Ads (728x90)

၂၁.၉.၂၀၁၂ (သောကြာနေ့ ) ယနေ့ မနက် ၈ နာရီ ၃၀ မိနစ်တွင် Junction Mawtin တွင်စုရပ်ပြု၍ ၉ နာရီ ခန့် တွင် စံပြ ရုပ်ရှင်ရုံရှေ့၊ ထို့ နောက် ၁၀ နာရီ ကျော်တွင် အလုံ Lucky seven လက်ဘက်ရည်ဆိုင် ၊ ၁၁ နာရီခန့် တွင် မြေနီကုန်း Dagon Center ၊ ၁၂ နာရီ ခန့် တွင် လှည်းတန်း ဦးထွန်းလင်းခြံလမ်း နှင့် ရွှေလက်ဘက်ရည်ဆိုင် ၊ နေ့ လည် ၁ နာရီ ၃၀ မိနစ်ခန့် တွင် ၉ မိုင် Ocean ၊ ထို့ နောက် ၈ မိုင် ကားမှတ်တိုင် အနီး တို့ တွင် ငြိမ်းချမ်းရေး သီချင်းများ ဖျော်ဖြေ ၍ ကချင်ဒေသ စစ်ဘေးသင့်ပြည်သူများအတွက် အလှူခံခဲ့ကြပြီး ညနေ ၃ နာရီ ၃၀ ခန့် တွင် ကန်ဘောင် တံတားဖြူစုရပ်သို့ သွားရောက်ခဲ့ကြပြီးနောက် အခမ်းအနားအစီအစဉ်များအတိုင်း ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ညနေ ၅ နာရီကျော်တွင် International Day of Peace တွင် ကွန်ရက် မှပြုလုပ်သော လှုပ်ရှားမှုကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ကြပါသည်။
ယနေ့ ဖျော်ဖြေ အလှူခံရာမှ အလှူငွေ စုစုပေါင်း ၄၂၃၅၀၀ ကျပ်တိတိရရှိခဲ့ပြီး တော်ဝင်စင်တာတွင် ကျင်းပခဲ့သော ပွဲမှ ရရှိခဲ့သည့် အလှူငွေ ၅၅ သိန်း အပါအ၀င် စုစုပေါင်း သိန်း ၆၀ ခန့် ကို ကချင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများသို့ ယနေ့ ညတွင် ကွန်ရက် ကိုယ်စားလှယ်များမှ သွားရောက်လှူဒါန်းမည်ဖြစ်ပါသည်။
အလှူရှင်အပေါင်း သာဓုခေါ်နိုင်ကြပါစေ........
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...