Ads (728x90)


ယခင် ပါတီစုံရွေးကောက်ပွဲစနစ် မရှိရု လက်နက်ကိုင် စစ်ပွဲများ မလွဲမရှောင်သာ ရွေးချယ်ကြရသည်ကို နားလည်ပေးနိုင်သော်လည်း ယခုအချိန်တွင် လက်နက်ကိုင်လမ်းစဉ်ကို လုံးဝမထောက်ခံပါ။ လက်နက်ကိုင်မဟုတ်သော ဒေသခံပြည်သူ အများစုမှာ ဒုက္ခများစွာရောက်ပါသည်။
လက်ရှိ စစ်ဖြစ်နေတဲ့ နေရာတွေမှာ ဒေသခံတွေ ဘာ
အကျိုးရှိသလဲ။ ဘယ်တော့ အကျိုးရှိမှာတုန်း။ တိုင်ရင်သားဆိုတာ ဘယ်သူတွေတုန်း။ လက်နက်ကိုင် အရေအတွက် ဘယ်လောက်ရှိသတုန်း။ လက်နက်ကိုင် ထားတဲ့သူတွေက အာဏာဟာ သေနတ်ပြောင်းဝမှာ ရှိတဲ့အတွက် ဒီမိုကရေစီစနစ်ကို မယုံကြည်ကြပါဘူး ဒါ့အပြင် ဒီတိုက်ပွဲတွေ ဘယ်အချိန်မှာ အောင်မြင်မယ် ထင်သတုန်း။ အနှစ်(၅၀) ကျော်ပါပြီဗျာ။ ဒသခံ ပြည်သူတွေပဲ စစ်ဘေးဒုက္ခ ခံနေရတာပါ။
့ တော်လောက်ပါပြီ။
အပစ်အခတ် ရပ်စဲလိုက်ပြီဆိုရင် ဘာပဲဖြစ်ဖြစ် ဒေသခံ ပြည်သူတွေငြိမ်းစွာ နေ ထိုင် ခွင့် အကျိုး စပြီး ခံစားရမယ်။ ရှေ့တန်းမှာ လက်တွေ့ အသေခံနေရတဲ့ နှစ်ဘက်ရဲဘော်တွေ အသက်ပေးရတာတွေ သက်သာ သွားပြီပေါ့။
ခေါင်းဆောင်ပိုင်းရဲ့ အခြား လိုလားချက်တွေက နောက်ဆက်ဆွေးနွေး ကြပေါ့ဗျာ။
တပ်မတော်က တိုင်မှူးတွေကော၊ KIA ဗိုလ်ချုပ်တွေကော မတရား ချမ်းသာတဲ့သူတွေကြီးပါဘဲ။ နှစ်ဘက် ရဲဘော်တွေပဲ ရှေ့တန်းမှာ ငှက်ပြောအူစား အသေခံနေကြရတာပါ။ နှစ် ဘက် လက်နက်ကိုင် စစ်ပွဲက တိုင်းရင်းသားအရေး အတွက်ကော ဟုတ်ကြရဲ့လား။ တကယ် ကော တိုင်းရင်းသားတွေမှာ အကျိုးရှိရဲ့လား။ ပြန်သုံးသပ်ကြပါအုန်း။ ကျွန်တော်က စစ်အာဏာရှင်စနစ်ကို မုန်းပေမဲ့ စစ်သားတဦးချင်း နေရာက ကိုယ်ချင်းစာကြည့်တာပါ။ ဒေသခံ တိုင်းရင်းသား ပြည်သူတွေလဲ သနားဘို့ ကောင်းပါတယ်။ အခု ပြည်တွင်းစစ်ကို FB က လက်ခုတ်လက်ဝါး တီးပေးနေတဲ့ သူတွေက စစ်ပွဲနဲ့ အဝေးကြီးနေကြသူတွေပါ။ သမ္မတရဲ့ ညွှန်ကြားချက်ကို မလိုက်နာလို့ ကချင်ပြည်နယ်မှာ စစ်ပွဲဆက်ရှိနေတယ်ဆိုတဲ့ အဆိုကလည်း တဘက်သတ် စွပ်စွဲမှုအပေါ် မျက်ကန်းယုံ ယုံတဲ့သဘော ဖြစ်နေပါတယ်။
သမ္မတက တပ်တွေကို လုံးဝဆုတ်ခွာခိုင်းတာ မဟုတ်ပါဘူး။ အညံ့ခံခိုင်းတာမဟုတ်ပါဘူ။ ထိုးစစ်ကိုပဲ ရပ်ထားဘို့ ညွှန်ကြားတာပါ။ ထိုးစစ်ကို ရပ်တန့်ထားပေမဲ့ လမ်းကြောတွေတလျှောက် ထိတွေတိုက်ပွဲများ ဆက်ရှိနေနိုင်ပါတယ်။
လက်ခုတ်ဆိုတာ ၂ဖက်တီးမှ မည်နိုင်သလို စစ်ပွဲတွေရပ်စဲဖို့ KIA ဘက်ကလည်း ဆန္ဒရှိဘို့ လိုပါတယ်။ တွှေ့ဆုံညှိုနှိုင်းတဲ့ သတင်းတွေမှာတော့ KIA က အပစ်အခတ်ရပ်စဲဘို့ (တိုက်ပွဲများရပ်ထားဘို့) သဘောထား မတွေ့ရပါဘူး။
သမ္မတဆိုတာတော့ မဟာဗျူဟာမြှောက် ညွှန်ကြားချက်ပဲ ထုတ်တာပါ။
ေ၇ှ့တန်းမှာတော့ စစ်သားတွေက ကိုယ့်ကို ပစ်မဲ့အခြေအနေရှိရင် (ကိုယ်ကဦးအောင်မပစ်ရင် ကိုယ်သေမဲ့အရေးမှာ) ဦးအောင်ပစ်ကြမယ်ထင်ပါတယ်။ ကိုယ့်ကို လုံခြုံရေးယူခိုင်းတဲ့ နယ်ထဲဝင်လာရင် လည်း တိုက်ပွဲတွေ ရှိနိုင်ပါတယ်။ ဒီတော့ ငြိမ်ချမ်ရေး ဆွေးနွေးတဲ့ အခါ အပြစ်အခတ် ရပ်စဲတာ ပထမ စလုပ်မယ် ဆိုတဲ့ အဆိုကို ထောက်ခံပါတယ်။
 
By :
U Aung Hlaing U

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...