Ads (728x90)




Idf Myanmar သို့ လွန်ခဲ့သော နှစ်လခန့်ကပင် ရမည်းသင်းမှ
သာသနာဖျက်ချဲဘုန်းကြီး ဗွီစီဒီခွေ ပတ်သက်၍ စုံစမ်းထောက်လှမ်း
ဖြေရှင်းပေးပါရန် ဗွီစီဒီခွေများပေးပို့ခဲ့ကြရာ ရမည်းသင်း၊ မိတ္ထိလာ
ဒေသများသို့ စုံစမ်းခဲ့ကြပါသည်။
စုံစမ်းရာတွင် သိသင့်သိထိုက်သည်များကိုလည်း သိရှိခဲ့ကြပါသည်။
သို့ရာတွင် ထိုသာသနာဖျက်ပုဂ္ဂိုလ်ရေးခွေမှာ လွန်ခဲ့သော ရှစ်နှစ်ခန့်က
ဖြစ်ရပ်ဖြစ်ပြီး ထောင်ဒဏ် ၂နှစ်အပြစ်ပေးပြီးသားဖြစ်သည်ကို ယခုမှ
တစ်ဖန်ပြန်၍ဖော်ထုတ် ဖြန့်ဝေခြင်းသည် ရိုးသားမှုရှိမရှိနှင့်
အခြားအကြံအစည်များ ရှိ/မရှိကို စိစစ်စဉ်းစားခဲ့ရပါသည်။
ဘာသာခြားများ၏ ထိုးနှက်ချက်များကလည်း များပြားပြင်းထန်လျက်
ရှိရာ ထိုခွေဖြန့်ဝေခြင်းနှင့်ပတ်သက်၍ မသင်္ကာဖြစ်မိပါသည်။
ဗုဒ္ဓဘာသာကို သိက္ခာကျစေလိုသူများက ဖြန့်ဝေခြင်းဖြစ်နိုင်သကဲ့သို့
သာသနာတော် သန့်ရှင်းစေလိုသူများက သတိပေးခြင်းလည်း
ဖြစ်နိုင်ပါသည်။
သို့ရာတွင် ထိုတောထွက်ရဟန်းအတု၏ လုပ်ရပ်များမှာ
လူမျိုးိနှင့် ဘာသာ သာသနာကို အကျည်းတန်ထိခိုက်စေသောကြောင့်
အဖြစ်မှန်ကို ပြန်လည်ဖြေရှင်းရန်လိုအပ်နေပါသည်။.
ထိုသို့ရှိခိုက် ဒေါက်တာလွဏ်ဆွေ၏ Website တွင်
ထိုအကြောင်းအရာကို တင်ပြထားခြင်းတွေ့ရှိရသောကြောင့်
ရေကန်အသင့် ကြာအသင့်ဆိုသကဲ့သို့ ဖြစ်သွားပါသည်။
ထို ဖြစ်ရပ်ကို မူရင်းအတိုင်း ဖော်ပြလိုက်ပါသည်။
အမျိုး ဘာသာ သာသနာရေး သွေးအေးနေလို့ မဖြစ်တော့ပြီ။

ဒေါက်တာလွဏ်းဆွေသို့ ...

ဆရာတော်များမှ ဆရာ့ထံ အကူအညီတောင်းထားသော စာဖြစ်ပါ၍ ကျေးဇူးပြုပြီး အလေးထား ဆောင်ရွက်ပေးစေချင်ပါသည်။ ဘုန်းဘုန်းတို့၏ ရမည်းသင်းကို အထင်အမြင်အလွဲခံနေရခြင်း
ပြဿနာအား ကူညီဖြေရှင်းပေးလိမ့်မည်ဟု မျှော်လင့်မိပါသည်။

ဖြစ်ပုံက ဒီလိုပါ ...

၁၈-၈-၂၀၁၂ နေ့က သစ်ထူးလွင်ဝက်ဘ်ဆိုက်တွင် ရမည်းသင်းမြို့နယ်က ဘုန်းကြီးတပါး ဒကာမအချို့နှင့် မဖွယ်မရာပြုလုပ်ကာ ချဲဂဏန်းပေးသည့်ကိစ္စကို ပုံနှင့်တကွ လွှင့်တင်လိုက်ပါသည်။ ထိုသတင်းပါလာပြီးနောက် အနယ်နယ်အရပ်ရပ်မှ ဘုန်းဘုန်းတို့ဆီ ဖုန်းဆက်ပြီး “အရေးမယူဘူးလား၊ ဒီလောက် ဖြစ်နေတာ၊ အရှင်ဘုရားတို့ မသိကြဘူးလား” စသည်ဖြင့် မေးကြပါသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး အဲ့ဒီဘုန်းကြီးမှာ ရမည်းသင်းမြို့က မဟုတ်သည့်အကြောင်း စသည့် ဖြေရှင်းချက်ကို ထိုဝက်ဘ်ဆိုက်တွင် ပြန်လည်ပေးပို့တင်ပြသော်လည်
ဖော်ပြပေးခြင်း မရှိပါ၍ ဒေါက်တာလွဏ်းဆွေအား အကူအညီတောင်းရခြင်းဖြစ်ပါသည်။

မဖွယ်မရာပြုလုပ်သော ဘုန်းကြီးအို၏ ဘွဲ့အမည်မှာ
ဦးပညာဝံသ အမည်ရှိ၍ သွားတချောင်းဆရာတော်ဟု
ချဲဂဏန်းပေးခြင်း ... စသည်၌ လူသိများထင်ရှားပါသည်။
ထိုဘုန်းကြီးသည် ရမည်းသင်းမြို့နယ်၌ ဘယ်ကျောင်းမှာမှ နေထိုင်ဖူးခြင်းမရှိသလို
ဝါဆိုသံဃာစာရင်းလည်း မရှိပါ။

လွန်ခဲ့သော ၁၀ နှစ်ခန့်က ပျော်ဘွယ်မြို့အရှေ့ဘက်
မယ်ဇလီအိုင့်ရွာ၊ မယ်ဇလီအိုင့်ကျောင်း၌ နေထိုင်စဉ်
အပ်ချည်မျှင်နှင့် ထီးတင်ခြင်း ... စသည်ဖြင့် ထင်ရှားလာပါသည်။ ထိုဘုန်းကြီး၌ သွားတချောင်းသာရှိ၍
သွားတချောင်းဆရာတော်ဟု တွင်ခြင်းဖြစ်ပါသည်။
ချဲဂဏန်းပေးခြင်း၌လည်း မှန်သည်ဆို၍ ရမည်းသင်းမြို့တွင်
နေထိုင်သော မိတ္ထီလာဇာတိ ဒကာ-ဒကာမအချို့မှ
မကြာခဏ ပင့်ဆောင်၍ ထိုအိမ်တွင် အချိန်အတော်ကြာကြာ နေထိုင်ခြင်းသာဖြစ်ပါသည်။

အင်တာနက်၌ ပါသော မဖွယ်မရာကိစ္စတွေသည်လည်း အခုမှဖြစ်သည်မဟုတ် လွန်ခဲ့သော ၈ နှစ်ခန့်က ဖြစ်ခဲ့သော၊
ပျံ့နှံ့ခဲ့သော စီဒီခွေဖြစ်ပါသည်။ ထိုထဲ၌ပါသော
အမျိုးသမီးအချို့မှာလည်း ရမည်းသင်းက မဟုတ်ဘဲ မိတ္ထီလာက အမျိုးသမီးများ ဖြစ်ပါသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ဘုန်းကြီးအိုမှာ မိတ္ထီလာထောင်၌
ထောင်ကျပြီးသားဖြစ်ပါသည်။
ယခုအခါ ထောင်မှ ထွက်လာပြီး မိတ္ထီလာမြို့နယ် မုန်တိုင်ဆည် အနောက်တောင်အရပ် ကြည်သာအိုင့်ရွာ၌ ရှိနေပါသည်။ ရဟန်းဝတ်နှင့်မဟုတ်ဘဲ ရသေ့ဝတ်နှင့် ဖြစ်ပါသည်။

အရှင်ဝံသာနုရက္ခိတ
ရမည်းသင်းမြို့

(မှတ်ချက်)
ထိုဘုန်းကြီးကို သွားတစ်ချောင်းဆရာတော်ဟု
ခေါ်ရခြင်းမှာ ရှေ့သွားတစ်ချောင်းသာ ထင်ထင်ရှားရှား
ရှိပြီး ထိုသွားနှင့်ကွမ်းသီးကို ကွဲအောင်ကိုက်ခွဲနိုင်သည်ဟု
သိရပါသည်။
အထူးဆင်ခြင်ရန်မှာ ဘာသာရေးကိုအသုံးချကာ
မြန်မာလူမျိုးများ၏ သဒ္ဓါတရားတရားလွန်ကဲမှုကို
အခွင့်ကောင်းယူ၍ ကိုယ်ကျိုးဆောင်ရွက်သော
လူလိမ်များရှိကြောင်းကို သင်ခန်းစာယူရန်ဖြစ်သည်။
အမျိုးသမီးများသည်လည်း မိမိတို့ ကိုယ်ကို သိက္ခာ
မစောင့်နိုင်လောက်အောင် ငွေကြေး ချဲဂဏန်းပေါ်တွင်
အရူးအမူးစွဲလမ်းပြိး မလုပ်သင့်သည်ကိုလုပ်ဆောင်မိခြင်း
စသော အသိဥာဏ်အားနည်းမှုကိုကြည့်ကာ
ယနေ့မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော
အသိဥာဏ်ချို့တဲ့မှုအခြေအနေကို ပြုပြင်ရန်
အရေးတကြီးလိုအပ်နေပြီဖြစ်ကြောင်း သတိပြု
ကြရန် နှိုးဆော်လိုက်ပါသည်။
 
By :  Idf Myanmar
Share · 2 hours ago

  • Daweian Monk ဟုတ်ပါတယ်။ ဒီအခွေက လွန်ခဲ့တဲ့ ရှစ်နှစ်လောက်ကတည်းက ထွက်ထားတဲ့အခွေ ပါ။
  • DrNyein Chan Ag အစကတော့ သူ့ ဘာသာသူကိုးကွယ် ..ကိုယ့်ဘာသာကိုယ်ကိုးကွယ် ဘာမှမဆိုင်ဘူးလို့  ခပ်လွူယ်လွယ်တွေးထားတာ ... ကိုယ်စည်းစောင့်တာက သူများဘာသာဝင်တွေ ကိုယ့်ဘာသာအပေါ်တိန်းနေရင်တောင် မဆွယ်ခဲ့ဘူး .. အခုတော့ အားလုံး သတိနဲ့  ကိုယ့်ဘာသာ သာသနာကို စောင့်ရှောက်ကာကွယ်ဖို့ လိုနေပီထင်တယ် ...
  • U Soe Gyi ဒီလို ရဟန်းမျိုး သာသနာအတွင်းမှာ မရှိသင့်ပါဘူး ဒီကောင်မတွေကလည်းဒါမျိုး မလုပ်သင့်ပါဘူး ပိုက်ဆံလိုချင်ရင် ဟိုဟာလုပ်ပါလား ကဲ..ထေရ၀ါဒဓမ္မကွန်ရက် ရေ...ဒီရဟန်းကို အမြန်ဆုံး ရှင်းလင်းလိုက်ပါတော့
  • Ashin Neminda ဒီအခွေက အခုတော့မဟုတ်တော့ဘူး လွန်ခဲ့တဲ့ရှစ်နှစ်ကပါ ၊ ဒါပေမယ့် ဒါမျိုးတွေမဖြစ်အောင် မြို့နယ်သံဃာ့နာယကတွေမှာလဲ တာဝန်ရှိတယ် ရပ်ကွက်သံဃာ့နာယက တွေမှာလဲ တာဝန်ရှိတယ် ၊ ဒီလိုကိစ္စမျိုးတွေ တာဆီးဖို့ ရှင်းလင်းဘို့် တာဝန်ပေးထားတာပါ၊ ဒါမျိုးတွေကို လက်ပိုက်ကြည့်ဘို့ တာဝန်ပေးထားတာမဟုတ်ပါ၊ ဒီအခွေတွေပျံနှံနေတာလဲ မကောင်းပါဘူး သာသနာအကြည်ညိုပျက်ရာ ပျက်ကြောင်းတွေပါ ၊ ဒါကြောင့် ဖြစ်နိုင်ရင် ဒီပုံတွေမတင်ကြပါနဲ့တော့၊ အထူးတောင်းပန်ပါတယ်၊

Post a Comment

Blogger Disqus
  1. ဘာပဲပြောပြော ဘယ်လိုဘဲမြင်မြင် လူတစ်ဦးတစ်ယောက်ရဲ့စိတ် ။ ရဟန်းတစ်ပါးရဲ့စိတ် ထဲကိုဝင်မကြည့်နိုင်ပါဘူး ။ အသက်အရွယ်အရ လိင်ပိုင်းဆိုင်ရာနိုးကြွမူမရှိနိုင်ပါဘူး တော်တော်အသက်ကြီးနေပါပြီ သူမှာတနှာရာဂ မရှိနိုင်ပါဘူး
    အဲ့ဒီဒကာမအပေါ်မှာလဲသာယာနှစ်သက်မှာမဟုတ်ပါဘူး တရားကျင့်ကြံနေတဲ့ပုတ်ကိုပါ ဘာဘဲပြောပြောအကြောင်းစုံကိုမသိဘဲ။လူတစ်ဦးတစ်ယောက် ပုတ်ကိုတစ်ဦးတစ်ယောက်ရဲ့စိတ်ကိုမသိဘဲ သူ့ရဲ့သီလ သမာဓိ ကိုမဆန်းစစ်ဘဲ ပုထုဇဉ်လူသားတွေအရမ်းသိပ်မဝေဖန်ပါနဲ့ မပြစ်မှားပါနဲ့ မိမိတို့ဘဲနေရင်းထိုင်ရင်းအပြစ်ရနေမယ်

    ReplyDelete
  2. ဘာပဲပြောပြော ဘယ်လိုဘဲမြင်မြင် လူတစ်ဦးတစ်ယောက်ရဲ့စိတ် ။ ရဟန်းတစ်ပါးရဲ့စိတ် ထဲကိုဝင်မကြည့်နိုင်ပါဘူး ။ အသက်အရွယ်အရ လိင်ပိုင်းဆိုင်ရာနိုးကြွမူမရှိနိုင်ပါဘူး တော်တော်အသက်ကြီးနေပါပြီ သူမှာတနှာရာဂ မရှိနိုင်ပါဘူး
    အဲ့ဒီဒကာမအပေါ်မှာလဲသာယာနှစ်သက်မှာမဟုတ်ပါဘူး တရားကျင့်ကြံနေတဲ့ပုတ်ကိုပါ ဘာဘဲပြောပြောအကြောင်းစုံကိုမသိဘဲ။လူတစ်ဦးတစ်ယောက် ပုတ်ကိုတစ်ဦးတစ်ယောက်ရဲ့စိတ်ကိုမသိဘဲ သူ့ရဲ့သီလ သမာဓိ ကိုမဆန်းစစ်ဘဲ ပုထုဇဉ်လူသားတွေအရမ်းသိပ်မဝေဖန်ပါနဲ့ မပြစ်မှားပါနဲ့ မိမိတို့ဘဲနေရင်းထိုင်ရင်းအပြစ်ရနေမယ်

    ReplyDelete
  3. ဘာပဲပြောပြော ဘယ်လိုဘဲမြင်မြင် လူတစ်ဦးတစ်ယောက်ရဲ့စိတ် ။ ရဟန်းတစ်ပါးရဲ့စိတ် ထဲကိုဝင်မကြည့်နိုင်ပါဘူး ။ အသက်အရွယ်အရ လိင်ပိုင်းဆိုင်ရာနိုးကြွမူမရှိနိုင်ပါဘူး တော်တော်အသက်ကြီးနေပါပြီ သူမှာတနှာရာဂ မရှိနိုင်ပါဘူး
    အဲ့ဒီဒကာမအပေါ်မှာလဲသာယာနှစ်သက်မှာမဟုတ်ပါဘူး တရားကျင့်ကြံနေတဲ့ပုတ်ကိုပါ ဘာဘဲပြောပြောအကြောင်းစုံကိုမသိဘဲ။လူတစ်ဦးတစ်ယောက် ပုတ်ကိုတစ်ဦးတစ်ယောက်ရဲ့စိတ်ကိုမသိဘဲ သူ့ရဲ့သီလ သမာဓိ ကိုမဆန်းစစ်ဘဲ ပုထုဇဉ်လူသားတွေအရမ်းသိပ်မဝေဖန်ပါနဲ့ မပြစ်မှားပါနဲ့ မိမိတို့ဘဲနေရင်းထိုင်ရင်းအပြစ်ရနေမယ်

    ReplyDelete
  4. ဘာပဲပြောပြော ဘယ်လိုဘဲမြင်မြင် လူတစ်ဦးတစ်ယောက်ရဲ့စိတ် ။ ရဟန်းတစ်ပါးရဲ့စိတ် ထဲကိုဝင်မကြည့်နိုင်ပါဘူး ။ အသက်အရွယ်အရ လိင်ပိုင်းဆိုင်ရာနိုးကြွမူမရှိနိုင်ပါဘူး တော်တော်အသက်ကြီးနေပါပြီ သူမှာတနှာရာဂ မရှိနိုင်ပါဘူး
    အဲ့ဒီဒကာမအပေါ်မှာလဲသာယာနှစ်သက်မှာမဟုတ်ပါဘူး တရားကျင့်ကြံနေတဲ့ပုတ်ကိုပါ ဘာဘဲပြောပြောအကြောင်းစုံကိုမသိဘဲ။လူတစ်ဦးတစ်ယောက် ပုတ်ကိုတစ်ဦးတစ်ယောက်ရဲ့စိတ်ကိုမသိဘဲ သူ့ရဲ့သီလ သမာဓိ ကိုမဆန်းစစ်ဘဲ ပုထုဇဉ်လူသားတွေအရမ်းသိပ်မဝေဖန်ပါနဲ့ မပြစ်မှားပါနဲ့ မိမိတို့ဘဲနေရင်းထိုင်ရင်းအပြစ်ရနေမယ်

    ReplyDelete
  5. ဘာပဲပြောပြော ဘယ်လိုဘဲမြင်မြင် လူတစ်ဦးတစ်ယောက်ရဲ့စိတ် ။ ရဟန်းတစ်ပါးရဲ့စိတ် ထဲကိုဝင်မကြည့်နိုင်ပါဘူး ။ အသက်အရွယ်အရ လိင်ပိုင်းဆိုင်ရာနိုးကြွမူမရှိနိုင်ပါဘူး တော်တော်အသက်ကြီးနေပါပြီ သူမှာတနှာရာဂ မရှိနိုင်ပါဘူး
    အဲ့ဒီဒကာမအပေါ်မှာလဲသာယာနှစ်သက်မှာမဟုတ်ပါဘူး တရားကျင့်ကြံနေတဲ့ပုတ်ကိုပါ ဘာဘဲပြောပြောအကြောင်းစုံကိုမသိဘဲ။လူတစ်ဦးတစ်ယောက် ပုတ်ကိုတစ်ဦးတစ်ယောက်ရဲ့စိတ်ကိုမသိဘဲ သူ့ရဲ့သီလ သမာဓိ ကိုမဆန်းစစ်ဘဲ ပုထုဇဉ်လူသားတွေအရမ်းသိပ်မဝေဖန်ပါနဲ့ မပြစ်မှားပါနဲ့ မိမိတို့ဘဲနေရင်းထိုင်ရင်းအပြစ်ရနေမယ်

    ReplyDelete

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...