Ads (728x90)





၂၁ စက်တင်ဘာတွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် အများပြည်သူဆန္ဒအရ တံတားဖြူ ကန်ဘောင် ရင်ပြင်ပေါ်တွင် စိုက်ထူထားခဲ့သော ငြိမ်းချမ်းရေးကျောက်တိုင်အား ဒေသအာဏာပိုင်များမှ စိုက်ထူပြီးများမကြာမှီတွင် ဖယ်ရှားခဲ့ပါသောကြောင့် Peace Network အနေဖြင့် များစွာ ၀မ်းနည်းမိပါသည်။

ထာဝရငြိမ်းချမ်းရေး ရရှိရန် နိုင်ငံတကာမှ ငြိမ်းချမ်းရေးလှုပ်ရှားမှုများစွာ ပြုလုပ်ခဲ့ပြီး ပြည်တွင်းစစ်နှင့် အခြားသော ပြည်တွင်းဆူပူမှုများစွာ ရင်ဆိုင်နေရသော မြန်မာနိုင်ငံမှ ပြည်သူပြည်သားများအနေဖြင့် မိမိတို့ လိုလားသော ငြိမ်းချမ်းရေးကို သက်သေထူနိုင်သည့် ငြိမ်းချမ်းရေးကျောက်တိုင်ကို အများပြည်သူရှေ့ တွင် တရားဝင် စိုက်ထူခဲ့ပြီး အဆိုပါ ကျောက်တိုင်ကို ဖယ်ရှားသူ၊ ဖယ်ရှားစေသူသည် ငြိမ်းချမ်းရေးမလိုလားသူ၊ မငြိမ်းချမ်းလိုသူ၊ ငြိမ်းချမ်းမှုကို နှောင့်ယှက်သူ ဖြစ်ကြောင်း အသိပေးကြေငြာခဲ့ပြီးဖြစ်ပါသည်။

သို့ ပါသော်ကြောင့် ...
ငြိမ်းချမ်းရေးကျောက်တိုင်ကို ဖယ်ရှားမှုသည် ၂၁ရက်နေ့ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲတွင် ဆင်နွှဲခဲ့ကြသော၊ တံတားဖြူတွင် စုဝေးခဲ့ကြသော လူငယ်၊ လူကြီး ပြည်သူများ၏ နှလုံးသားကို ဆွဲထုတ်လိုက်သကဲ့သို့ နာကျင်လှပြီး ထိုသို့ ပြုလုပ်မှုကို Peace Network အနေဖြင့် ပြင်းထန်စွာ ရှုတ်ချကြောင်း အသိပေးကြေငြာအပ်ပါသည်


By:
 
 
Unlike · · Share · about an hour ago

  • You and 8 others like this.
  • Thaw Zin Htun ကိုယ့်သဘဘောနဲ့ကိုယ် စိုက်ချင်တဲ့နေရာစိုက်လိုက်တာမျိုးတော့ မဖြစ်သင့်ဘူး.. အထိမ်းအမှတ်ကျောက်တိုင်စိုက်တယ်ဆိုတာ လေးနက်ပါတယ်.. ကိုယ်စိုက်ချင်တဲ့နေရာ စိုက်ချင်သလိုစိုက်ခဲ့တာမျိုးကျတော့ မကောင်းဘူးထင်ပါတယ်
  • Nay Lin Aung ဟုတ်ပါတယ်ဒီလုပ်ရပ်ကိုကောဖျက်လို့ဖျက်ဆီးအိုဗျာသူတို့စကားနဲ့အဖျက်အမှောက်မဟုတ်ဘူးလား။ပြည်သူအားလုံးရဲ့နှလုံးသားကိုဆွဲနုတ်သွားတာပါဗျာ။အားလုံးနဲ့ထပ်တူခံစားရပါတယ်။
  • Naing Htun မနက်ဖန် အခု လှည်းတန်း ဂုံးကျော်တံတားခြေရင်း ဘုရား သွားတည်မှ ထင်တယ်နော်။ အဒီလို စိုက်ချင်သလို စိုက်လိုရတယ်ဆို ကျွန်တော်မျိုးကြီးလည်း ဘုရားတည်ချင်ပါကြောင်း။
  • Naing Htun Thaw Zin Htun ဘုရားတကာ လုပ်ချင်လား။ ဟီး သေချာတာကတော့ အဒီဘုရားတည်ရင် ကုသိုလ်ရ မရတော့ မသိဘူး မေတ္တာတော့ တော်တော်ရမှာနော်။
  • Thaw Zin Htun ကုသိုလ်ရေးလုပ်တာပဲ ဘယ်သူမှအပစ်တင်မယ်မထင်ပါဘူး တည်သာတည်ပါ.. တံတားဆောက်နေတဲ့ထဲက ဘီးလပ်မြေနည်းနည်းလောက်ပါ အလှူခံလိုက်ပါ
  • Naing Htun သူတို့ကတော့ လှူလောက်တယ်နော်။ တံတားကြီးက အဒါဆို လျော့သုံးလိုရမှဆိုတော့ ဟီး
  • Arr Yar Yarr ကိုယ့်အိမ်မှာကို တည်ဆောက်ရင်တောင် စည်ပင်မှာခွင့်ပြုချက်ယူရသေးတာ
    ဒီလို အများပိုင်နေရာမှာ တည်ချင်သလို တည်ဆောက်လို့ရရိုးလားဗျာ
    ဒီမိုကရေစီကို အဓိပ္ပါယ်ကောက် မှားနေတယ်လို့ ယူဆမိပါတယ်
     
     
    • Minn Thaik မိုက်ရိုင်းလိုက်ထာ.. ပြည်သူကိုစော်ကားတာပဲ.. ဒင်းတို့ စရိုက်တွေခုထိမပြင်နိုင်ကြသေးပါလား.. သေမှပဲပျောက်ကြမယ်ထင်ပါတယ်။
    • ကမ္ဘာ့ ဖျာ ငြိမ်းချမ်းရေး မလိုလားဘူးဆိုတာ ရှင်းနေတာပဲ။
    • Zay Moore ဘယ်လိုရည်ရွယ်ချက်နဲ့ ဖယ်ရှားလိုက်ရတာလဲဗျ . . .“မြန်မာနိုင်ငံထာဝရ ငြိမ်းချမ်းပါစေ” ဆိုတဲ့ စာသားကိုမျှ အားမနာ လုပ်ရက်လိုက်တာဗျာ . . . အထက်က ဖယ်ရှားပစ်ဖို့ပြောရင်တောင် အဲဒီစာသားလေးကို ဖတ်ပြပြီးတော့ မဖယ်ရှားပစ်ဖို့/ မဖယ်ရှားသင့်ဖို့ ပြောသင့်တယ်ဗျ . . .
    • ကမ္ဘာ့ ဖျာ သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်တဲ့ - http://www.facebook.com/thevoiceweekly/posts/470236766329921
    • Zay Moore လူရွှင်တော် ကိုသန်းအောင်ကပြောတယ်ဗျ . . . စည်ပင်ခွင့်ပြုချက်မှ မတင်တာကိုးလို့ ပြောတယ် . . .
    • ကမ္ဘာ့ ဖျာ စည်ပင်ခွင့်ပြုချက် တင်လည်း ကျမှာမှ မဟုတ်ဘဲကိုး။ :)
     

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...