Ads (728x90)

အောင်ခမ်း ~
ခပ်မိုက်မိုက် စီးချင်တဲ့သူတွေ ဝယ်ကြပါတယ်။ အမေရိကန်တို့လို နိုင်ငံမှာတောင် ရော့ခ် -Celebrity များ အစီးများတဲ့ကား ဖြစ်ပါတယ်။
မင်းသား အာနိုး အတော်ကြိုက်တဲ့ ကားလည်း ဖြစ်ပါတယ်။ လေးဘီးမောင်း SUV ကားကြီး ဖြစ်ပါတယ်။

၂၀၀၂ ကနေ ၂၀၀၉ ကြားထုတ်တဲ့ Hummer H2 ကိုအသွင်းများပြီး ၂၀၁၂၊ ၂၀၁၀ မော်ဒယ်အခြား Hummer မော်ဒယ်များလည်း ဝယ်နေကြပါတယ်။
၂၀၀၇ ဆိုရင် သမားရိုးကျနည်းလမ်းတိုင်းဖြစ်တဲ့အတွက် ကားဟောင်း စလစ် ရှိတဲ့သူတွေ သိန်း ၈၀၀ လောက် ရင်းလိုက်ရင် ခပ်ကောင်းကောင်း ဟမ်းမား တစ်စီး ရပါတယ်။
ဒီလိုမဟုတ်ဘဲ မော်ဒယ် ၂၀၀၇ အထက်တွေမှ စီးမယ်ဆိုရင် သိန်း တထောင် အထက် ရောက်သွား နိုင်ပါတယ်။
 ဒီတော့ မြန်မာပြည်အသွင်းများတဲ့ H2 မော်ဒယ်ကိုပဲ လူကြိုက်များတယ်လို့ပဲ ဆိုရပါမယ်။


အရှည်- ၂၀၃.၅ လက်မ၊ အကျယ် ၈၁.၃ လက်မ၊ အမြင့် ၈၁.၉ လက်မဆိုတော့ တော်တော်ကို ကြီးတဲ့ အရွယ် အစား ဖြစ်ပါတယ်။
ကားရဲ့ အလေးချိန်ကလည်း ပေါင် ၆၄၀၀ အနည်းဆုံးပဲ ဖြစ်ပါတယ်။
အသုံးပြုတဲ့ အင်ဂျင်နှစ်မျိုးကွဲ တဲ့အတွက် ပေါင် ၂၀၀ကျော်ထပ်တိုး လာမှုက ၂၀၀၈ မော် ဒယ်အထက်မှာပဲ ဖြစ်ပါတယ်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg80-J699xiqg8aedgy2VgVJT9Yfkh6QjM8OEl6CLXxyG-3Sk2c6EeNPqd1-WCnUwvBUuvDOeYrvrntgHUJY5nGsSL58f61UWLVUHqzZsFxKFlMPhvefUtPag6GXPBTPQjl1OFD8kLiPqc/s1600/Hammer+H2.jpg 
၆၀၀၀ စီစီ အင်ဂျင် V-၈လုံး ပစ်စတင်ကို အသုံးပြုပါတယ်။ ၂၀၀၈ အထက်မှာတော့ ၆၂၀၀ စီစီကိုအသုံးပြုပါ တယ်။
 မြင်းကောင်ရေအားထုတ်လုပ်နိုင်မှုကလည်း ၃၂၅ နဲ့ ၃၉၃ ဆိုပြီး ကွာသွားပါတယ်။
ဂီယာ ၄ချက် အော်တို အမျိုးအစားကို ၂၀၀၇ အထိသုံးပြီး ၂၀၀၈ အထက် ဆိုရင်တော့ ၆ချက်အော်တိုကို မြင်ရမှာ ဖြစ်ပါတယ်။

လေးဘီးမောင်းကားဖြစ်တဲ့အတွက် ဆီစားကတော့ မနည်းပါ ဘူး။
အမေရိကန်မှာ စမ်းသပ်ချက်အရဆိုရင် မြို့ တွင်း တစ်ဂါလံ ၁၃မိုင်၊ ဟိုင်းဝေး ၂၁.၈မိုင် ဖြစ်ပါတယ်။
တစ်နေရာ နဲ့တစ်နေရာ စမ်းသပ်ချက်က မတူပါဘူး။ အချို့ ကတော့ ၁၆/၁၉ ရှိတယ်လို့ ဆိုပါတယ်။
ဒီတော့ ဟမ်းမားကို ဆီဖိုး မစိုးရိမ်ရတဲ့သူများ ဝယ်စီး ကြပါတယ်။
တံခါးလေးပေါက် SUV နဲ့ နောက်ဖုံးပါ Crew cab truck နှစ်မျိုးထုတ်ပါတယ်။ ဆီတိုင်ကီမှာ ၃၂ ဂါလံဆံ့ပါ တယ်။

ကားကြီးဖြစ်တဲ့အတွက် အမြန်ဆုံးမောင်းနှင်နိုင်စွမ်း - top speed ကို အရမ်းမြင့်မထားပါဘူး။ တစ်နာရီ မိုင် ၁၁၀ အောက်မှာပဲ ရှိပါတယ်။ အလွိင်းစပယ်ယာ ဘီးလည်း ပါရှိပါတယ်။
ကားဘော်ဒီတစ်ခုလုံးကို စတီးပလိတ် အထူစား နဲ့ လုပ်ထားပြီး တော်တော်မာတဲ့ အသားဖြစ်ပါတယ်။

 
စပီကာ ၆လုံး၊ အဲယားကွန်း၊ ပါဝါဝင်းဒိုး၊ ပါဝါဘက်မှန်၊ CD Player, ရေဒီယို၊ Sub- Woofer တစ်လုံး၊ စမတ်ကီး အပြင် အခြား အီလက်ထရောနစ် အပိုပစ္စည်းပေါင်းစပ် မှုတွေပါဝင်ပါသေးတယ်။
ဥပမာ- ကားစတီယာရင် ကနေ အော်ဒီယို စနစ်ကို ထိန်းချုပ်ဖို့အတွက် ခလုပ်တွေပါရှိ တာမျိုး ဖြစ်ပါတယ်။
တောကြမ်းမောင်းနှင်တဲ့အခါ ကားရဲ့ ဘေး၊ဘယ်ညာ ယိမ်းမှုကို အနည်းနိုင်ဆုံးဖြစ်အောင် ထိန်းပေး မယ့် စနစ်များလည်း ပါရှိပါတယ်။

ဂျပန်ယန်း ၂၁သိန်း မကျော်တဲ့ Hummer H2 ကားကြီး SUV များကို အောက်ပါ လေလံဝဘ်ဆိုဒ်မှာ အလွယ် တကူ မြင်တွေ့ နိုင်ပါတယ်။

http://www.colayonline.com.mm/automobile/portal.html#auction

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...