Ads (728x90)




ဒီပို့စ်ကိုရေးဖို့ အချိန်တော်တော်ကြာ စဉ်းစားခဲ့ရပါတယ်။
ဒီပေ့ဂ်ျရဲ့ ရည်ရွယ်ချက်ကိုက လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်း
လင်းနဲ့ ကိုယ့်အမြင်ကို အရှိအတိုင်းရေးသားမယ်ဆိုတာ သိကြ
မှာပါ။ အခုလည်း အမျိုးသားရေး အမြင်စိတ်ကို အခြေခံပြီး ...
အားလုံးကိုလည်း စဉ်းစားစရာတစ်ခုအဖြစ် ဝေမျှလိုက်ပါတယ်။

(၁) စစ်အစိုးရနဲ့ လက်ရှိမြန်မာပြည်

အရင်ဆုံး မြန်မာ့တပ်မတော် (စစ်တပ်)အကြောင်းကိုနည်းနည်း
ပြောချင်ပါတယ်။ မြန်မာပြည်သူတို့ စစ်တပ်ကို နှစ်ပေါင်းများ
စွာ မုန်းတီးနာကျည်းခဲ့ပါတယ်။

သန်းရွှေလက်ထက်မှာ နိုင်ငံဟာ ဖွတ်ကျောပြာစုဖြစ်
ခဲ့ရတယ်။ အရှေ့တောင်အာရှမှာ မျက်နှာအငယ်ဆုံးနိုင်ငံဖြစ်ခဲ့ရ
တယ်။ သံဃာအရေးအခင်းမှာ ဘုန်းတော်ကြီးတွေကို သတ်တယ်။
တခြားတိုင်းပြည်တွေနဲ့ယှဉ်လိုက်ရင် အလှောင်ပြောင်ခံစရာနိုင်ငံ
တစ်ခုဖြစ်ခဲ့တယ်။ ကမ္ဘာ့အလယ်မှာ ရုပ်ဆိုးအကျည်းတန်စေမယ့်
လုပ်ရပ်တွေမှန်သမျှကို သန်းရွှေ ကျူးလွန်တယ်။ ဘုရင်မိသားစုလို
သူတို့မိသားစုတွေ ဆွေမျိုးတွေ စိန်ချင်းဆက် ရွှေချင်းဆက်ပြီး ဇိမ်
ခံကြတယ်။ လက်သပ်မွေး ခေတ်ပျက်သဌေးတွေ သန်းရွှေလက်
ထက်မှာ မြင်မကောင်းအောင် ဖောင်းပွခဲ့တယ်။ အကျင့်ပျက်ခြစား
မှုတွေ၊ အဂတိလိုက်စားမှုတွေ နေရာတိုင်းမှာ လက်ညှိုးထိုးမလွဲ
ရှိခဲ့တယ်။

ဒါက သန်းရွှေလက်ထက် မြန်မာပြည်ရဲ့အခြေအနေကို တင်ပြတာ
ပါ။ အခု ဒီမိုကရေစီလမ်းစဉ်ဆိုပြီး ဦးသိန်းစိန်ဟာ လူဝတ်လဲသမ္မတ
ဖြစ်လာတယ်။ တော်တော်များများလိုနေသေးပေမယ့် ပြုပြင်ပြောင်း
လဲမှုတွေကို ထက်ထက်သန်သန်လုပ်နေတယ်ဆိုတာတော့ မျက်မြင်
တွေ့ရပါတယ်။ မြန်မာပြည်ကို သန်းရွှေက ထမီစုတ်တစ်ထည်နဲ့
ထားခဲ့တာပါ။ ဦးသိန်းစိန်က ထမီစုတ်ကို ရွှေခြုံလွှာအဖြစ်ပြောင်းလဲ
ဖို့ဆိုတာ .. ကျားနှုတ်ခမ်းမွေးနှုတ်တာထက် ခက်နိုင်ပါတယ်။
ဒါပေမယ့် ...ရတတ်သလောက် ညှိနှိုင်းတယ်။ လိုက်လျောတယ်။
နိုင်ငံရေးအကျဉ်းသား အများအပြားလွှတ်ပေးခဲ့တယ်။ ဒေါ်အောင်
ဆန်းစုကြည်နဲ့တွဲပြီး နိုင်ငံတိုးတက်ရေးတွေ ဆောင်ရွက်ဖို့ တိုင်ပင်
ကြတယ်။ အပျော့ပြောင်းလွန်နေတဲ့ သမ္မတကြီးဟာ လိုက်လျော
ချက်တွေ များလွန်းလို့ ရခိုင်အရေးကိစ္စကိုတောင် လျော့တိလျော့ရဲ
ဖြစ်သွားစေတာ အားလုံးအသိပါပဲ။

သန်းရွှေလက်အောက်မှာ နာမည်ပျက်အမျိုးမျိုးနဲ့ တည်ရှိခဲ့တဲ့
မြန်မာ့တပ်မတော်ကို ..ဦးသိန်းစိန် သမ္မတဖြစ်လာပြီးနောက် ..
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ထိုးစစ်ဆင်ခြင်း
အားရပ်တန့်ဖို့၊ တပ်မတော်ကို ညွှန်ကြားခဲ့ပါတယ်။

(၂) KIA နှင့် ကချင်ပြည်သူ

KIA လို့ကြားလိုက်တာနဲ့ ကချင်ဒေသက တိုင်းရင်းသားတွေကို
မျက်လုံးထဲ ပြေးမမြင်စေချင်ပါဘူး။ KIA ဟာ လက်နက်ကိုင်အဖွဲ့
အစည်းတစ်ခုပါပဲ။ ကချင်ပြည်နယ်လွတ်မြောက်ရေးလို့ အော်နေ
တဲ့ ဒီအဖွဲ့ဟာ ..ကချင်ပြည်နယ်က အခုမလွတ်လပ်လို့ ဘာဖြစ်
နေသလဲလို့ မေးမယ်ဆို .. ဘယ်လိုဖြေမယ်ထင်ပါသလဲ။
မြန်မာပြည်ထဲက ကချင်ကို ခွဲထွက်ချင်နေတဲ့အတွက် ဒီလိုလက်
နက်ကိုင် တိုက်နေတယ်ဆိုတာ ရှင်းနေတာပါပဲ။
ဘာကြောင့် ..ဘာအတွက်ဆိုတဲ့နေရာမှာ .. မူးယစ်ကုန်သွယ်မှု
တရုတ်နယ်စပ်နဲ့ မှောင်ခိုလုပ်ငန်းလုပ်မှု ..စတဲ့၊ ကိုယ်ကျိုးစီးပွား
တွေလုပ်နေတာအပြင် ..၊ အကြမ်းဖက် ဆက်ကြေးကောက်တာ၊
မိုင်းထောင်တာ၊ ဗုံးခွဲတာတွေကိုလည်း လုပ်နေပါတယ်။

ဦးသိန်းစိန် သမ္မတဖြစ်လာပြီးနောက် .. တိုင်းရင်းသားလက်နက်
ကိုင်အဖွဲ့အစည်းများကို ထိုးစစ်ဆင်ခြင်းအားရပ်စဲဖို့ ကြေငြာထား
သော်လည်း ... KIA ကတော့ ရပ်တန့်မသွားခဲ့ပါဘူး။

KIA ငြိမ်းချမ်းရေးယူတာ ၁၉၉၄ခုနှစ်မှာပါ ။ တိုက်ပွဲတွေပြန်ဖြစ်
ခဲ့တာ ၂၀၁၁ ။ ၁၇ နှစ်တိုင်တိုင် အေးချမ်းနေခဲ့တဲ့ KIA ဟာ
၁၉၉၄ မတိုင်ခင် ဂျိမ်းဖောလူမျိုးကြီးဝါဒအစွဲတွေနဲ့ အချင်းချင်း
လုပ်ကြံကြ၊ သတ်ဖြတ်ကြ၊ နေရာလုကြ၊ ခွဲထွက်ကြနဲ့၊ အကျင့်
စာရိတ္တပိုင်းမှာလဲ လူမှုရေးဖောက်ပြန်တဲ့ ခေါင်းဆောင်တွေ ကြီး
စိုးခဲ့ဖူးတယ်။ အဖွဲ့ပိုင်ငွေကြေးသိန်းပေါင်းများစွာကို အလွဲသုံး
စားလုပ်ပြီး ထိုင်းမှာပဲ ဇိမ်ခံ နေခဲ့တယ်။

ငြိမ်းချမ်းရေးယူထားတဲ့ကာလမှာလည်း ကချင်ပြည်နယ်အတွက်
KIAက ဘာလုပ်ပေးတယ်ညာလုပ်ပေးတယ်ဆိုတဲ့အသံမကြား
ခဲ့ရပါဘူး။ KIAကြောင့် ကချင်ပြည်နယ် တိုးတက်သွားတယ်ဆို
တာမျိုးမရှိခဲ့ပါဘူး။ အာဏာတစ်ခုတည်းအတွက် လက်တစ်ဆုပ်
စာအတွက်သာ တိုးတက်ကြီးပွားအောင် လုပ်ဆောင်နေတာပဲ
ရှိပါတယ်။

စစ်အစိုးရက ပစ်မိန့်တွေရပ်စဲပြီး မိုင်းတွေဖော်ပေးဖို့ပြောတော့
လည်း မဖော်ပေးခဲ့ပါဘူး။ လျှပ်စစ်တာဝါတိုင်တွေကို ဖောက်ခွဲ
တယ်။ မိုင်းထောင်ခြင်း၊ မီးရှို့ခြင်း၊ ရထားလမ်း မိုင်းခွဲခြင်း၊ ပေါ်
တာဆွဲခြင်း၊ ဆက်ကြေးကောက်ခြင်း၊ အရွယ်မရောက်သေးသူ
တွေ၊ အမျိုးသမီးတွေကို လက်နက်ကိုင်စေတယ်။ ဒါဟာ ..ငြိမ်း
ချမ်းရေးကို လိုလားသူတွေရဲ့လုပ်ရပ်ဟုတ်မဟုတ် စဉ်းစားကြ
စေချင်ပါတယ်။

(၃) စစ်တပ်က ပစ်မိန့်ပေးတာရပ်

သိပ်ကောင်းတာပါပဲ ..။ ရပ်သင့်ပါတယ်။ စစ်တပ်က ရပ်သင့်ပါ
တယ်။ ရပ်လည်းရပ်ချင်နေကြမှာပါ။ ခက်တာက စစ်တပ်က
ရပ်လိုက်တာနဲ့ ဒီစစ်ပွဲကြီး ပြီးသွားမယ်။ ကချင်ဒေသကြီးငြိမ်းချမ်း
သွားမယ်လို့ ဘယ်သူ ရဲရဲဝံ့ဝံ့အာမခံနိုင်ပါသလဲ။ တကယ်တမ်း
စစ်မြေပြင်ကိုသွားနေတဲ့လူတွေနေရာမှာ ခံစားကြည့်ပါ။ လက်
ခုပ်ဆိုတာ တစ်ဘက်တည်းတီးလို့လည်း မမြည်ဘူးဆိုတာ ရှေး
ကတည်းက စကားဥပမာတစ်ခုပါ။

စစ်တပ်က ပစ်မိန့်ပေးတာကို ရပ်လိုက်တဲ့နောက်၊ ဘာကြောင့်
သူတို့ ဆက်လက်အကြမ်းဖက်ပြီး တိုင်းပြည်ပြိုကွဲမယ့်အရေးကို
တောင်းဆိုနေကြတာလဲ ...။ ငြိမ်းချမ်းရေးကာလတွေမှာအပြော
အတိုင်း အလုပ်က မညီဘဲ၊ ကချင်ဒေသမှာ ဆက်လက်အကြမ်း
ဖက်မှုတွေ၊ မိုင်းထောင်၊ ဗုံးခွဲတာတွေ လုပ်နေကြရတာလဲ။

ကချင်ပြည်နယ်ဆိုတာ မြန်မာနိုင်ငံမြေပုံထဲမှာ မပါတော့တဲ့
တစ်နေ့ တကယ်ကို ငြိမ်းချမ်းသွားမှာ သေချာပါရဲ့လား ...။

ကချင်ပြည်နယ်ဟာ ဘာကြောင့် လွတ်မြောက်ချင်ရတာလဲ။

ကချင်ပြည်နယ် ခွဲထွက်ချင်တာဟာ ..မြန်မာပြည်ဆိုတဲ့ တိုင်း
ပြည်ဟာ အမေရိကားလို အရာရာကုံလုံပြည့်စုံတဲ့ လိုတရနိုင်
ငံကြီးဆိုရင်ရော ..ဒီအသံတွေထွက်ဦးမှာလား။

(၄) ခွဲထွက်ရေး လွတ်မြောက်ရေး နှင့် ဗိုလ်ချုပ်

KIA ကြွေးကြော်နေတဲ့ လွတ်မြောက်ရေး ခွဲထွက်ရေးဆိုတာ
ဗိုလ်ချုပ်ကို စော်ကားလိုက်တာပါပဲ။ ပင်လုံစာချုပ်နဲ့ ဗိုလ်ချုပ်
ကိုယ်တိုင် တည်ဆောက်ခဲ့တဲ့ စည်းလုံးညီညွတ်မှုကို KIAဆို
တဲ့ နာမည်တစ်ခုက မလေးမခန့် ပြုလုပ်နေတာ အထင်အရှား
ပါ။

မြန်မာပြည်မြေပုံကနေ ဘယ်သူ့ကိုမှ အစိတ်အပိုင်းတစ်ခုအဖြစ်
ခွဲထွက်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဗိုလ်ချုပ် အသက်ပေးပြီးယူ
ပေးခဲ့တာ လွတ်လပ်ရေးပါ။ မြန်မာပြည်ရဲ့ မည်သည့်နေရာမှ
မလွတ်လပ်ဘူးလို့ မဆိုနိုင်ပါဘူး။ ဆိုခဲ့မယ်ဆိုရင်လည်း .. အဲဒါ
အသက်နဲ့ရင်းပြီး ပေးဆပ်ခဲ့တဲ့ အမျိုးသားခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းကို ပျက်ရယ်ပြုလိုက်တာနဲ့အတူတူဖြစ်နေ
ပါတယ်။

(၅) မြန်မာပြည်မြေပုံကို သနားပါ

အထက်မှာပြောခဲ့သလိုပဲ ..မြန်မာပြည်ဟာ မင်းဆိုးမင်းညစ်
တွေကြောင့် ထမီစုတ်တစ်ထည်ပတ်ထားရတဲ့ တိုင်းပြည်ဖြစ်
ခဲ့တာပါ။ ပမာဆိုရရင် .. လင်ကနှိပ်စက်လို့ ကလေးတစ်ပြုံ
ကြီးနဲ့ ကျွေးမွေးစောင့်ရှောက်နေရတဲ့ မိန်းမတစ်ယောက်နဲ့
တူလှပါတယ်။ အဲဒီ့လင် မရှိတော့တဲ့နောက်မှာရော ..ရှိနေ
စဉ်မှာရော ..လင်သာမက သားသမီးတွေကပါ တစ်ယောက်
တစ်မျိုး ဟိုဟာဖြစ်လို့ သည်ဟာဖြစ်လို့နဲ့၊ ထထပြီး ပြဿနာ
ရှာနေမယ်ဆို ..ဒီအမေအိုကြီးဟာ ..မကြာမီမှာ ဘေးပယောဂ
အနာတရနဲ့ သေရပါလိမ့်မယ်။ ဘေးပယောဂဆိုတာကတော့
ရိုဟင်ဂျာအရေးလို နိုင်ငံခြားသား၊ လူမျိုးခြားတွေရဲ့အန္တရာယ်ပါ။

ရှေးယခင်တည်းက ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊
ရခိုင်၊ ရှမ်း ..ဆိုပြီးရှိခဲ့ကြတဲ့ ..အတူတကွနဲ့ နေခဲ့ပြီးမှ အခုလို
ပြန်လည်ထူထောင်နေဆဲ ကာလတွေမှာ ဘာကြောင့်များ
ခွဲထွက်ချင်နေရတာပါလဲ။ သေချာတာက ဒီအမေကြီးဟာ ...
စိန်တွဲလွဲ ရွှေတွဲလွဲနဲ့ သူဌေးမကြီးဖြစ်မနေတာကြောင့်ပါ ..။

တစ်နေ့ မြန်မာပြည်လည်း အမေရိကားလို ဖြစ်လာဖို့အရေး
မှာ ..အခုလို ၀ိဝါဒကွဲပြားနေမယ်၊ အချင်းချင်း မညီမညွတ်ဖြစ်
နေမယ်ဆိုရင်တော့ .. မြန်မာပြည်ဟာ ..ထမီစုတ်အဆင့်က
နေ ဘယ်တော့မှ တက်လာတော့မှာမဟုတ်ပါဘူး။

(၆) စစ်တပ်နဲ့ KIA အပြန်အလှန် ပစ်ခတ်နေတာတွေ အခုရပ်

နှစ်ဘက်မှာ တစ်ဘက်ဘက်က လျှော့ဖို့ထက် နှစ်ဘက်လုံးကို
လျှော့ဖို့ ညီတူညီမျှ တောင်းဆိုမှုဟာ ပို သဘာဝကျတဲ့တောင်း
ဆိုမှုလို့၊ မြင်မိပါတယ်။

KIA ဟာ တကယ်ငြိမ်းချမ်းစွာနေထိုင်ပါလျှက်၊ ကချင်ပြည်သူ
လူထုရဲ့အကျိုးစီးပွားကို အမှန်တကယ် ထမ်းရွက်နေပါလျှက်
စစ်တပ်က ပစ်နေဦးမယ်ဆိုရင် .. အဲဒီလို အလွန်ယုတ်မာရိုင်း
စိုင်းတဲ့ စစ်တပ်ဖြစ်သွားမှာ ဖြစ်ပြီး ..အဲဒီ့အတွက် သင့်တော်တဲ့
အဖြေဟာ မလွဲဧကန်ရရှိလာမှာပါ။

အကယ်၍ ... ပစ်မိန့်ကိုရပ်စဲထားပါလျှက် ..ဆက်လက် မိုင်းခွဲ၊
ဗုံးထောင်၊ အကြမ်းဖက်နေသော KIA လက်နက်ကိုင်အဖွဲ့၏
ထိုးစစ်ဆင်မှုက မရပ်တန့်ဘူးဆိုရင်ရော .. မိတ်ဆွေတို့ ဘယ်
လို ဆုံးဖြတ်မယ်၊ ဆန္ဒထုတ်ဖော်မယ် စိတ်ကူးထားပါသလဲ။

နှစ်ဘက်ဝါဒဖြန့်မှုတွေ နောက်ကို မလိုက်ဘဲ၊ အလယ်တည့်
တည့်ကနေ တစ်ခါလောက် မျှမျှတတတွေးကြည့်ဖို့လိုမယ်ထင်
ပါတယ်။

မယုံရင် ..မိတ်ဆွေကိုယ်တိုင် ကချင်စစ်မြေပြင်ကိုသွားပါ ...။
ကချင်ပြည်သူတွေရဲ့ ဆန္ဒသဘောထားကို ကလေးမကျန် ခွေး
မကျန်ကောက်ခံကြည့်ပါ။

အခုလို ပစ်ခတ်နေမှုအပေါ် KIAကို ရာနှုန်းပြည့်ထောက်ခံသူ
ချည်းပဲ ရှိမရှိ ...။
စစ်တပ်ကိုလည်း .. ရာနှုန်းပြည့်ထောက်ခံသူ ရှိမရှိ...။

ပြောနိုင်တာတစ်ခုကတော့ .. စစ်မြေပြင်ဆိုတာ တရားဆွေးနွေး
ပွဲမဟုတ် ..။ ဒါကြောင့် .. ဘယ်ဘက်က ပစ်ပစ်၊ နှစ်ဘက်လုံး
အမှားပါပဲ။ အဓိပ္ပါယ်မဲ့ လွတ်မြောက်ချင်နေသူတွေလည်း မှားနေ
တယ်ဆိုတာ .. အားလုံး ချင့်ချိန်တွေးတောဖို့လိုပါတယ်။

မိတ်ဆွေအနေနဲ့ .. စစ်ပွဲတွေကို တားဆီးပါ။ ရွံမုန်းပါ။
သို့သော် ... ဂဏန်းညှပ်တာ လူမသိ၊ မိအေးအော်တာပဲ လူသိ
တယ်ဆိုတာမျိုးတော့ မဖြစ်ဖို့လိုပါတယ် ..။

KIAရဲ့ အဓိက ရည်ရွယ်ချက်က ခွဲထွက်ရေး၊ လွတ်မြောက်ရေး
ဖြစ်ပါတယ်။ ဆိုင်းဘုတ်ကိုင်နေသူများ .. ဒီအချက်လေးကို
လည်း သတိပြုကြပါ။ ကျဆုံးလေပြီးသော လွတ်လပ်ရေးကိုအရ
ယူပေးခဲ့သည့် အာဇာနည်ဗိုလ်ချုပ်၏ ပင်လုံစာချုပ်ကို ထည့်
တွက်ပါ။

ကိုယ့်ကြောင့် မြန်မာပြည်မြေပုံ အရုပ်ဆိုးအကျည်းတန်သွားမှာ
မျိုး မဖြစ်ဖို့လိုပါတယ်။

ဒီတော့ ... စစ်တပ်က ပစ်မိန့်ပေးတာရပ် .. ဆိုတာနဲ့ ဒီစစ်ပွဲ
ပြီးသွားမယ်လို့ အာမခံနိုင်မယ်၊ ကချင်ဒေသ အမှန်တကယ်
ငြိမ်းချမ်းမယ်ဆိုရင် ... ဆက်လုပ်ပါ။

ပွင့်လင်းစွာ ပြောရမယ်ဆိုရင်တော့ ...

"စစ်တပ် နှင့် KIA အပြန်အလှန်ပစ်ခတ်တာ ရပ်" ..ဆိုရင် ပို
မျှတ သင့်တော်မယ်လို့ ထင်ပါတယ်။

ဒီပို့စ်ကို ရေးသားသူမှာ စစ်တပ်နှင့် တစ်စုံတစ်ရာပတ်သက်
ဆက်နွယ်မှုမရှိသလို၊ KIA ကိုလည်း တစ်ဘက်သတ်မုန်းတီး
နေသူ မဟုတ်ကြောင်း သိစေအပ်ပါတယ်။

အမျိုးသားရေးအမြင်ဖြင့် တရားမျှတမှုကို လိုလားသူ ....
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...