆင်ထားတဲ့ တောသားလူထုကြီးဟာ တောင်ကြီး တစ်ခုလုံးမှာ ဖွေးနေပြီဖြစ်ပါတယ် ။
မနက် ၈ နာရီလောက်ကတည်းက ရောက်လာတဲ့ ပြည်သူ့ရဲတပ်ဝင် အင်အား ၃၀ လောက် နပြ ဆားလင်းကြီးမြိုကနယ် အုပ်ချုပ်ရေးမှူး တို့ အဖွဲ့ဟာ ပထမပိုင်းမှာ တားမြစ်ဖို့ အစီအစဉ်ရှိပါတယ် ။ မနေ့ကဘဲ စာထုတ်ပြီး တားမြစ်လိုက်ပါသေးတယ် ( အွန်လိုင်းမှာထိုစာကိုဖြန့်ဝေပြီး ) ဒါပေမဲ့ ဆရာတော်တွေနဲ့ ညှိနှိုင်းအပြီးမှာတော့ တောင်ပေါ်ကို တောလမ်းက တက်ခွင့်ပြုလိုက်တဲ့အတွက် - အေးအေးချမ်းချမ်း ဖြစ်သွားကြပြီး ယောဂီ နဲ့ အဖြူ ၀တ် လူစုကြီးဟာ တောင်ပေါ်ကို တအိအိနဲ့ တောလမ်း က တက်နေကြပါပြီ ။
အင်တာဗျူးချင်ရင်တော့ လတ်တလောအင်တာဗျူးနိုင်သော
ဖုန်း နံပတ် - 0949277823 ၀င်းကျော့မှူး -
နောက်တလုံး- 09400511019
လက်ပံတောင်းတောင်တက်သတင်းနောက်ဆုံးအခြေအနေ
တောင်ပေါ်ရောက်နေပြီ ။ ရွှေဆိုင်းချဖို့ပြင်နေပြီ ဘုရားအနေကဇာတင်ပြီးပြီ ။ မီးပုံပျံအောက်ကြမှလွှတ်တော့မယ် တောင်ပေါ်ကိုမသယ်နိုင်လို့ မလွှတ်တော့ဘူး မအေးနက် အင်တာဗျူး
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...