စင်ကာပူ ကာတွန်းဆရာ Heng ရဲ့ လက်ရာတွေကို နိုင်ငံတကာမီဒီယာများမှာ တွေ့ကြရမှာပါ။
ကာတွန်းနဲ့ပတ်သက်တဲ့ သူ့ရဲ့အမြင်က -
ကာတွန်းတွေဟာ အဆိုးမြင်ဝါဒ ပါစရာ မလိုဘူး။ ကာတွန်းဆိုတာ ဓားတချောင်းလိုပဲ၊ ဒီဓားကို ခင်ဗျား ဘယ်လိုနေရာမှာ သုံးသလဲ ဆိုတဲ့အပေါ် မူတည်ပါလိမ့်မယ်၊ ကျနော့်မှာ ဘယ်သူ့ကိုမှ စော်ကားဖို့ရည်ရွယ်ချက် မရှိပါဘူး။
ငယ်တုန်းကတော့ သူက အိမ်ရှေ့ ကြမ်းပြင်မှာ ပုံတွေ ဆွဲတယ်။ အိမ်နီးချင်းတွေက သူ့ပုံကို တက်မနင်းဘဲ ကွင်းပြီး သွားကြတော့ သူ အံ့သြရတယ် တဲ့။ ဒီလိုနဲ့ အင်္ဂတေကြမ်းပြင်က သူ လက်သွေးတဲ့နေရာ ဖြစ်လာတယ်။ ကာတွန်းဆွဲဖို့ စနစ်တကျ သင်ယူခဲ့ခြင်းမရှိဘူးလို့
ဆိုတယ်။
အထက်တန်းပြီးချိန် အနုပညာကျောင်းတက်လိုပေမယ့် မိဘများကို အလိုလိုက်တဲ့အနေနဲ့ Ngee Ann Polytechnic မှာ စီးပွားရေးဘာသာရပ်သင်ကျောင်းသား ဖြစ်လာတယ်လို့ ဆိုတယ်။
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။